Sunday, September 20, 2026

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို...

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း)...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့်...
HomeMusicပရိသတ်တွေနဲ့ လူကြီးမိဘတွေကို ဂါရ၀ပြုတဲ့...

ပရိသတ်တွေနဲ့ လူကြီးမိဘတွေကို ဂါရ၀ပြုတဲ့ ဒေါ်မာမာအေးရဲ့ စိန်ရတု အဉ္ဇလီဖျော်ဖြေပွဲ

ဂန္ထဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးရဲ့ စိန်ရတု အဉ္ဇလီဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၃ ရက် နေ့ညက ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကတော့ ဒေါ်မာမာအေးရဲ့ ပရိသတ်တွေ နှစ်သက်သဘောကျစွဲမက်နှစ်ခြိုက်စေခဲ့တဲ့ မြန်မာ့ဂီတအနုပညာ ရသအပြည့် ပေးစွမ်းဆုံးပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒေါ်မာမာအေးရဲ့ ပွဲမှာတော့ ဂီတအနုပညာရှင်ကြီးတွေရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့အတူ မျိုးဆက်သစ်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲကိုတော့ အခွေအနေနဲ့ ပြန်လည် ထုတ်လုပ်ဖြန့်ချိဖို့ အစီအစဉ်မရှိဘူးလို့လည်းသိရပါတယ်။

”များသောအားဖြင့် မြန်မာဂီတလောကသားများက ပရိသတ်တွေကို အမိအဖ လို့ သဘောထားကြပါတယ်။  အန်တီ ဒီအသက်ဒီအရွယ်ရောက်လာလို့ မွေးနေ့ပွဲလေးလုပ်တဲ့အခါ လာစုပြီးတော့ ကိုယ့်ရဲ့ပရိသတ်များ ကိုယ့်ရဲ့ လူကြီးမိဘများကို အဉ္ဇလီဆိုတဲ့ ဂါရဝလာပြုတဲ့ သဘောပါပဲ။ ကျွန်မကတော့ လူကြီးရယ် လူငယ်ရယ်မှ မဟုတ်ပါဘူး။ ပရိသတ်တွေနဲ့ ထိတွေ့ စေချင်ပါတယ်။ ဒါပေမဲ့ အကုန်လုံး ထိတွေ့ပေးဖို့ကျတော့ မလွယ်ဘူးလေ။  အဲဒီတော့ ဘယ်သူအရေးအကြီး ဆုံးလဲလို့ စဉ်းစားလိုက်တဲ့အခါ ကိုယ့်ရဲ့ ရှေ့ကလူကြီးတွေက တဖြည်းဖြည်းနဲ့ ၈ဝ တွေကျော်ကုန်ပြီ။ တဖြည်းဖြည်းနဲ့ တဖြုတ်ဖြုတ် ကြွေနေပြီ။ လက်ချိုးရေလို့ ရတာလောက်ပဲ ကျန်တော့တာဆိုတော့ ဒီပုဂ္ဂိုလ်တွေကို နဂိုတုန်းကဆိုခဲ့တဲ့ အသံနဲ့ အခုအသံနဲ့ ကွာသွားပြီ ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးအချိန်မှာ သူတို့ရဲ့စေတနာ မေတ္တာ၊ သူတို့ရဲ့ ဆိုနိုင်ပုံဆိုနိုင်နည်းနဲ့ မဆိုနိုင်တော့တဲ့ လူတွေ လည်း ပါတာပေါ့။ မဆိုနိုင်တဲ့ လူကိုလည်း ဆိုနိုင်အောင် လူကြီးတွေ စိတ်အားတက်အောင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ငါတို့တွေ မဆိုနိုင် တော့ဘူးဆိုပြီးတော့ အားပြတ်သွားတာလေးက တဖြည်းဖြည်းနဲ့ ဖြစ်လာပြီလေ။ ဇရာတွေလည်း ရလာကြပြီ။ အဲဒီတော့ အဆုံးစွန်ဆုံး ကိစ္စတွေကို မတွေးတောခင်မှာ အန်တီက နောက်ဆုံးရှိတဲ့ အားမာန်လေးနဲ့ ပြည်သူလူထုကို တွေ့စေချင်တာ။ အန်တီတို့က ငယ်ငယ်လေးကတည်းက ဂီတကို ဝါသနာပါလို့ တစ်သက်လုံးဆို လာကြတာပဲ။ အခုထက်ထိလည်း ဆိုတုန်းပဲ။ ဆိုလို့ရတဲ့အထိ ဆိုတယ်ဆိုတာ ပရိသတ်ကို ပြောချင်တာပါ” လို့ ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး ဒေါ်မာမာအေးက ပြောပြပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတော့ မန္တလေးအမျိုးသားဇာတ်ရုံမှာ ဒေါ်မာမာအေးရဲ့ စိန်ရတုအဉ္ဇလီ ဖျော်ဖြေပွဲကို ပြုလုပ်ဦးမှာဖြစ်ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071