Tuesday, April 21, 2026

သုံးလအတွင်း ဧရာဝတီတိုင်းဒေသကြီးသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်...

ဧရာဝတီတိုင်းဒေသကြီးကို ယခုနှစ်အစ သုံးလအတွင်းပင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ခုနစ်သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။ ယခုနှစ် ခရီးသွားဝင်ရောက်နှုန်းသည်...

မုဒုံမြို့နယ်ရှိ အထပ်သားစက်ရုံတွင် မိနစ် ၂၀...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာရှိ အထပ်သားစက်ရုံ၌ ယနေ့ ဧပြီ ၂၁ ရက်နံနက် ၉ နာရီ ၃၄ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားရာ...

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် ဧပြီ ၁၉ ရက်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ပွဲကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်းက မြန် မာလူမျိုးတို့၏ သနပ်ခါးလိမ်းခြယ်ခြင်းယဉ်ကျေးမှုအစဉ်အလာကို မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ...

လူတူစက်ရုပ်ကမာရသွန်ပြေးပွဲတွင်လူသားတို့ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့

တနင်္ဂနွေနေ့က မြို့တော်ပေကျင်းတွင် ကျင်းပခဲ့သော လူပုံတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သောစက်ရုပ်သည် ပြိုင်ပွဲကို ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့်...
HomeNewsLocal Newsပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ် ရေးဆွဲနိုင်ရေးမှာအရေးကြီးသည်ဟု ဒု-ဝန်ကြီးပြော

ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ် ရေးဆွဲနိုင်ရေးမှာအရေးကြီးသည်ဟု ဒု-ဝန်ကြီးပြော

ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ် ရေးဆွဲနိုင်ရေးမှာအရေးကြီးသည်ဟု သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ဒု-ဝန်ကြီး(ယဥ်ကျေးမှု)ဒေါ်မြနုဇံက ပြောသည်။

၎င်းမှ ဖေဖော်ဝါရီ ၂၇ ရက်နံနက် ၉ နာရီက ပုဂံရှေး‌ဟောင်းသုတေသနပြတိုက်၌ကျင်းပသည့် ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ်ရေး ဆွဲနိုင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပုဂံဒေသ၌ ယခုအချိန်တွင် ဧည့်သည်များကျဲပါးနေသော်လည်း ပုံမှန်အားဖြင့် ဟိုတယ်၊ တည်းခိုခန်းများတွင် ခရီးသွားဧည့်သည်များဖြင့်ပြည့်နေလေ့ရှိသောကာလဖြစ်၍ ပုဂံဟိုတယ်မဟာဗျူဟာစီမံကိန်းအပြီးသတ်ရေးဆွဲနိုင်ရေးမှာ အရေးကြီးသည်ဟု ပြောသည်။

ထို့ပြင် ကမ္ဘာ့အမွေအနှစ်မလျှောက်ထားမီကပင်တည်ရှိသော ဟိုတယ်အချို့သည် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်းကျရောက်လျက်ရှိ၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဟိုတယ်ဆိုင်ရာအချက်အလက်များကိုကွင်းဆင်းကောက်ယူခဲ့သည်ဟုလည်း ဒု-ဝန်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (သတင်းအချက်အလက်)က Hotel Strategy (မူကြမ်း)ပြုစုထားမှု၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက Hotel Strategy ရေးဆွဲနိုင်ရေး ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ၊ ဒု-ညွှန်ကြားရေးမှူးက ဟိုတယ်လိုင်စင်ထုတ်ပေးထားမှု၊ ညောင်ဦးမြို့နယ်စည်ပင်သာ ယာရေးအဖွဲ့၊ အမှုဆောင်အရာရှိက တည်းခိုရိပ် သာလိုင်စင်ထုတ်ပေးထားမှုတို့ကို ရှင်းလင်းတင် ပြခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သုံးလအတွင်း ဧရာဝတီတိုင်းဒေသကြီးသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ခုနစ်သိန်းခန့် ဝင်ရောက်

ဧရာဝတီတိုင်းဒေသကြီးကို ယခုနှစ်အစ သုံးလအတွင်းပင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ခုနစ်သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။ ယခုနှစ် ခရီးသွားဝင်ရောက်နှုန်းသည် ယခင်နှစ်ကထက် များပြားလာနိုင်ရန် မျှော်လင့်ထားသည်ဟုလည်း ခရီးသွားလုပ်ကိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။ “ရှေ့ရုံးပိတ်ရက်လေးရက်ကိုလည်း ဒီမှာ tour package တွေ ရောင်းတာ ကုန်တာပဲ။ ဒီနှစ်အစပိုင်းတင် ချောင်းသာ၊ ငွေဆောင် ခရီးသွားတော်တော်ဝင်တယ်” ဟု ၎င်းက ပေါ်ပြူလာကို ပြောသည်။ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စာရင်းများအရ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည်...

မုဒုံမြို့နယ်ရှိ အထပ်သားစက်ရုံတွင် မိနစ် ၂၀ ကျော်ကြာမီးလေ-ာင်မှုဖြစ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာရှိ အထပ်သားစက်ရုံ၌ ယနေ့ ဧပြီ ၂၁ ရက်နံနက် ၉ နာရီ ၃၄ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားရာ မုဒုံမြို့နယ်မီးသ-တ်စခန်းနှင့် မော်လမြိုင်မြို့နယ်မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် ဧပြီ ၁၉ ရက်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ပွဲကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်းက မြန် မာလူမျိုးတို့၏ သနပ်ခါးလိမ်းခြယ်ခြင်းယဉ်ကျေးမှုအစဉ်အလာကို မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ဒု-ညွှန်ကြားရေးမှူးချုပ် မစ္စတာ ကျင်းယို့ပေါင်၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင် စစ်ဝန်ချုပ်များနှင့် တက်ရောက်လာကြသူများက မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်မှုကိုကြည့်ရှုလေ့လာပြီး လက်တွေ့ပါဝင်လိမ်းခြယ်ခဲ့ကြသည်။ အဆိုပါ မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာရိုးရာမဟာသင်္ကြန်ကျင်းပရခြင်း၏ အဓိပ္ပာယ်၊ သမိုင်းကြောင်းတို့ကိုရှင်း လင်းပြောကြားခဲ့ပြီး ယူနန်ပြည်နယ်ရှိ တက္ကသိုလ်များမှ မြန်မာဘာသာဌာနတွင် ပညာသင်ကြားလျက်ရှိသည့် တရုတ်နိုင်ငံသားကျောင်းသား၊ ကျောင်းသူများ၊ မြန်မာ နိုင်ငံသား ကျောင်းသား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071