ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံ ၂၀၀၀ကျော်အား ပြန်လွှတ်လာတဲ့ အထဲမှာ သရုပ်ဆောင်ပိုင်တံခွန် ပါဝင်လာခဲ့ခြင်း မရှိခဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်းကို ပိုင်တံခွန်ရဲ့ အမဖြစ်သူက သူမရဲ့ဖေ့ဘုတ်စ် စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။ “
ကိုယ့်မိသားစုလေး မပျော်ခဲ့ရပေမယ့် ဒီနေ့ ပျော်ရွှင်နေကြတဲ့ မိသားစုတွေ ကိုမြင်ရတော့ မျက်ရည်ကြားက ပီတိဖြစ်ရပြန်တယ်။ ငါတို့ကို surprise လုပ်ချင်လို့များ မနက်က မထွက်လာတာလား ဆိုပြီး အရူးတစ်ယောက်လို ငါတွေးနေခဲ့သေးတာ မဲလုံးရာ ဒီအချိန် ထိ ဆိုမှတော့… မနက်က ပြုံးပျော်နေတဲ့ ဒို့မေက အခုငိုနေတယ်။ တစ်မနက်လုံး အလုပ်ရှုပ်ပြီး ဆူညံနေတဲ့ အိမ်က ခုတော့ တိတ်ဆိတ်လို့။ နင့်သူငယ်ချင်း ဖူးလေး လွတ်ပြီး နင်မပါတော့ စိတ်မကောင်း ဖြစ်နေမလား၊ အားငယ်နေမလား ဆိုပြီး ငါ့မှာ တွေးပူရပြန်တယ်။ ဘာမှ မဖြစ်သလို ဟန်ဆောင်ပြနေရတာ ငါလည်း ပင်ပန်းလှပြီ… ” လို့ရေးသားထားပါတယ်။
