Tuesday, July 14, 2026

အလုံမြို့နယ် ဆင်မင်းစျေးကားမှတ်တိုင်တွင် YBS 144...

ရန်ကုန်​၊ ဇူလိုင် ၁၄ ရက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ ဆင်မင်းစျေးကားမှတ်တိုင်တွင် ယနေ့ ဇူလိုင် ၁၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦး...

ထိုင်းဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်

ပေကျင်း၊ ဇူလိုင် ၁၃ ရက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်...

ဘိန်းဖြူအမှုစစ်ဆေးမှုကြောင့် လေဆိပ်စစ်ဆေးမှုများ တင်းကျပ်

ဇူလှိုင် ၁၄ ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း မှ လေယာဉ်မယ် မီးနား ကွန်ဒိုနှင့် ဆက်နွှယ်နေသော နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုကိုအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး...

အိန္ဒိယရေတပ်က ပြည်တွင်းဖြစ်စစ်ရေယာဉ်အသစ်ကို လက်ခံရယူ

နူးဒေလီ၊ ဇူလိုင် ၁၁ ရက် အိန္ဒိယနိုင်ငံတွင် ကိုယ်တိုင်တည်ဆောက်ထားသည့် အဆင့်မြင့် ကိုယ်ပျောက်ဖရီးဂိတ်စစ်ရေယာဉ် “INS Mahendragiri” ကို စနေနေ့က အိန္ဒိယရေတပ်၏ အရှေ့ပိုင်းတပ်မဟာထဲသို့...
HomeMoviesဖိလစ်ပိုင်က စားနပ်ရိက္ခာပိုမိုဖူလုံရန် AI...

ဖိလစ်ပိုင်က စားနပ်ရိက္ခာပိုမိုဖူလုံရန် AI နှင့် ဂြိုဟ်တုနည်းပညာများကို သုံးမည်

မနီလာ၊ ဇူလိုင် ၁၃ ရက်

ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ တို့သည် စိုက်ပျိုးရေးဆိုင်ရာ ဒေတာကောက်ယူမှုများကို တိုးတက်‌ကောင်းမွန်‌စေရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ပိုမိုဖူလုံရေးအတွက် ဉာဏ်ရည်တု (AI) နှင့် ဂြိုဟ်တုနည်းပညာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများ၏ တနင်္လာနေ့ ဖော်ပြချက်အရ သိရသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ အေဂျင်စီနှစ်ခုအကြား ပိုမိုကောင်းမွန်သော ဒေတာမျှဝေခြင်းလုပ်ငန်းသည် မူဝါဒချမှတ်သူများအနေဖြင့် ရိက္ခာထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးမှုကဏ္ဍများတွင် ပိုမိုမှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် ကူညီပေးမည့်အပြင် အစိုးရ၏ အရင်းအမြစ်များကို အမှန်တကယ် လိုအပ်ချက်ရှိနေသည့် ဒေသများသို့ တိုက်ရိုက်ထိရောက်စွာ ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။

ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့သည် သီးနှံထုတ်လုပ်မှုပမာဏကို ခန့်မှန်းတွက်ချက်ရန်အတွက် ဂြိုဟ်တုဓာတ်ပုံများနှင့် AI နည်းပညာကို စမ်းသပ်အသုံးပြုနေပြီဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း ဒေတာများ၏ တိကျမှန်ကန်မှုကို မြှင့်တင်နိုင်ရန် ကွင်းဆင်းစစ်ဆေးအတည်ပြုခြင်းလုပ်ငန်းများမှတစ်ဆင့် ယခုအစီအစဉ်ကို ပံ့ပိုးကူညီပေးသွားရန် မျှော်လင့်ထားကြောင်း သိရသည်။

ပိုမိုကောင်းမွန်သော စိုက်ပျိုးရေးနှင့် လူဦးရေဆိုင်ရာ ဒေတာအချက်အလက်များသည် ထုတ်လုပ်မှုခန့်မှန်းချက်များကို မြှင့်တင်ပေးနိုင်ခြင်း၊ အနာဂတ်၏ စားနပ်ရိက္ခာလိုအပ်ချက်ကို တွက်ချက်ပေးနိုင်ခြင်းတို့အပြင် နိုင်ငံ၏ ရိက္ခာထောက်ပံ့မှုကို ထိခိုက်စေသည့် ပြဿနာရပ်များအပေါ် အစိုးရအနေဖြင့် ပိုမိုလျင်မြန်စွာ တုံ့ပြန်ဖြေရှင်းနိုင်ရန် အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုံမြို့နယ် ဆင်မင်းစျေးကားမှတ်တိုင်တွင် YBS 144 တိုက်မှုကြောင့် အဖွားအိုတစ်ဦး သေဆုံး

ရန်ကုန်​၊ ဇူလိုင် ၁၄ ရက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ ဆင်မင်းစျေးကားမှတ်တိုင်တွင် ယနေ့ ဇူလိုင် ၁၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း ကြီးလေးကြီးလူမှုကူညီရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ YBS 144 ယာဉ်မှ အဖွားအိုတစ်ဦးအား တိုက်မိခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်မှ ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် ကြီးလေးကြီး လူမှုကူညီရေးအသင်းမှ အရေးပေါ်ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။ ကူညီရေးအဖွဲ့ဝင်များက ဖြစ်စဉ်နေရာမှ အဖွားအိုအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံတွင် ဆရာဝန်များ၏ စမ်းသပ်စစ်ဆေးချက်အရ အသက်မရှိတော့ကြောင်း သိရသည်။ ထို့နောက် အဖွားအို၏ ကိုယ်ပိုင်ပစ္စည်းများ၊...

ထိုင်းဝန်ကြီးချုပ် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်

ပေကျင်း၊ ဇူလိုင် ၁၃ ရက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် သည် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ကြေညာခဲ့သည်။ Ref: ဆင်ဟွာ

ဘိန်းဖြူအမှုစစ်ဆေးမှုကြောင့် လေဆိပ်စစ်ဆေးမှုများ တင်းကျပ်

ဇူလှိုင် ၁၄ ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း မှ လေယာဉ်မယ် မီးနား ကွန်ဒိုနှင့် ဆက်နွှယ်နေသော နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ကွန်ရက်တစ်ခုကိုအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး လေကြောင်းလိုင်း ဝန်ထမ်းများအပေါ် လေဆိပ်၌ စစ်ဆေးမှုများကို တင်းကျပ်လိုက်သည်။ တရားရေးဝန်ကြီး ရဲဒုတိယဗိုလ်ချုပ်ကြီး ရုတ္တဖွန်း နဝရတ် က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) နှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုတို့သည် စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး၊ ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါဂိုဏ်းနှင့် ဆက်နွှယ်နေသည့် သံသယရှိသူ အများအပြားကို ထပ်မံဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ လေဆိပ်များအာဏာပိုင်အဖွဲ့ (AoT) သည် ပြည်ပသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071