ပေကျင်း၊ ဇူလိုင် ၁၄ ရက်
မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ကွန်ဂရီဂါစီယွန် ရီဖော်မာ မြို့၏ အနောက်-အနောက်တောင်ဘက် ၂ ကီလိုမီတာအကွာကို ဗဟိုပြု၍ အင်္ဂါနေ့ GMT ၀၁၁၉ နာရီတွင် ပြင်းအားပမာဏ ၅.၀ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ပြောကြားခဲ့သည်။
မြေအောက်အနက် ၈၀.၄ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အဆိုပါ ငလျင်၏ ဗဟိုချက်မှာ ကနဦးတွက်ချက်မှုများအရ မြောက်လတ္တီတွဒ် ၁၄.၇၇ ဒီဂရီနှင့် အနောက်လောင်ဂျီတွဒ် ၉၂.၃၃ ဒီဂရီတွင် ရှိကြောင်း သိရသည်။
Ref: ဆင်ဟွာ
