မြန်မာ့ထွက်ကုန် ပဲတီစိမ်းများသည် ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ်လည်း သွက်လက်လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ် လိုအား တိုးလာသဖြင့် ပဲတီစိမ်းဈေးနှုန်းများ မြင့်တက်လာကာ ကုန်စည်ဒိုင်များတွင် အရောင်းအဝယ် ပိုမိုကောင်းမွန်လာကြောင်း သိရသည်။
မန္တလေးဈေးကွက်အတွင်း ပဲတီစိမ်းအရည်အသွေးကောင်းများမှာ ယခင်ကထက် ဈေးနှုန်းပိုမိုရရှိနေပြီး နယ်စုံမှ ဝင်ရောက်လာသည့် ပဲများလည်း အဝယ်လိုက်လျက်ရှိကြောင်း ကုန်သည်တစ်ဦးက ပြောသည်။
“ပြည်ပအဝယ်ရှိနေတော့ ပဲတီစိမ်းက ဈေးကောင်းရနေတ ယ်။ အရောင်းအဝယ်လည်း သွက်တယ်။ အရည်အသွေးကောင်းတဲ့ပဲတွေဆို ပိုပြီး အဝယ်လိုက်တယ်” ဟု ၎င်းက ဆို သည်။
ယင်းအပြင် ပို့ကုန်ဈေးကွက် အခြေအနေကောင်းမွန်နေခြင်းကြောင့် လာမည့်ရက်ပိုင်းများအတွင်း ပဲတီစိမ်းဈေးနှုန်းများ ဆက်လက်တည်ငြိမ်နိုင်ကြောင်း ဈေးကွက်အတွင်း သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။
