Tuesday, July 14, 2026

ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်နိုင်ရေး အရည်အသွေးမြင့်...

ငလျင်ဘေးအန္တရာယ် ကျရောက်နိုင်သည့် အာဆီယံဒေသတွင် အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို မြှင့်တင်နိုင်ရေးအတွက် အရည်အသွေးမြင့် သံမဏိများ အသုံးပြုရန် အလွန်အရေးကြီးကြောင်း အာဆီယံ သံနှင့်သံမဏိကောင်စီ (ASEAN...

အနီးစခန်းလေဆိပ်ကိုအခြေပြု၍ လေကြောင်းလိုင်း (၄)လိုင်းက မြို့ကြီးများသို့တိုက်ရိုက်ပျံသန်းပြေးဆွဲ

MAI ကလည်း ဇူလိုင် ၁၈ ရက်မှစတင်၍ ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဥ်ပျံသန်းပြေးဆွဲမည် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သော မန္တလေးတိုင်း၊...

လဝက ပြည်ထောင်စုဝန်ကြီးက လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန်ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေး

လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန် ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းအစီ အစဉ်များနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ကရှင်းလင်းဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ဇူလိုင် ၁၃ ရက်မွန်း လွဲပိုင်းတွင် ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဋ္ဌဦးစိုးထက်(ခ)ဆလိုင်းမဲလု အားလက်ခံတွေ့ဆုံစဥ်...

မက္ကဆီကိုတွင် ပမာဏ ၅.၀ အဆင့်ရှိ...

ပေကျင်း၊ ဇူလိုင် ၁၄ ရက် မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ကွန်ဂရီဂါစီယွန် ရီဖော်မာ မြို့၏ အနောက်-အနောက်တောင်ဘက် ၂ ကီလိုမီတာအကွာကို ဗဟိုပြု၍ အင်္ဂါနေ့...
HomeMoviesပါကစ္စတန်တွင် မိုးသည်းထန်စွာရွာသွန်းပြီးအိမ်ပြိုကျ၊ ၉...

ပါကစ္စတန်တွင် မိုးသည်းထန်စွာရွာသွန်းပြီးအိမ်ပြိုကျ၊ ၉ ဦး ‌ေ-သဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိ

အစ္စလာမာဘတ်၊ ဇူလိုင် ၁၄ ရက်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ခွာပြည်နယ် ကိုဟတ်ခရိုင်တွင် တနင်္လာနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျခဲ့ရာ အနည်းဆုံး လူ ၉ ဦး ‌ေ-သဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Rescue 1122 မှ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့ ညနက်ပိုင်းတွင် ပြောကြားရာ၌ အဆိုပါခရိုင်အတွင်းရှိ လာချီဒေသ၊ မာလ်ဂျင်ရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ပြီး အပျက်အစီးများအောက်တွင် လူ ၂၃ ဦး ပိတ်မိခဲ့ကြောင်း သိရသည်။

ကိုဟတ်ခရိုင်နှင့် အိမ်နီးချင်း ကာရတ်ခရိုင်တို့မှ ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ထိခိုက်ခံရသူအားလုံးကို အပျက်အစီးများအောက်မှ အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့ကာ အနီးရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

သေဆုံးသူများထဲတွင် အမျိုးသမီး ၆ ဦးနှင့် ကလေး ၃ ဦး ပါဝင်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့ပြီး၊ ဒဏ်ရာရရှိသူအချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသောကြောင့် ‌ေ-သဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်မည်ကို စိုးရိမ်ရကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

လက်ရှိတွင် ပါကစ္စတန်နိုင်ငံ နေရာအတော်များများ၌ မုတ်သုံမိုး ဆက်တိုက်သည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ အခြေခံအဆောက်အဦများ ပျက်စီးခြင်းနှင့် လူနေမှုဘဝများ ပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်နေစဉ်အတွင်း ယခုကဲ့သို့ နေအိမ်ပြိုကျခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြည်နယ်၏ ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ က ရေဝင်ရောက်မှု မြင့်တက်လာခြင်းကြောင့် နောက်ထပ်နှစ်ရက်အတွင်း ဆည်များမှ ရေထပ်မံလွှတ်ရနိုင်ကြောင်း တနင်္လာနေ့အစောပိုင်းတွင် သတိပေးချက်ထုတ်ပြန်ထားခဲ့သည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်နိုင်ရေး အရည်အသွေးမြင့် သံမဏိအသုံးပြုရန် AISC အကြံပြု

ငလျင်ဘေးအန္တရာယ် ကျရောက်နိုင်သည့် အာဆီယံဒေသတွင် အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို မြှင့်တင်နိုင်ရေးအတွက် အရည်အသွေးမြင့် သံမဏိများ အသုံးပြုရန် အလွန်အရေးကြီးကြောင်း အာဆီယံ သံနှင့်သံမဏိကောင်စီ (ASEAN Iron & Steel Council - AISC) က အစီရင်ခံစာတစ်စောင် ထုတ်ပြန်၍ တိုက်တွန်းထားသည်။ အဆိုပါ အစီရင်ခံစာတွင် အာဆီယံနိုင်ငံများ၌ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို သုံးသပ်ထားပြီး Induction Furnace (IF) စနစ်ဖြင့် ထုတ်လုပ်သည့် သံမဏိများ၏ အရည်အသွေးဆိုင်ရာ အန္တရာယ်များကို...

အနီးစခန်းလေဆိပ်ကိုအခြေပြု၍ လေကြောင်းလိုင်း (၄)လိုင်းက မြို့ကြီးများသို့တိုက်ရိုက်ပျံသန်းပြေးဆွဲ

MAI ကလည်း ဇူလိုင် ၁၈ ရက်မှစတင်၍ ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဥ်ပျံသန်းပြေးဆွဲမည် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သော မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်ကိုအခြေပြုပြီး လေကြောင်းလိုင်း(၄)လိုင်းက ရန်ကုန်မြို့နှင့် နေပြည်တော်တို့အပါအဝင် မြို့ကြီးများသို့ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မင်္ဂလာလေ ကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်းနှင့် မန်းရတ နာပုံလေကြောင်းလိုင်းတို့က စတင်ဖွင့်လှစ်သည့်နေ့မှစ ၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနေ့များတွင် ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့၊ ရှမ်းပြည် နယ်ရှိ တာချီလိတ်၊ ဟဲဟိုးမြို့များသို့တိုက်ရိုက်ခရီးစဉ်များအဖြစ်ပုံမှန်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း...

လဝက ပြည်ထောင်စုဝန်ကြီးက လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန်ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေး

လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန် ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းအစီ အစဉ်များနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ကရှင်းလင်းဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ဇူလိုင် ၁၃ ရက်မွန်း လွဲပိုင်းတွင် ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဋ္ဌဦးစိုးထက်(ခ)ဆလိုင်းမဲလု အားလက်ခံတွေ့ဆုံစဥ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးမည့်အခြေအ နေများကိုလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။ ထို့အတူ ချင်းပြည်သစ် ကွန်ဂရက်ပါတီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့ရှိ ချင်းနှင့် ရခိုင်မျိုးနွယ်စုအတွင်း လူမျိုးအ မည်၊ အခေါ်အဝေါ် အသုံးအနှုန်းများကွဲလွဲနေမှုနှင့် မှန် ကန်စွာသတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် လိုအပ်ချက်များရှိပါက လဝက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071