ပဲခူးတိုင်း ဒေသကြီး ၊ ပဲခူးမြို့ ၊ ဥဿာမြို့သစ်(၇)ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းမကြီးဘေးရှိ “ပွင့်” ကွမ်းယာပစ္စည်းနှင့် အအေးမျိုးစုံဆိုင်ကို ယမန်နေ့ စက်တင်ဘာလ(၈)ရက်က လူငယ်အမျိုးသား (၃)ဦးက ဓါးပြတိုက်ခဲ့ပြီးနောက် ညပိုင်း၌ပင် KTV တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးမြို့ခံများထံ က သိရသည်။
အဆိုပါ ပြစ်မှုကျုးလွန်ခဲ့သည့် (၃)ဦး အနက် လမင်း(ခ)ကိုငယ် အသက်(၁၉)နှစ်အရွယ်သည် ဓါးပြတိုက်ခံရသည့်ဆို င်၏ ဝန်ထမ်းဟောင်းဖြစ်ပြီး အခြားနှစ်ဦး မှာ အသက် (၂၃) နှစ်အရွယ် ဇင်ကို နှင့် အသက်(၂၂)နှစ်အရွယ် ပဲခူးမြို့နေထို င်သူ နိုင်မင်းထွန်းတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၃)ဦးသည် စက်တင်ဘာ(၈)ရက် ၊ ညနေပိုင်းက ဓါးထောက် ဓါးပြတိုက်ခဲ့ခြင်းဖြစ်ပြီး ညပိုင်းတွင် FIVE STAR KTV တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပဲခူး ဒေ သခံအမျိုးသားတစ်ဦးက ပြောသည်။
ဓါးပြတိုက်ခံရသည့် “ပွင့်” ကွမ်းယာဆိုင်မှ ငွေကျပ် သိန်း (၂၃၀)ကျော် နှင့် ရွေထည်လက်ဝတ်ရတနာ အများအပြား ၊ ဖုန်း (၂)လုံးတို့ကို ယူဆောင်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအ ချိန်တွင် ပြစ်မှုကျုးလွန်သူ (၃)ဦးကို ပဲခူးမြို့ အမှတ် (၃)ရဲစ ခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
