ဌာနဆိုင်ရာများ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲခြင်း စိစစ်ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သင်တန်းပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဉက္ကဌ ဦးဌေးအောင်မှ ယခု သင်တန်းတွင် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချပြဆွေးနွေးခြင်းအားဖြင့် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များ များစွာတိုးတတ်လာမည်ဟု ယုံကြည်မျှော်လင့်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုဉက္ကဌ ဦးကျော်ကျော်စိုးမှလည်း လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့ဘဏ္ဍာငွေသုံးစွဲဆောင်ရွက်သည့် လုပ်ငန်းများတွင် စိစစ်ထိန်းကျောင်းခြင်းများပါဝင်သည့်အတွက် စည်းမျဉ်းစည်းကမ်း၊ မူဝါဒ မူဘောင်၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ရန် လေးစားစွာလေ့လာဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူးမှ တိုင်းအဆင့် စီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဉ်များကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိနားလည်စေရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ သင်တန်းကို သက်ဆိုင်ရာခေါင်းစဉ် ကဏ္ဍအလိုက် ပညာရှင်များမှ (၃) ရက်တာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း လုပ်ငန်းစဉ် ကြေညာချက်အရ သိရသည်။
