Wednesday, May 6, 2026

MSMEs ချေးငွေများအား Quick Win...

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့...

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း...

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...
HomeInternationalပုပ်ရဟန်းမင်းကြီးရွေးချယ်မှုမအောင်မြင်၍ အနက်ရောင်မီးခိုးများ ထွက်လာ

ပုပ်ရဟန်းမင်းကြီးရွေးချယ်မှုမအောင်မြင်၍ အနက်ရောင်မီးခိုးများ ထွက်လာ

မေ ၇
စစ္စတင်းခါပယ်လ် ဘုရားရှိခိုးကျောင်း၏ မီးခိုးခေါင်းတိုင်မှ ထူထဲသော အနက်ရောင် အခိုးအငွေ့များ ထွက်လာသဖြင့် အတွင်းတွင် ပိတ်ထားသော ကာဒီနယ်များသည် ၎င်းတို့၏ ပထမဆုံးညီလာခံ မဲခွဲမှုတွင် ပုပ်ရဟန်းမင်းကြီး အသစ်ကို ရွေးချယ်ရန် မအောင်မြင်ကြောင်းသိရသည်။

ဗာတီကန်စီးတီး၏ စိန့်ပီတာရင်ပြင်တွင် ထောင်နှင့်ချီသော လူများသည် ကာဒီနယ် ၁၃၃ ပါးကို သီးခြားထားပြီးနောက် သုံးနာရီနှင့် ၁၅ မိနစ်ခန့်အကြာတွင် မီးခိုးများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီးနောက် နိုင်ငံပေါင်း ၇၀ ခန့်မှ ကက်သလစ်အသင်းတော်၏ အကြီးအကဲအဖြစ် ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ကာဒီနယ်များကို ရောမမြို့သို့ ဧပြီလ ၂၁ ရက်နေ့တွင် ပြန်လည်ခေါ်ဆောင်ခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် ကာဒီနယ်များကို ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားပြီး သူတို့၏ မိုဘိုင်းဖုန်းများကိုလည်း သိမ်းဆည်းခဲ့သည်။ ထို့အပြင် ဗာတီကန်အနီးအနားရှိ လေထုလမ်းကြောင်းများကိုလည်း ဆက်သွယ်မှု မလုပ်နိုင်အောင် ပိတ်ဆို့ခဲ့သည်။ အဆိုပါအခြေအနေသည် ပုပ်ရဟန်းမင်းကြီး အသစ်ကို ရွေးချယ်ပြီးအထိ ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

ကာဒီနယ်များသည် ကြာသပတေးနေ့တွင် ထပ်မံမဲပေးရန် စစ္စတင်းခါပယ်လ် ဘုရားရှိခိုးကျောင်းသို့ ပြန်သွားမည်ဖြစ်ပြီး ၎င်းတို့အနက်မှ တစ်ဦးသည်ပုပ်ရဟန်းမင်းကြီး ရွေးချယ်တင်မြှောက်ခံရရန် ထောက်ခံမဲ ၈၉ မဲ ရရှိသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

စစ္စတင်းခါပယ်လ် ဘုရားရှိခိုးကျောင်းသို့ ကာဒီနယ်များနှင့် အခြားသော ခရစ်ယာန်ဓမ္မဆရာများ စီတန်းလှည့်လည်ခြင်းဖြင့် စည်းဝေးပွဲကို စတင်သည်။ ဖွင့်ပွဲကို စိန့်ပီတာ ဘက်စီလီကာရှေ့ရှိ ကြီးမားသော ဖန်သားပြင်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

လူအုပ်ကြီးသည် စိန့်ပီတာရင်ပြင်တွင် မီးခိုးခေါင်းတိုင်နှင့် ရံဖန်ရံခါ ပင်လယ်ဇင်ယော်များကို ပြသထားသည့် ဖန်သားပြင်များကို ကြည့်ရှုနေကြသည်။ အချို့က စိတ်ပျက်လက်ပျက် ကျန်ရစ်ခဲ့ကြသော်လည်း တချို့က နောက်ဆုံးတွင် မီးခိုးငွေ့များ ထွက်လာသောအခါတွင် ဝမ်းသာအားရ အားပေးနေကြပါသည်။

