Wednesday, September 9, 2026

ထိုင်းတွင် မြေအောက်ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟုသံသယရှိ

စက်တင်ဘာ ၉ ရက် ဘန်ကောက်၊ ကလောင်တွဲ ခရိုင်ရှိ မြေအောက် ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟု သံသယရှိခြင်းကြောင့် ရေနံလီတာ ထောင်ပေါင်းများစွာသည် မြောင်းများအတွင်းသို့ ယိုစိမ့်ဝင်ရောက်ခဲ့သည်ဟု...

အောက်တိုဘာ ၇ ရက်၌တိုက်ခိုက်မည်ဟု UAE...

စက်တင်ဘာ ၉ ရက်၊ ဂျေရုဆလင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့၏ တို-က်ခိုက်မှု မဖြစ်ပွားမီ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)...

EU သည် ရာသီဥတုပြောင်းလဲမှု တို-က်ဖျ-က်ရေးဆီသို့...

စက်တင်ဘာ ၉ ရက် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို သိသိသာသာ လျှော့ချခဲ့သည်ဟု ဝေဖန်ခံနေရချိန်တွင် ကမ္ဘာကြီးပူနွေးလာမှုကို တို-က်ဖျ-က်ရေး လုပ်ငန်းစဉ်သည် ယခုလအတွင်း...

(၉) ကြိမ်မြောက် ဘင်္ဂလူရူး အာကာသနည်းပညာပြပွဲကြီး...

အိန္ဒိယနိုင်ငံ၊ ကာနာတာက ပြည်နယ်၊ ဘင်္ဂလူရူးမြို့ရှိ Bengaluru International Exhibition Centre (BIEC) ၌ (၉) ကြိမ်မြောက် Bengaluru...
HomeNewsLocal Newsဗီယက်နမ်-မြန်မာ ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု...

ဗီယက်နမ်-မြန်မာ ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံကုမ္ပဏီများ MoU လက်မှတ်ရေးထိုး

ဟနွိုင်း၊ စက်တင်ဘာ ၆

ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအတွက် ဆန်စပါး၊ မျိုးစေ့၊ ဆန်စက်ပစ္စည်း၊ သိုလှောင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများကို စက်တင်ဘာ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Melia Hotel ၌ ကျင်းပသည့် Myanmar-Vietnam Business Forum 2026 တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဖိုရမ်အတွင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က လယ်ယာ၊ သားငါးကဏ္ဍတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အဆိုပြုလုပ်ငန်းများနှင့် ပတ်သက်၍ စာတမ်းတင်ပြဆွေးနွေးခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ပြခန်းတွင် မြန်မာ့ပေါ်ဆန်းဆန်နှင့် တန်းမြင့်ဆန်များအပြင် ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဖွဲနုဆီထုတ်လုပ်ရေးလုပ်ငန်း၊ ဆန်စက်ပစ္စည်းများ၊ Silo System များ ထုတ်လုပ်တပ်ဆင်အသုံးပြုရေးနှင့် ဆန်စပါးမျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းများကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါပြခန်းသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ကုန်သည်စက်မှုလက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ လာရောက်ကြည့်ရှုခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၏ လမ်းညွှန်အကြံပြုချက်များကို အခြေခံ၍ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား B to B ဆန်စပါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ကို လုပ်ငန်းနယ်ပယ် ၉ ရပ် သတ်မှတ်ကာ အရှိန်အဟုန်ဖြင့် အထူးဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

အဆိုပါလုပ်ငန်းစဉ်များတွင် ဆန်စပါးမျိုးစေ့ထုတ်လုပ်ရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာ၊ ဆန်စက်နှင့် အခြောက်ခံစက်များ၊ ဆန်သိုလှောင်ရေးစနစ်များ၊ စိုက်ပျိုးရေးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်ရေးတို့အပါအဝင် နှစ်နိုင်ငံ၏ အားသာချက်များကို ချိတ်ဆက်အသုံးချနိုင်မည့် လုပ်ငန်းများ ပါဝင်လာမည်ဖြစ်သည်။

