Sunday, June 28, 2026

တီးတိန်-တွန်းဇံလမ်းပိုင်းနှင့် တွန်းဇံမြို့ရှိ ဌာနဆိုင်ရာ ရုံးများ၊...

တွန်းဇံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ ရောက်ရှိတာဝန်ထမ်းဆောင်နေ တီးတိန်-တွန်းဇံလမ်းပိုင်းအခြေအနေများ၊ တွန်းဇံမြို့ရှိ ဌာနဆိုင်ရာ ရုံးများနှင့် ကုတင် (၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ(တွန်းဇံ)တို့အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က တာဝန်ရှိသူများနှင့်အတူ...

မကွေးမြို့ သိပ္ပံဘာသာတွဲဖြင့် The Whole...

ယနေ့ ဇွန် ၂၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် မကွေးတိုင်း၊ မကွေးမြို့မှ သိပ္ပံဘာသာတွဲဖြင့်...

နိုင်ငံတော်အစီအစဉ်ဖြင့် ပေးပို့သည့် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ...

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးဗလာစာအုပ်များ၊ ပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ တင်ဆောင်လာသော မော်တော်ယာဉ်သုံးစီးသည် ယမန်နေ့ ညနေပိုင်းတွင် ပူတာအိုမြို့သို့...

မင်းဘူး(စကု)မြို့နယ်၌ ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် မြို့နယ်အတွင်းမှ...

ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး...
HomeNewsLocal Newsပုဂံ သိကြားဟစ်ဘုရားတွင် ရွှေရည်ရေးဘုရားပုံတော်...

ပုဂံ သိကြားဟစ်ဘုရားတွင် ရွှေရည်ရေးဘုရားပုံတော် အသစ်များတွေ့ရှိ

မန္တလေးတိုင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊  သိကြားဟစ်ဘုရားရှိ နံရံဆေးရေးပန်းချီများတွင်ရှေးဟောင်း သုတေသနဆိုင်ရာ ရွှေရည်ရေးဘုရားပုံတော်အသစ်များတွေ့ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

ထိုသို့တွေ့ရှိခြင်းသည် ပထမဆုံးအသစ်တွေ့ရှိမှုဖြစ်ပြီး မည်သည့်ရှေးဟောင်းနေရာများတွင်မှ ထိုကဲ့သို့ နံရံဆေးရေးပန်းချီများတွင် ရွှေရည်ရေး(ရွှေချ)သည့် အထောက်အထားမတွေ့ရှိရသေးကြောင်းလည်း သိရသည်။

သိကြားဟစ်ဘုရားသည် ညောင်ဦး – ပုဂံသွား ကားလမ်းဘေး အမှတ်(၇)ရပ်ကွက် ဝက်ကြီးအင်း၏ အနောက်တောင်ဘက် ပုဂံမြို့ဟောင်းအတွင်းတွင်တည်ရှိပြီး အေဒီ(၁၃)ရာစု ဗိသုကာဖြစ်ကာ ရှေးဟောင်းအဆောက်အအုံအမှတ်-၂၄၉ ဖြစ်သည်။

ရွှေစင်ရွှေသားဖြင့်ပြုလုပ်ထားသည့် ဘုရားပုံတော်နံရံဆေးရေးပန်းချီများနှင့် မင်စာသည် အေဒီ (၁၆) ရာစုက ဖြစ်ပြီး အေဒီ (၁၆) ရာစု၌ ဘုရင့်နောင်မင်းတရားကြီးသည် ပုဂံဒေသသို့ကြွရောက်လာသည့် အချိန်တွင်ရွှေစည်းခုံစေတီတော်ကြီး(ညောင်ဦးမြို့)အား  ရွှေထီးတော်လှူဒါန်းခြင်း၊ ရွှေချခြင်းများဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။

အဆိုပါ ဘုရားရှိနံရံဆေးရေးပန်းချီများ ပျ-က်စီးမှုဖြစ်ပေါ်နေပြီး အင်္ဂတေပန်းလက်ရာများ၊ နံရံများအက်ကွဲကြောင်းများပေါ်နေသည့်အတွက် ရှေးဟောင်းသုတေသနဌာနက ၂၀၂၅ ခုနှစ် မတ်လမှစတင်၍ အဆောက်အအုံထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ရာမှတဆင့် ထိုသို့တွေ့ရှိရခြင်း ဖြစ်သည်။

နံရံဆေးရေးဘုရားပုံတော်များတွင် မျက်နှာတော်၊ လည်ပင်းတော်၊ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ညာဘက်လက်တော်တို့နှင့် ခြေဖဝါးနှစ်ဖက်တော်တို့တွင် ရွှေစင်ရွှေသားများထင်ရှားစွာ ကျန်ရှိနေပါသေးပြီး ဆေးရေးပုံတော်များ၏ သွင်ပြင်လက္ခဏာတို့မှာ ညောင်ရမ်းခေတ်ဟန်ဖြစ်ကြောင်း၊ ဆေးရေးပုံတော်များဘေးတွင် မြတ်စွာဘုရားရှင်အား လက်အုပ်မိုးပူဇော်နေဟန် လူရုပ်များရေးဆွဲထားကြောင်းသိရသည်။