“ပုပ်ရဟန်းမင်းအသစ်အတွက် ဒီမှာရှိနေတာက ပြီးပြည့်စုံပြီး ချစ်စရာကောင်းပါတယ်” ဟု အိုင်ယာလန်ခရီးသွား ကတ်ထရီယာနာ ဟောင် (၆၀) နှစ်က ပြောကြားခဲ့သည်။

“ဖရန်စစ်ဟာ ပညာရှိပြီး တိုးတက်ဆန်းသစ်တဲ့သူ၊ ပြည်သူတွေအတွက် ရှိသင့်တဲ့လူတစ်ယောက် ဖြစ်တယ်။ သို့သော် သူကအရာရာကို ငါစိတ်ကူးထားသလို မြန်မြန်ဆန်ဆန် မျှော်မှန်းထားသလောက် မလုပ်နိုင်သွားဘူး” ဟု ကတ်ထရီယာနာက ပြောကြားခဲ့ပါသည်။

“ဘုရားရှိခိုးကျောင်းက မိမိကိုယ်တိုင်အတွက်ပင် အကျိုးမရှိစေရင် ထပ်မံပြီး ရှေးရိုးစွဲ တွေးခေါ်တဲ့သူ တစ်ဦးကို ရွေးချယ်မယ်ဆိုရင် မကောင်းဘူး” ဟုလည်း ထပ်‌လောင်းပြောကြားခဲ့သည်။

ဗာတီကန်စီးတီးမှ သတင်းပေးပို့နေသည့် အယ်လ်ဂျာဇီယားမှ ဟိုးဒါ အဗဒဘ်-ဟမစ်ဒ်က ပုပ်ရဟန်းမင်းကြီးအသစ် အရွေးမခံရသေးသည့် အရိပ်အယောင်အဖြစ် မီးခိုးမည်းများ ထွက်ပေါ်နေခဲ့သည်ဟု ဟိုးဒါကဆိုသည်။

“စည်းဝေးပွဲ ပထမနေ့တွင်ပင် ရွေးကောက်တင်မြှောက်ခံရသော ပုပ်ရဟန်းမင်းကြီးဟူ၍ တစ်ပါးမျှ မရှိသေးကြောင်း” သူက ပြောသည်။

“များသောအားဖြင့် ဒီပထမဆုံး မဲခွဲဝေမှုက ကာဒီနယ်တွေက သူတို့ရဲ့မဲဆန္ဒရှင်တွေ ဘယ်လိုဦးတည်ချက်တွေကို တွေးနေလဲဆိုတာကို နားလည်နိုင်စေဖို့ နည်းလမ်းတစ်ခုပါပဲ” ဟု အဗဒဘ်-ဟမစ်ဒ် က ပြောကြားခဲ့သည်။

ဖရန်စစ်သည် အသင်းတော်၏ကာဒီနယ် ၁၃၃ ဦးတွင် ၁၀၈ ဦးကို ဘုရားကျောင်း၏ အိမ်ရှေ့မင်းသားများ ဟု အမည်ပေးခဲ့ပြီး ယခင်က ကာဒီနယ်မရှိသော မွန်ဂိုလီးယား၊ ဆွီဒင်နှင့် တွန်ဂါအပါအဝင် နိုင်ငံများမှ ဘာသာရေးခေါင်းဆောင် သင်းအုပ်ဆရာအများအပြားကို ရွေးချယ်ခဲ့သည်။

ကာဒီနယ်ရွေးကောက်သူ ၁၂၀ ၏ ပုံမှန်ကန့်သတ်ချက်ကို ကျော်လွန်ရန် သူ၏ ဆုံးဖြတ်ချက်သည် အမြဲတမ်း စိတ်လှုပ်ရှားစရာများနှင့် ပြည့်နှက်နေသည့် လုပ်ငန်းစဉ်တစ်ခုကို မသေချာမရေရာမှု များဖြင့် ထည့်သွင်းခဲ့သည်။

