Sunday, June 28, 2026

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နာဂဒေသ လဟယ်-တိုက်ရံ-ပုံညိုလမ်းပိုင်း ပျက်စီး၊...

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဇွန် ၂၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လဟယ်-တိုက်ရံ-ပုံညို သွားလမ်းတစ်လျှောက် လမ်းပိုင်းပျက်စီးမှုနှင့် ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မကျန်ကျေးရွာနှင့်...

မြန်မာ-တရုတ် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ချုံချင့်မြို့၌...

မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံနှင့် တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ပီရှန်းဆေးရုံတို့အကြား...

စက်သုံးဆီတင်သွင်းမှု စင်ကာပူအရင်းအမြစ်တစ်ခုတည်းအပေါ် အဓိကမှီခိုနေရဟု ဒုတိယဝန်ကြီးပြော

မြန်မာနိုင်ငံ၏ စက်သုံးဆီထောက်ပံ့မှုမှာ ပြည်ပတင်သွင်းမှုအပေါ် အဓိကမှီခိုနေရပြီး လက်ရှိတွင် စက်သုံးဆီတင်သွင်းရေးကို စင်ကာပူနိုင်ငံရှိ အရင်းအမြစ် (Source) တစ်ခုတည်းအား အဓိကကုန်သွယ်ရေးဗဟိုချက်အဖြစ် မှီခိုဆောင်ရွက်နေရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန...

၂၀၁၅–၂၀၁၇ နှင့် ၂၀၂၁–၂၀၂၅ ခုနှစ်အတွင်း...

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းနှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းရောက်ရှိခဲ့သော်လည်း ကနဦးမှတ်ပုံတင်လုပ်ငန်းများ မပြီးစီးသေးသည့်...
HomeMoviesတီးတိန်-တွန်းဇံလမ်းပိုင်းနှင့် တွန်းဇံမြို့ရှိ ဌာနဆိုင်ရာ...

တီးတိန်-တွန်းဇံလမ်းပိုင်းနှင့် တွန်းဇံမြို့ရှိ ဌာနဆိုင်ရာ ရုံးများ၊ ပြည်သူ့ဆေးရုံတို့ကို ဒုတိယဝန်ကြီးဦးမျိုးမြင့် ကြည့်ရှုစစ်ဆေး

တွန်းဇံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ ရောက်ရှိတာဝန်ထမ်းဆောင်နေ

တီးတိန်-တွန်းဇံလမ်းပိုင်းအခြေအနေများ၊ တွန်းဇံမြို့ရှိ ဌာနဆိုင်ရာ ရုံးများနှင့် ကုတင် (၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ(တွန်းဇံ)တို့အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က တာဝန်ရှိသူများနှင့်အတူ ဇွန် ၂၇ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တီးတိန် – တွန်းဇံ လမ်းပိုင်းအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာများတွင် Culvertများ တည်ဆောက်ရန်၊ မိုးရာသီတွင် ရေမတင် စေရေး အလေးထားဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှု မရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် ဒုတိယဝန်ကြီးဦးမျိုးမြင့်က မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တွန်းဇံမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

တွန်းဇံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ ရောက်ရှိတာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

တွန်းဇံမြို့နယ် ကုတင်(၅ဝ)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်(တာဝန်ခံ)၊ တပ်မတော်မှ ဆရာဝန်၊ လက်ထောက်ဆရာဝန်(၁)ဦး၊ ကုသရေးဝန်ထမ်း (၂၅)ဦး၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်း (၆၉)ဦး စုစုပေါင်းဝန်ထမ်း (၉၅)ဦးရှိကာ အတွင်းလူနာများ လက်ခံကုသပေးရန် အဆင်သင့် ဖြစ်နေကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဆေးရုံမှ ပြင်ပလူနာများအား ဆေးကုသပေးနေမှုအခြေအနေများနှင့် အတွင်းလူနာများအား လက်ခံ ကုသပေးရန် ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား လိုက်လံကြည့်ရှုပြီး ဆေးကုသမှု ခံယူနေသည့် ပြည်သူများနှင့် ဝန်ထမ်းများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ကြေးနှင့် BURMAR Cafe ထုပ်များ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နာဂဒေသ လဟယ်-တိုက်ရံ-ပုံညိုလမ်းပိုင်း ပျက်စီး၊ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဇွန် ၂၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လဟယ်-တိုက်ရံ-ပုံညို သွားလမ်းတစ်လျှောက် လမ်းပိုင်းပျက်စီးမှုနှင့် ရေဝပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မကျန်ကျေးရွာနှင့် တိုက်ရံကျေးရွာအကြား လမ်းပိုင်းအချို့ ပျက်စီးခဲ့သည့်အပြင် တိုက်ရံ-ဆပ္ပလော် လမ်းပိုင်းတွင်လည်း ရေဝပ်နေသည့် နေရာများ ဖြစ်ပေါ်ခဲ့သဖြင့် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လမ်းပျက်စီးမှုနှင့် ရေဝပ်နေသည့် အခြေအနေများကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာ-တရုတ် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ချုံချင့်မြို့၌ ဆေးပညာဖလှယ်ရေးအစီအစဉ် ဖွင့်လှစ်

မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံနှင့် တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ပီရှန်းဆေးရုံတို့အကြား ဆေးပညာဖလှယ်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၃ ရက်က ပီရှန်းဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအစီအစဉ်ကို ချုံချင့်နိုင်ငံခြားရေးဌာန၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ချုံချင့်မြို့) နှင့် ပီရှန်းဆေးရုံတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ အစီအစဉ်အရ မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံမှ ဆေးပညာရှင်များ၊ ဆရာဝန်များ၊...

စက်သုံးဆီတင်သွင်းမှု စင်ကာပူအရင်းအမြစ်တစ်ခုတည်းအပေါ် အဓိကမှီခိုနေရဟု ဒုတိယဝန်ကြီးပြော

မြန်မာနိုင်ငံ၏ စက်သုံးဆီထောက်ပံ့မှုမှာ ပြည်ပတင်သွင်းမှုအပေါ် အဓိကမှီခိုနေရပြီး လက်ရှိတွင် စက်သုံးဆီတင်သွင်းရေးကို စင်ကာပူနိုင်ငံရှိ အရင်းအမြစ် (Source) တစ်ခုတည်းအား အဓိကကုန်သွယ်ရေးဗဟိုချက်အဖြစ် မှီခိုဆောင်ရွက်နေရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ပြောကြားသည်။ ဇွန်လ ၂၅ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ပြီး နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးကို ပိုမိုခိုင်မာစေရန် မတူညီသော စွမ်းအင်အရင်းအမြစ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများမှ စက်သုံးဆီတင်သွင်းနိုင်ရေး၊ ကမ္ဘာ့နိုင်ငံများနှင့် စွမ်းအင်ကုန်သွယ်မှု ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးတို့ကို မူဝါဒချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ထို့ပြင် စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071