ဗီယက်နမ်ဘက်ကလည်း မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ အစားအသောက်ထုတ်လုပ်ရေးနှင့် အခြားတန်ဖိုးမြှင့်လုပ်ငန်းများတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိကြောင်း ဖိုရမ်အတွင်း ထုတ်ဖော်ပြောကြားထားသည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များသည် အသင်းချုပ်နှင့် MoU ရေးထိုးထားသည့် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းမျိုးစေ့ထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် Vina Seed နှင့် Loc Troi Group တို့အပြင် ဆန်စက်ပစ္စည်းနှင့် အခြောက်ခံစက်များ ထုတ်လုပ်သည့် Lamico Group တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆန်စပါးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် Myanmar Rice Federation နှင့် Vietnam Rural Agricultural Development Science Institute တို့အကြား ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမြေဆီလွှာနှင့် ဂေဟစနစ် ထိန်းသိမ်းရေး၊ ဇီဝနှင့် သဘာဝမြေဩဇာများ ထုတ်လုပ်သုံးစွဲမှု မြှင့်တင်ရေးဆိုင်ရာ MoU တစ်ရပ်ကိုလည်း ဖိုရမ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ MoU ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကိုယ်စား တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က တက်ရောက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း (MPPA) နှင့် ဗီယက်နမ်နိုင်ငံ Phong VU Trading Services Import Export Co., Ltd. တို့အကြား ဓာတ်မြေဩဇာလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း MPPA ဥက္ကဋ္ဌ ဦးခင်မြင့်က တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ အစားအသောက်ထုတ်လုပ်ရေးနှင့် တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးရေးသည် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာကောင်းများရှိသည့် ကဏ္ဍများအဖြစ် ဖိုရမ်တွင် အလေးထားဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ၏ အားသာချက်များကို ချိတ်ဆက်ကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့လုပ်ငန်းစီမံချက်များအဖြစ် ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

Photo:MRF

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းတွင် မြေအောက်ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟုသံသယရှိ

စက်တင်ဘာ ၉ ရက် ဘန်ကောက်၊ ကလောင်တွဲ ခရိုင်ရှိ မြေအောက် ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟု သံသယရှိခြင်းကြောင့် ရေနံလီတာ ထောင်ပေါင်းများစွာသည် မြောင်းများအတွင်းသို့ ယိုစိမ့်ဝင်ရောက်ခဲ့သည်ဟု ယူဆရသဖြင့် မီးဘေးအန္တရာယ် သတိပေးချက်များကို ထုတ်ပြန်ထားရသည်။ ဘန်ကောက်မြို့တော်ဝန် ချက်ချာတ် စစ်တီဖန့် က ဗုဒ္ဓဟူးနေ့နံနက်တွင် အဆိုပါ သံသယကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယိုစိမ့်မှုသည် ရာမ ၃ လမ်း တံတားအောက်ရှိ ချူအာဖလင်းလမ်း ပလက်ဖောင်း မြောင်းများအတွင်းသို့ စိမ့်ဝင်မှုဖြစ်ပွားဖွယ်ရှိကြောင်း အသေးစိတ် ပြောကြားခဲ့သည်။ “အချင်း ၁၄ လက်မခန့်ရှိတဲ့ မြေအောက် ရေနံပိုက်လိုင်းမှာ...

အောက်တိုဘာ ၇ ရက်၌တိုက်ခိုက်မည်ဟု UAE ကနေတန်ယာဟုကို သတိပေးခဲ့

စက်တင်ဘာ ၉ ရက်၊ ဂျေရုဆလင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့၏ တို-က်ခိုက်မှု မဖြစ်ပွားမီ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က သတိပေးခဲ့ကြောင်း အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အစ္စရေး အတို-က်အခံ ခေါင်းဆောင်များက ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ရန် သင့်တော်မှု မရှိတော့ကြောင်း မနေ့က ပြောကြားလိုက်သည်။ Haaretz သတင်းစာသည် ၎င်းတို့၏ သတင်းထောက်များ ရေးသားထားပြီး မကြာမီ ထွက်ရှိတော့မည့် စာအုပ်မှ ကောက်နုတ်ဖော်ပြချက်တစ်ခုတွင် UAE...

EU သည် ရာသီဥတုပြောင်းလဲမှု တို-က်ဖျ-က်ရေးဆီသို့ ပြန်လည်ဦးလှည့်လာမည်လား

စက်တင်ဘာ ၉ ရက် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို သိသိသာသာ လျှော့ချခဲ့သည်ဟု ဝေဖန်ခံနေရချိန်တွင် ကမ္ဘာကြီးပူနွေးလာမှုကို တို-က်ဖျ-က်ရေး လုပ်ငန်းစဉ်သည် ယခုလအတွင်း ပြုလုပ်မည့် EU အကြီးအကဲ အာဇူလာဖွန်ဒဲလိုင်ယန်၏ အဓိက မူဝါဒဆိုင်ရာ မိန့်ခွန်းတွင် အဓိက ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ဥရောပသည် ပူပြင်းလှသော နွေရာသီမှ မကြာသေးမီကမှ ရုန်းထွက်နိုင်ခဲ့ခြင်းဖြစ်ရာ လာမည့် ၁၂ လအတွက် နိုင်ငံရေး ဦးစားပေးများကို သတ်မှတ်ပေးမည့် “ဥရောပသမဂ္ဂ၏ အခြေအနေ မိန့်ခွန်း” တွင် ရာသီဥတုဆိုင်ရာ ကိစ္စရပ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071