Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsဗီဒီယိုထုတ်လုပ်ရေးနဲ့ စားသောက်ဆိုင်ဖွင့်လှစ်မယ့်ဇေရဲထက်

ဗီဒီယိုထုတ်လုပ်ရေးနဲ့ စားသောက်ဆိုင်ဖွင့်လှစ်မယ့်ဇေရဲထက်

သရုပ်ဆောင် ဇေရဲထက်က ZYH Film & Video Production ကို တည်ထောင်လိုက်ပါပြီ။ ဒီထုတ် လုပ်ရေးကနေ ဗီဒီယိုဇာတ်ကားများကို အဓိကဦးစားပေး ထုတ်လုပ်သွားမှာ ဖြစ်ပြီး ဗီဒီယိုဇာတ်ကားများသာ ရိုက်ကူး ရတဲ့ အကြောင်းရင်းကို ဇေရဲထက်က ….

“ဗီဒီယို ဇာတ်ကားလေးတွေ ကွာလတီကောင်းကောင်းနဲ့ ထွက်ပေါ် ရေးရယ်၊ မျိုးဆက်သစ်လူငယ် အနု ပညာရှင်တွေ ပေါ်ထွန်းဖို့ရယ်။ နောက်တစ်ခုက ဇေရဲထက်ကို ချစ် သည်ပဲဖြစ်ဖြစ် မျိုးဆက်သစ်လူငယ် အနုပညာရှင်လေးတွေကို ချစ်သည်ပဲ ဖြစ်ဖြစ် အားပေးတဲ့အခါကျရင် ထွက် ငွေတွေ အများကြီးမရှိဘဲနဲ့ ငွေ၂ဝဝ ကျပ်လေးနဲ့ ကြည့်ရှုခံစားရပြီး သူတို့ ထွက်ငွေတွေကို ငွေစုဆောင်းလို့ရ အောင်၊ ပြီးတော့ ပရိသတ်တွေလက်ထဲ ကို အမြန်ရောက်အောင်လို့ပါ” လို့ ပြောပြပါတယ်။

အခုလက်ရှိမှာ ထုတ်လုပ်ရိုက်ကူးထားတဲ့ ဗီဒီယိုဇာတ်ကား တွေကတော့’ စေညွှန်ရာကကြိုးရုပ်’၊ Rape’ ၊ ‘မြင့်မိုရ်ထက်မြင့်သောမာတာ’ စတဲ့ ဇာတ်ကားများကို သရုပ်ဆောင် ထွန်းအိâန္ဒာဗိုလ်၊ ထက်ထက်မိုးဦး၊ ရတနာဗိုတို့နဲ့အတူ အခြားသောအနုပညာရှင်များစွာတို့နဲ့ ရိုက်ကူးထားပါတယ်။ ဇေရဲထက်က ဒီနှစ်ထဲမှာ ထုတ်လုပ်ရေး တည်ထောင်လိုက်သလို တခြား စီးပွားရေးအနေနဲ့လည်း သြဂုတ်လထဲမှာ စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်သွား ဦးမှာဖြစ်ပါတယ်။

“ဒါကိုတော့ ညီလေးပဲ လုပ်မှာပါ။ ကျွန်တော်ကတော့ ကူတာပေါ့။ ဒီဆိုင်မှာက ယိုးဒယားနဲ့ မြန်မာ ထမင်း၊ ဟင်းကောင်းကောင်းလေးတွေကို စားချင်တဲ့သူတွေအတွက်၊ နောက်တစ်ခုက လူတန်းစားမရွေး စားလို့ရနိုင်မယ့် ဈေးနှုန်းတွေနဲ့ ရောင်းသွားမယ်။ ဆိုင်ကတော့ နောက်မှ ဖွင့်မယ်။အခု လောလောဆယ်တော့ ထိုင်းက စားဖိုမှူးတစ်ယောက်ရယ်၊ နယ်က ထမင်းချက် တော်တဲ့ အဒေါ်တစ်ယောက်တို့ကို ခေါ်ထားပြီးသားဆိုတော့ အော်ဒါတွေ လက်ခံနေပါတယ်။ ဒီအစားအစာတွေကို ကျွန်တော်ကတော့ တအားကြိုက် တယ် ။ အားလုံးလည်း ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပြပါ တယ်။ ဆိုင်နာမည်လေးကိုတော့ သူ ကျောက်ဆည်မှာ ထမင်းဆိုင် ဖွင့်ခဲ့စဉ်က ပေးထားတဲ့ ‘နန်းဘုံရှင်’ ဆိုတဲ့နာမည်လေးကိုပဲ ပေးသွားမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071