Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeNewsLocal Newsဗန်းမော်မြို့ စစ်ရှောင်နေအိမ်များ အုပ်စုဖွဲ့...

ဗန်းမော်မြို့ စစ်ရှောင်နေအိမ်များ အုပ်စုဖွဲ့ ဖောက်ထွင်းခိုးယူမှုများ ရှိနေ

တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ရှိ ဒေသခံ စစ်ရှောင်နေအိမ်များအတွင်း အုပ်စုဖွဲ့ ဖောက်ထွင်းခိုးယူနေမှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ ဖောက်ထွင်းခိုးယူမှုများမှာ ရိုးကြီးရပ်ကွက်နှင့် ဟန်တဲရပ်ကွက်တို့တွင် အများဆုံးဖြစ်ပွားနေပြီး၊ အခြားရပ်ကွက်များရှိ အိမ်စောင့်မကျန်ရှိသည့် နေအိမ်များတွင်လည်း ဖောက်ထွင်းခိုးယူခံနေကြရကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတစ်ဦးထံက သိရသည်။

ထိုသို့ ခိုးယူရာတွင် နေအိမ်ပြန်လာကြည့်ရှု့သည့် အိမ်ရှင်များကိုပင်နှင့် နောက်ပြန်မလာရန်နှင့် ပြန်လာလျှင် သ-တ်ပစ်မည်ဟု ခြိမ်းခြောက်မှုများလည်းရှိနေသည်ဟုဆိုသည်။

“အခုက ရပ်ကွက်အလိုက် အနည်းနဲ့အများဘဲ။ ရိုးကြီးနဲ့ ဟန်တဲက အဆိုးဆုံးဖြစ်နေတာ။ ပစ်ခတ်သံတွေရှိနေရင် ငြိမ်နေတယ်။ ပစ်ခတ်သံမရှိတဲ့ ညတွေဆို အုပ်စုဖွဲ့ ထွက်ခိုးကြတာ။ ကိုယ့်အိမ်ကိုယ် အခြေအနေပြန်ကြည့်တဲ့ သူတောင်နောက် ပြန်မလာနဲ့ ပြန်လာရင်သ-တ်ပစ်မယ်လို့တောင်ခြိမ်းခြောက်ခံရသူတွေရှိတယ်”ဟု ဆိုသည်။

လက်ရှိ လူနေအိမ်များတင်မက ဗန်းမော်မြို့ သိမ်မဟာစေတီတော် စိန်ဖူးတော်နှင့် ရတနာရွှေကြုပ်မှာလည်း ပျောက်ဆုံးနေ‌ကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူတစ်ဦး၏ အသိပေးပြောကြားချက်အရ သိရသည်။

စိန်ဖူးတော်နှင့် ရတနာရွှေကြုပ်ပျောက်ဆုံးနေ‌မှုအပေါ် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ခရီးစဉ်အတွင်း လိုက်ပါလာသည့် ဉူးဇင်း တစ်ပါး၏ မိန့်ကြားချက်ကြောင့် သိရှိရခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းအချိန်ခန့်၌ သိမ်ကျောင်းအတွင်းသို့ ဉူးဇင်းတစ်ပါးဝင်ရောက်ကြည့်ရှု့ရာတွင် သိမ်မဟာစေ တီတော်ကြီး၏ ထီးတော်အပေါ်ရှိ ရ တနာရွှေကြုပ်နှင့် ဘုရားစိန်ဖူးတော် မရှိတော့ သည်ကို သိရှိခဲ့ကြရခြင်း ဖြစ်သည်ဟု အသိပေး ပြောကြားထားသည်။

ပျောက်ဆုံးနေမှုအပေါ် ဘူးတောင်းရွာတွင် ခေတ္တ စစ်ရှောင် သီတင်းသုံးနေသည့် သိမ်တော်ကြီးကျောင်းထိုင် ဆရာတော်ကြီးအား လျှောက်ထားပြီးဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေသည့် ဗန်းမော်မြို့တွင် မြို့ပေါ် ရပ်ကွက် (၁၄) ရပ်ကွက်ရှိပြီး၊ ဗန်းမော်မြို့နယ်အတွင်း မြို့နယ်ပေါင်း(၄၅)မြို့နယ်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့ တိုက်ပွဲကြောင့် မန္တလေးမြို့အပါအဝင် ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်းရှိ ဒေါ့ဖုန်ယန်၊ မိုးမောက်၊ မံစီ မြို့န ယ်များသို့တိမ်းရှောင်နေသူများရှိသလို ဧရာဝတီမြစ် တစ်ဖ က်ကမ်းရှိ မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊ မာန်တဲ၊ မုန်းခေါင်၊ လိုင်ကာ၊ မုန်းဒိန်ပါ စသည့်ကျေး ရွာများသို့ တိမ်းရှောင်နေကြ
သူများလည်း ရှိကြောင်း စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများထံက သိရသည်။

ဓာတ်ပုံ-CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071