Saturday, June 27, 2026

Save the Children က...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ Grade- 1 မှ Grade-5 အထိ ကျောင်းသား/သူများကို Save the Children က Student...

ဧရာဝတီတိုင်းဒေသကြီးတွင် တစ်နှစ်အတွင်း မူးယစ်အမှုပေါင်း ၁၈၃...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၅ ဇူလှိုင်လမှ၂၀၂၆ ဇွန်လအထိ တစ်နှစ်အတွင်း မူးယစ်အမှုပေါင်း ၁၈၃ မှုမှ၊တရားခံကျား ၂၈၃ ဦး၊မ ၂၆ ဦး၊ စုစုပေါင်း၃၀၉ဦး...

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်း အမှတ် လူထုလှုပ်ရှားမှု...

အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်း အမှတ်အဖြစ် အားကစားရေးရာဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာ နနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူထုလှုပ်ရှားမှုအခမ်းအနားကို ယနေ့ ဇွန် ၂၇...

ကုန်သွယ်ရေးကွာဟချက်ကိုလျှော့ချရန်တရုတ်ကိုဘင်္ဂလားဒေ့ရှ်တောင်းဆို      

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံနှင့် တောင်အာရှနိုင်ငံအကြား ကုန်သွယ်ရေးကွာဟချက်ကို ကျဉ်းမြောင်းစေရေးနှင့် အဓိက အခြေခံအဆောက်အဦစီမံကိန်းများ ကို အကောင်အထည်ဖော်ရာတွင် ကူညီပေးရန် သောကြာနေ့က ပေကျင်းတွင် ကျင်းပသော ဆွေးနွေးပွဲများအတွင်း...
HomeCelebrities' Newsပရိသတ်တွေက စကားပြောမြန်တယ်လို့ ဝေ...

ပရိသတ်တွေက စကားပြောမြန်တယ်လို့ ဝေ ဖန်တာကို ပြင်သွားမယ့် မေတိုးခိုင်

အိ န္ဒြာကျော်ဇင်ရဲ့ ကိုယ်ပွားလေးဆိုပြီး လူသိ များနေတဲ့ တူမ ဖြစ်သူ မေတိုးခိုင်က ကြော်ငြာတွေ၊ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်နေသလို Music Video တွေမှာလည်း ပါဝင်သရုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဇာတ်ကားရိုက်ကူးမှုမရှိသေးပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အတွက် ဂုဏ်ပြု ဇာတ်လမ်းတစ်ခုကိုလည်း ရိုက်ကူးထား တယ်လို့ သိရပါတယ်။ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကလည်း ဇာတ်ကားရိုက် ကူးတာပဲ ဖြစ်ဖြစ်၊ ကြော်ငြာရိုက်တာ ပဲဖြစ်ဖြစ် အမြဲသင်ပေးသလို အကြံဥာဏ် တွေလည်း ပေးတယ်လို့ ဆိုတဲ့ မေတိုးခိုင် က…

“တီအူဝဲက ကြော်ငြာရိုက်ကူး တိုင်း သင်ပေးတယ်။အခုလည်းသင် ပေးတယ်။ ဖုန်းဆက်ပြီးမှာတယ်။ အဓိကတော့ ညီမက စကား ပြောမြန်တယ်။ အဲဒါကို နှေးခိုင်းတယ်။ တစ်ခုခုဆို အိုက်တင်ကို ကဒ်ဆိုပြီး မအော်မခြင်း မချနဲ့ဆိုပြီး သင်ပေးပါတယ်” လို့ပြော ပါတယ်။ မေတိုးခိုင်က အခုနောက်ပိုင်းမှ သရုပ် ဆောင်တာနဲ့ပတ်သက်ပြီး အတွေ့အ ကြုံတွေ ပိုရှိလာတဲ့အတွက် စိတ်ဖိစီးမှုတွေ နည်း နည်းပိုနည်းလာ ပြီး ပိုပြီးလည်းသရုပ် ဆောင်ရဲလာတယ်လို့ ဆိုပါတယ်။

“ပရိသတ်တွေက ဝေဖန်တာထက် ညီမကိုချစ်ပြီး အားပေးကြပါတယ်။ ဝေဖန် တာကျတော့ တီအူဝဲ ပရိသတ် တွေက ညီမကို စကားပြော မြန် တယ်လို့လူတိုင်းပြောကြ တယ်။ အခုတော်တော်တော့ ပြင် နေပါတယ်”လို့ မေတိုးခိုင် ကပြောပြီး ပရိသတ်တွေ ရဲ့ ဝေဖန်မှုတွေကိုလည်း နားထောင်ပြီး ပြင်ဆင် နေကြောင်း ပြောပြပါ တယ်။

သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး နိုင်ငံခြားဇာတ်ကား တွေကို ကြည့်ရှုပြီး လေ့လာဖြစ်တယ် လို့ဆိုတဲ့ မေတိုးခိုင်က ဒီဇိုင်နာ အလုပ်နဲ့ သရုပ်ဆောင် အလုပ် နှစ်ခုစလုံးကို ဝါသနာပါပြီး အခု လောလောဆယ်မှာတာ့ သရုပ် ဆောင်ပိုင်းကို ပိုပြီးလုပ် ဖြစ်နေတယ် လို့ ပြောပါ တယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071