Home News Local News ဗဟိုဘဏ်က ဒေါ်လာ ၅.၅ သန်းကျော် ရောင်းချပေး

ဗဟိုဘဏ်က ဒေါ်လာ ၅.၅ သန်းကျော် ရောင်းချပေး

0
88

မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၅.၅ သန်းကျော် ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းတွင် အမေရိကန်ဒေါ်လာ ၃,၀၃၃,၀၀၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၂,၅၀၀,၀၀၀ ကို LNG တင်သွင်းသည့် ကုမ္ပဏီသို့ ရောင်းချပေးခဲ့ပြီး CMP ကုမ္ပဏီများထံသို့ အမေရိကန်ဒေါ်လာ ၃၄,၄၇၄ နှင့် Non Trade Transaction များအတွက် အမေရိကန်ဒေါ်လာ ၄,၉၃၀ ကိုလည်း ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအနေဖြင့် စက်သုံးဆီကဏ္ဍမှ ၄၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ခဲ့ပြီး စားသုံးဆီကဏ္ဍမှ ၂၁ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့သည်။

ထို့အပြင် အခြားကဏ္ဍများအနေဖြင့် ကားနှင့် ဆိုင်ကယ်အပိုပစ္စည်း ၁ ရာခိုင်နှုန်း၊ ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း ၃ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်း ၂ ရာခိုင်နှုန်း၊ ထုတ်ပိုးမှုပစ္စည်း ၂ ရာခိုင်နှုန်း၊ မုယော ၁ ရာခိုင်နှုန်း၊ စားသုံးကုန်စည် ၃ ရာခိုင်နှုန်း၊ စက္ကူ ၁ ရာခိုင်နှုန်းနှင့် ဂျုံ ၄ ရာခိုင်နှုန်း အသီးသီး ဝယ်ယူရရှိခဲ့ကြောင်း သိရသည်။

အခြားကုန်ပစ္စည်းများနှင့် Non Trade Transaction များမှလည်း စုစုပေါင်း ၁၆ ရာခိုင်နှုန်း ဝယ်ယူရရှိခဲ့ကြောင်း FX Trading စာရင်းများအရ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here