Monday, August 3, 2026

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအားအမြန်ဆုံးပြုပြင်နေ 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအား သက်ဆိုင်ရာတာဝန်ရှိသူ များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အ ရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်၌...

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင်...

၂ နှစ်အရွယ် ကလေးငယ် ရထားတိုက်မိ၍...

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မီးရထားသံလမ်းပေါ် ရောက်ရှိနေစဉ် မန္တလေး-ရန်ကုန် အမှတ် (၆) အစုန်...

အင်းလျားကန် ဘေးကင်းကြံ့ခိုင်ရေးအတွက် ဘူမိရူပဗေဒ စစ်ဆေးလေ့လာမှုများ...

ရန်ကုန်၊ ဩဂုတ် ၃ အင်းလျားကန်၏ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့ခိုင်မာရေးအတွက် ဘူမိရူပဗေဒ (Geophysics) တိုင်းတာစစ်ဆေး စူးစမ်းလေ့လာမှုများကို ဇူလိုင် ၁၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း...
HomeInternationalပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ--မလေးရှား

ပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ–မလေးရှား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဒေသကို အနှောင့်အယှက်ဖြစ်စေမည့် ပြင်ပဖိအားများကို ပယ်ချကြောင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

တရုတ်ညီလာခံ: အရှေ့တောင်အာရှ ၂၀၂၅  အစည်းအဝေးသို့ အပိတ်မိန့်ခွန်း ပြောကြားရာတွင် ဝန်ကြီး တင်ကူးဇာဖရူး အဗ္ဒူလ် အဇစ် က အာဆီယံ၏ဘက်မလိုက်ဘဲကြားနေမှုကို အလေးပေးပြောကြားခဲ့ပြီး ၎င်းတို့၏စည်းကမ်း နည်းလမ်းများနှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေးကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။

ဇာဖရူးက အာဆီယံ သည် စည်းလုံးညီညွတ်ရမည်ဖြစ်ပြီး ၎င်း၏ မည်သည့်အဖွဲ့ဝင်နိုင်ငံ မဆို ၏ ပြင်ပနိုင်ငံများနှင့် ဆက်ဆံရေး သို့မဟုတ် အခြားအုပ်စု များနှင့် ဆက်ဆံ‌ရေးထက် ဘုံကောင်းကျိုးကို ဦးစားပေးရမည်ဟု ပြောကြားခဲ့သည်။

အာဆီယံ၏ အများဆန္ဒသဘောတူညီမှုကို ဆက်လက်ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအား စည်းလုံးညီညွတ်ပြီး တစ်သံတည်း ပြောဆိုနေခြင်းသည်အရေးကြီးကြောင်း၊ အခြား နိုင်ငံများနှင့် တက်ကြွစွာ ထိတွေ့ဆက်ဆံခြင်းသည်လည်း အရေးကြီးကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

“အာဆီယံ အဖွဲ့ဝင်နိုင်ငံ တချို့ဟာ BRICS မှာအဖွဲ့ဝင်ဖြစ်ဖို့ ဒါမှမဟုတ် မိတ်ဖက်အဖွဲ့အစည်း ဖြစ်ဖို့ လုပ်နေကြပါတယ်။ ဒါဟာ အဖွဲ့ဝင်နိုင်ငံအားလုံးဟာ သူတို့နိုင်ငံ့‌တွေရဲ့ မူဝါဒတွေကို ရေးဆွဲပြုစုရာတွင် ထည့်သွင်းစဉ်းစားရမယ့် အချက်‌တွေပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအားအမြန်ဆုံးပြုပြင်နေ 

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုအား သက်ဆိုင်ရာတာဝန်ရှိသူ များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အ ရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်၌ ကမ်းရင်းတာ(တာဟောင်း)အား ရေ တိုက်စားပြိုကျမှုမှကာကွယ်နိုင်ရန် တာခြေထောက်ခြင်းအဖြစ် Geo Bag ကမ်းထိန်းအိတ်များချခြင်း၊ မျောတုတ်တန်းကာ၍ သဲအိတ်ဖြည့်ခြင်း၊ ကမ်းရင်းတာ (တာဟောင်း) (၁၂၀)ပေ ရေဝင်ပေါက်အား ဘေးနှစ်ဖက်မျောတုတ်တန်းများရိုက်၍ သဲအိတ်များထည့်ကာ ရေစီးကြောင်းအရှိန်လျော့ချရေးဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပန်းတာအား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သောတိုင်းတာမှုလုပ်ငန်းများနှင့် ပစ္စည်းစုဆောင်းခြင်းလုပ်ငန်း‌များ၊ ရေနက်စီးကြောင်း ပိတ်ဆို့ဟန့်တားရန် Geo Bag များ၊...

ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ဂရုပြုနေထိုင်ကြရန် မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့်မှအားကောင်းနေခြင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေခြင်းဖြစ်စဥ်များဖြစ်ပေါ်နေ၍ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန် မိုးဇလက ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းတွင် မိုးကြီးမည့်သတိပေးချက်အမှတ်စဉ်(၃၄/၂၀၂၆)အဖြစ် သတိပေးခဲ့သည်။ ယင်း ရာသီဥတုဖြစ်စဥ်(၂)ခုကြောင့် ယနေ့ သြဂုတ် ၃ ရက်နံနက်ပိုင်းမှ သြဂုတ် ၆ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်...

၂ နှစ်အရွယ် ကလေးငယ် ရထားတိုက်မိ၍ သေဆုံး

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မီးရထားသံလမ်းပေါ် ရောက်ရှိနေစဉ် မန္တလေး-ရန်ကုန် အမှတ် (၆) အစုန် DEMU (Japan) ခရီးသည်တင်ရထား တိုက်မိသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၁ ရက် ညနေ ၄ နာရီခန့်က ဘုရားကြီးဘူတာအနီး မီးရထားလမ်း မိုင်တိုင်အမှတ် (၅၇/၃) နှင့် (၅၇/၄) အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ဘုရားကြီးမြို့ အမှတ် (၁) ရပ်ကွက်နေ အသက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071