Wednesday, September 23, 2026

အခွင့်အာဏာကိုမလျော်ကန်စွာ အသုံးချနေသည့် စစ်ဆေးရေးဂိတ်များကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရန်...

စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကိုအကြောင်းပြ၍ ပေးအပ်ထားသည့်အခွင့်အာဏာကိုမလျော်ကန်စွာ အ သုံးချနေခြင်းများကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ စက်တင်ဘာ...

JAC ကားပေါ်တွင်သိုဝှက်သယ်ဆောင်သော ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ...

JAC ကားပေါ်တွင်သိုဝှက်သယ်ဆောင်သော ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ စက်တင်ဘာ ၁၈ ရက်ညနေ ၄ နာရီခန့်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ...

တရုတ်-အာဆီယံကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီး ဆုတံဆိပ်...

ပဲခူး၊ စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ...

မုဒုံတွင် ဘောလုံးပွဲကစားနေစဉ် မိုးကြိုးပစ်၍ ကစားသမားတစ်ဦး...

မိုးကြိုးပစ်ချိန် ကွင်းလယ်ဒိုင်အပါအဝင် နှစ်ဖက်ကစားသမားများ လဲကျခဲ့ မုဒုံ၊ စက်တင်ဘာ ၂၃ မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်း၌ ကျင်းပသည့်...
HomeInternationalပူတင်နဲ့ ထရမ့် တွေ့ဆုံဖို့...

ပူတင်နဲ့ ထရမ့် တွေ့ဆုံဖို့ အဆင်သင့်ရှိပေမဲ့ အသေးစိတ်ကိုတော့ မသိရသေး

​ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေပေမဲ့၊ ဘယ်အချိန် တွေ့မလဲဆိုတာနဲ့ တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ရုရှားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

​သတင်းစာရှင်းလင်းပွဲမှာ သူက “အဆင့်မြင့် တွေ့ဆုံပွဲတွေနဲ့ ပတ်သက်လို့ တိကျတဲ့ သတင်းအချက်အလက်တော့ မရှိသေးပါဘူး။ ရုရှားနဲ့ အမေရိကန် သမ္မတနှစ်ဦး တွေ့ဆုံမယ့်ကိစ္စ ဆိုရင်တော့ သမ္မတဘက်က အဆင်သင့်ပါပဲ” လို့ ပြောခဲ့ပါတယ်။

​ဒါ့အပြင် “သမ္မတ ပူတင်နဲ့ ထရမ့်တို့ဟာ ဖုန်းပြောကြတဲ့အခါတိုင်း လိုအပ်လာရင် နောက်တစ်ကြိမ် တွေ့ဆုံဖို့ အဆင်သင့်ရှိတယ်ဆိုတာကို အမြဲတမ်း အလေးထား ပြောဆိုလေ့ရှိကြပါတယ်” လို့လည်း သူက ဆိုပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အခွင့်အာဏာကိုမလျော်ကန်စွာ အသုံးချနေသည့် စစ်ဆေးရေးဂိတ်များကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်သမ္မတ မှာကြား

စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကိုအကြောင်းပြ၍ ပေးအပ်ထားသည့်အခွင့်အာဏာကိုမလျော်ကန်စွာ အ သုံးချနေခြင်းများကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ စက်တင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအားတွေ့ဆုံအမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသအလိုက် လုံခြုံရေးပိုင်းဆိုင်ရာအရ၊ တရားမဝင် ကုန်စည်စီးဆင်းမှုတိုက်ဖျက်ရေးအရဖွင့်လှစ်ထားသည့်စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကိုအကြောင်း ပြ၍ ပေးအပ်ထားသည့် အခွင့်အာဏာကို မလျော်ကန်စွာအသုံးချနေခြင်းများရှိနေသည်ဟု ပြောသည်။ ထို့ကြောင့် တရားမဝင်ကုန်စည်စီးဆင်းမှုများဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းကြီး မြင့်မှုဒဏ်ကို ပြည်သူလူထုကခံစားနေကြရသည်ဟု ပြောသည်။ အဆိုပါ ကိစ္စရပ်များကိုထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကာ တရားဥပဒေချိုးဖောက်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူဆောင် ရွက်ရမည်ဟု နိုင်ငံတော်သမ္မတကမှာကြားခဲ့သည်။

JAC ကားပေါ်တွင်သိုဝှက်သယ်ဆောင်သော ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ပြင်ဦးလွင်မြို့နယ်၌ဖမ်းမိ

JAC ကားပေါ်တွင်သိုဝှက်သယ်ဆောင်သော ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ စက်တင်ဘာ ၁၈ ရက်ညနေ ၄ နာရီခန့်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့က ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာအနီးတွင် ဝင်းနိုင်ဦး(ခ)ဝင်းနိုင်(၅၄) နှစ်မောင်းလာသော JAC ကားအားစစ်ဆေးရာမှ ကားပေါ်တွင်သိုဝှက်သယ်ဆောင်သော ငွေကျပ်(၉ ဒသမ ၃) ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား(၆၂)သိန်းကိုဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူအား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက် စပ်ပြစ်မှုကျူးလွန်သူများကိုထပ်မံဖမ်းဆီးရမိရေးအ တွက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီး ဆုတံဆိပ် ၂ ခု ဆွတ်ခူး

ပဲခူး၊ စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ (23rd CHINA-ASEAN EXPO-2026) တွင် ပဲခူးတိုင်းဒေသကြီးက ဆုတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်စည်ပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် H.E Mr. Ding Xuexiang၊ မြန်မာနိုင်ငံမှ ဒုတိယသမ္မတ (၁) ဦးညိုစော၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အာဆီယံနိုင်ငံများမှ နိုင်ငံတော်အဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071