Saturday, September 5, 2026

မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုကြောင့် လယ်မြေအချို့ရေနစ်မြုပ်ခဲ့၍ ရေစီးဆင်းမှုကောင်းမွန်စေရေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လယ်မြေအချို့နှင့် ရပ်ကွက်များအတွင်း ရေနစ်မြုပ်မှုများဖြစ်ပေါ်ကာ ရေများပြန်လည်ကျဆင်းသွားချိန်တွင်လည်း ရေဝပ်တင်ကျန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် လယ်မြေများရေနစ်မြှုပ်နှင့် ရပ်ကွက်များ ရေဝပ်တင်ကျန်မှုအတွက် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်နိုင်ရန်...

မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇- ၂၀၂၈)...

မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇- ၂၀၂၈) ကို စက်တင်ဘာ ၂ ရက်က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ...

ဟနွိုင်း၊ စက်တင်ဘာ ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ်...

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ကိုယ်စားလှယ်တည်းခိုရာနှင့် လွှတ်တော်အနီးရှိ...

နေပြည်တော်၊ စက်တင်ဘာ ၅ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးအတွက် ကိုယ်စားလှယ်တည်းခိုရာနှင့် လွှတ်တော်အနီးရှိ စားသောက်ဆိုင်များ၏ အစားအသောက်နှင့် သောက်သုံးရေ သန့်ရှင်းမှုကို အထူးဂရုပြု စစ်ဆေးပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက...
HomeNewsLocal Newsပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်...

ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက် ၄ ခုမှ ပြည်သူ ၅၀၀ ခန့်အား ယာယီရွှေ့ပြောင်းနေရာချထား

ပဲခူး၊ စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူ ၅၀၀ ခန့်အား ဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေရာချထားပေးခဲ့ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းတာချက်အရ ပဲခူးမြစ်၏ စိုးရိမ်ရေမှတ်မှာ ၈၈၀ စင်တီမီတာဖြစ်ပြီး စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် မြစ်ရေမှာ ၉၂၄ စင်တီမီတာအထိ ရောက်ရှိခဲ့သဖြင့် စိုးရိမ်ရေမှတ်ထက် ၄၄ စင်တီမီတာအထိ ကျော်လွန်ခဲ့သည်။

မြစ်ရေမြင့်တက်မှုကြောင့် ကျွန်းသာယာ၊ ကလျာဏီ၊ ဇိုင်းတောင်နှင့် မဇင်းရပ်ကွက်တို့အတွင်း ရေဝင်ရောက်ခဲ့ရာ အိမ်ထောင်စု ၁၂၆ စုမှ လူဦးရေ ၄၉၄ ဦးကို နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများရှိ ဓမ္မာရုံများနှင့် ကျောင်းဆောင်များသို့ ရွှေ့ပြောင်းပေးခဲ့သည်။

ထိုသို့ ယာယီနေရာချထားရာတွင် ကျွန်းသာယာရပ်ကွက်မှ ၂၁၅ ဦးကို မင်္ဂလာဇေယျုံကျောင်း၌ လည်းကောင်း၊ မဇင်းရပ်ကွက်မှ ၁၂၇ ဦးကို လေးမျက်နှာဘုရားကျောင်းဝင်းနှင့် ဓမ္မိကာရာမကျောင်း၌ လည်းကောင်း၊ ဇိုင်းတောင်ရပ်ကွက်မှ ၉၅ ဦးကို ကျောင်းသစ်ကျောင်းနှင့် ဝင်္ဂဘာကျောင်း၌ လည်းကောင်း၊ ကလျာဏီရပ်ကွက်မှ ၅၇ ဦးကို ကလျာဏီသိမ်ကျောင်း၌ လည်းကောင်း အသီးသီး နေရာချထားပေးခဲ့သည်။

လက်ရှိတွင် ယာယီရွှေ့ပြောင်းနေရာချထားသည့် ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက လိုအပ်သည့် ထောက်ပံ့ရေးနှင့် အနီးကပ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုကြောင့် လယ်မြေအချို့ရေနစ်မြုပ်ခဲ့၍ ရေစီးဆင်းမှုကောင်းမွန်စေရေးဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လယ်မြေအချို့နှင့် ရပ်ကွက်များအတွင်း ရေနစ်မြုပ်မှုများဖြစ်ပေါ်ကာ ရေများပြန်လည်ကျဆင်းသွားချိန်တွင်လည်း ရေဝပ်တင်ကျန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် လယ်မြေများရေနစ်မြှုပ်နှင့် ရပ်ကွက်များ ရေဝပ်တင်ကျန်မှုအတွက် ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က စက်တင်ဘာ ၄ ရက်တွင် ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ပမ္မတီး(ဘုမ္မော)ရပ်ကွက်၊ ပမ္မတီးကွင်းရှိ လယ်(၄၅)ဧကအတွင်း ရေဝပ်တင်ကျန်မှုကြောင့် စိုက်ပျိုးမှုအဆင်ပြေစေရန် ဘုမ္မောချောင်းအတွင်း ရေစီးဝင်သည့်မြောင်းသွယ်များဖောက်လုပ်ထားမှုကိုကြည့်ရှုစစ်ဆေးပြီး မြောင်းများပိတ်စို့မှုမဖြစ်ပေါ်စေရေးအတွက် အမြန်ဆုံးရှင်းလင်းဖယ်ရှားကာ ရေမြောင်းများကိုစနစ်တကျ ဖောက်လုပ်ရန် မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ပမ္မတီးရပ်ကွက်အတွင်း ပမ္မတီး-ရွှေအိုက် လမ်းဆုံနေရာမှ ပမ္မတီးဈေးသွားလမ်းတစ်လျှောက် နေအိမ်အချို့တွင် ရေဝပ်တင်ကျန်နေမှုနှင့် ယင်း လမ်းတစ်လျှောက်မှ...

မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇- ၂၀၂၈) လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇- ၂၀၂၈) ကို စက်တင်ဘာ ၂ ရက်က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၁ ရက်မှ ၄ ရက်အထိကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးစိုးသိန်းနှင့် ရုရှားနိုင်ငံ ရှေ့နေချုပ်တို့တွေ့ဆုံဆွေးနွေးပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။  ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ရုရှား-မြန်မာနှစ်နိုင်ငံကြားဝန်ထမ်းများလေ့ကျင့်သင်တန်းပေးခြင်း၊ အတွေ့အကြုံနှင့် နည်းပညာဖလှယ်နိုင်ခြင်းများကြောင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုကိုပိုမိုခိုင်မာအားကောင်းလာစေပြီး စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများပိုမိုအားကောင်း၍ များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် တွေ့ဆုံဆွေးနွေး

ဟနွိုင်း၊ စက်တင်ဘာ ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ ဗီယက်နမ်အမျိုးသားလွှတ်တော်သို့ ရောက်ရှိလာရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်းနှင့် လွှတ်တော်တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071