အသစ်တွေ့ခဲ့သည့် ရွှေစင်ရွှေသားဖြင့် တန်ဆာဆင်ထားသော ဘူမိဖဿမုဒြာဟန် ထိုင်တော်မူဗုဒ္ဓပုံတော်များတွင် ယခင်ကတည်းက မင်စာများရေးထိုးထားသော်လည်း နှစ်ပေါင်းများစွာကြာမြင့်၍ ဖုန်မှုန့်များ၊ အညစ်အကြေးများဖြင့် ဖုံးအုပ်နေသည့်အတွက် တိမ်မြုပ်ပျောက်ကွယ်နေခြင်းဖြစ်ပြီး ယခုဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းခြင်းဆောင်ရွက်သည့်အခါမှ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အသစ်တွေ့ရွှေစင်ရွှေသားများဖြင့် တန်ဆာဆင်ထားသည့် ဘုရားပုံတော်ငါးဆူ၏ အောက်ခြေတွင် မင်စာရေးထိုးထားပြီး မင်စာတွင်သက္ကရာဇ် – ၉၄၃ ခုနှစ်ဟုပါရှိသည့်အတွက် အေဒီ (၁၆) ရာစုဟု ယူဆရသည်ဟုလည်း ဖော်ပြထားသ ည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တီးတိန်-တွန်းဇံလမ်းပိုင်းနှင့် တွန်းဇံမြို့ရှိ ဌာနဆိုင်ရာ ရုံးများ၊ ပြည်သူ့ဆေးရုံတို့ကို ဒုတိယဝန်ကြီးဦးမျိုးမြင့် ကြည့်ရှုစစ်ဆေး

တွန်းဇံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ ရောက်ရှိတာဝန်ထမ်းဆောင်နေ တီးတိန်-တွန်းဇံလမ်းပိုင်းအခြေအနေများ၊ တွန်းဇံမြို့ရှိ ဌာနဆိုင်ရာ ရုံးများနှင့် ကုတင် (၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ(တွန်းဇံ)တို့အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၇ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ တီးတိန် - တွန်းဇံ လမ်းပိုင်းအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာများတွင် Culvertများ တည်ဆောက်ရန်၊ မိုးရာသီတွင် ရေမတင် စေရေး အလေးထားဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှု မရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍...

မကွေးမြို့ သိပ္ပံဘာသာတွဲဖြင့် The Whole Burma Top_10 စာရင်းဝင် (၃)ဦးထွက်ပေါ်

ယနေ့ ဇွန် ၂၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် မကွေးတိုင်း၊ မကွေးမြို့မှ သိပ္ပံဘာသာတွဲဖြင့် The Whole Burma Top_10 စာရင်းဝင်(၃)ဦးထွက်ပေါ်ခဲ့ကြောင်း သိရသည်။ " D ဝေလျှံ"ကိုယ်ပိုင်အထက်တန်းကျောင်းမှ မအေး ချမ်းမြေ့ (The Whole Burma)အဆင့်(၂)၊ " D ဝေလျှံ" ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ဥာဏ်ဟိန်းဇေ (The Whole Burma)အဆင့်(၅)နှင့် "မိသားစု"ကိုယ်ပိုင် အထက်တန်းကျောင်းမှ မောင်ဘုန်းတေဇသွေး (The Whole...

နိုင်ငံတော်အစီအစဉ်ဖြင့် ပေးပို့သည့် ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ပူတာအိုသို့ ထပ်မံရောက်ရှိ

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်အစီအစဉ်ဖြင့် ပေးပို့လာသည့် ကျောင်းသုံးဗလာစာအုပ်များ၊ ပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ တင်ဆောင်လာသော မော်တော်ယာဉ်သုံးစီးသည် ယမန်နေ့ ညနေပိုင်းတွင် ပူတာအိုမြို့သို့ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောင်းသုံးပစ္စည်းများကို မြစ်ကြီးနား–ဆွမ်ပရာဘွမ်–ပူတာအို ပြည်ထောင်စုကားလမ်းမကြီးအတိုင်း သယ်ဆောင်ပို့ဆောင်လာခြင်းဖြစ်ပြီး၊ ရောက်ရှိလာသည့် ပစ္စည်းများအား သိုလှောင်ရုံတွင် စနစ်တကျ ထိန်းသိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သိုလှောင်ရုံသို့ ရွှေ့ပြောင်းသယ်ယူရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပညာရေးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ပစ္စည်းများ သိုလှောင်ရုံသို့ စနစ်တကျ ရောက်ရှိရေးနှင့် ထိန်းသိမ်းထားရှိရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071