လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန် ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းအစီ အစဉ်များနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ကရှင်းလင်းဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ဇူလိုင် ၁၃ ရက်မွန်း လွဲပိုင်းတွင် ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဋ္ဌဦးစိုးထက်(ခ)ဆလိုင်းမဲလု အားလက်ခံတွေ့ဆုံစဥ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးမည့်အခြေအ နေများကိုလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။
ထို့အတူ ချင်းပြည်သစ် ကွန်ဂရက်ပါတီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့ရှိ ချင်းနှင့် ရခိုင်မျိုးနွယ်စုအတွင်း လူမျိုးအ မည်၊ အခေါ်အဝေါ် အသုံးအနှုန်းများကွဲလွဲနေမှုနှင့် မှန် ကန်စွာသတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့ပြင် လိုအပ်ချက်များရှိပါက လဝက ဝန်ကြီးဌာနအ နေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကိုလည်း ရှင်းလင်းတင်ပြခဲ့ကြသည်။