ကာဒီနယ်အများအပြားသည် ပြီးခဲ့သည့် သီတင်းပတ်အထိ မတွေ့ဆုံခဲ့ကြသေးဘဲ တစ်ဦးနှင့်တစ်ဦး သိကျွမ်းရန် အချိန်ပိုလိုအပ်ကာ ၂၆၇ ဦးမြောက် ပုပ်ရဟန်းမင်းကြီးဖြစ်လာရန် လိုအပ်သော မဲများရရှိရန် လူတစ်ဦးအတွက် အချိန်မည်မျှကြာမည်ကို မေးခွန်းများထုတ်လာကြသည်။

ဖရန်စစ်နှင့် သူ၏ရှေ့တော်မှ ဘင်နီဒစ် ၁၆ တို့သည် နှစ်ရက်အတွင်း ရွေးကောက်တင်မြှောက်ခဲ့သော်လည်း အရှည်ကြာဆုံး ပုပ်ရဟန်းမင်းကြီး ရွေးကောက်ပွဲသည် ၁၂၆၈ မှ ၁၂၇၁ ရက်အထိ ရက်ပေါင်း ၁,၀၀၆ ခန့် ကြာမြင့်ခဲ့သည်။

ချာ့ချ်အတွင်း တိုးတက်သော၊ ရှေးရိုးဆန်သော ထုံးတမ်းစဉ်လာအမျိုးမျိုးကို ကိုယ်စားပြုသည့် ကာဒီနယ်များအနက် မည်သူကဖရန်စစ်ကို ဆက်ခံမည်ကို ရှင်းရှင်းလင်းလင်းမရှိသေးပေ။ အီတလီမှပီယာဘတ်တီစတာ ပီဇာဘာလား၊ ဟန်ဂေရီနိုင်ငံမှပီတာအဲဒို နှင့် ရွှီရလန်ကမှ မယ်လ်ကောမ် ရန်ဂျစ် တို့အပါအဝင် အမည်ပေါင်း တစ်ဒါဇင်ကျော်ခန့် ကိုတစ်ပေးလျက်ရှိသည်။

Ref: အယ်လ်ဂျားဇီယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်

ပဲခူးတိုင်းအတွင်း၌ MSMEs ချေးငွေများအား Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မေ ၅ ရက်တွင်ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေထုတ်ချေးပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာပါက တိုင်းဒေသကြီး၏ GDP တိုးတက်လာမည်ဖြစ်ကာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်  ချေးငွေထုတ်ချေးပေးရာ၌ အချိန်အကန့်ဖြင့်ထုတ်ချေးပေးခြင်းဖြစ်၍ Quick Win ဖြစ်သည့်လုပ်ငန်းများကို သေချာရွေးချယ်စိစစ်ထုတ်ချေးပေးသွားမည်ဟု ပြောသည်။ ထို့ကြောင့် MSMEs လုပ်ငန်းများရှိ လူသုံးကုန်နှင့်...

ကုန်တင်ကားရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တိမ်းမှောက်မှု အမြန်လမ်းတွင်ဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ကုန်တင်ကားတစ်စီး ရှေ့ဘီးပေါက်ကာလမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှု ယနေ့ မေ ၆ ရက်နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အမျိုးသား(၂)ဦးမောင်းနှင်လိုက်ပါလာသောကုန်တင်ကားသည် မိုင်တိုင်အမှတ် ၁၉၇/၅ နှင့် ၁၉၇/၆ အရောက် ရှေ့ဘီးပေါက်၍လမ်းလယ်ကျွန်းပေါ်တွင်တိမ်းမှောက်ခဲ့ပြီး လိုက်ပါလာသူ(၂)ဦး၌ထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအားအသုံးပြုမောင်းနှင်နေကြသည့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ကြံ့ခိုင်မှုအား  လမ်းပေါ်မရောက်မှီ သေချာစွာစစ်ဆေးကြရန်၊ ကုန်တင်ယာဥ်များ တစ်နာရီ ၆၀ ကီလိုမီတာ/ ၄၈ မိုင်နှုန်းသာအများဆုံးမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။                         

မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။ လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀‌ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀‌ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအ တွက် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀‌ ပေ‌ x အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071