Thursday, June 25, 2026

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ...

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု...

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ...

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့်...
HomeMoviesပရိသတ်နဲ့ ရုပ်ရှင်တွေကြား ပေါင်းကူးတံတား

ပရိသတ်နဲ့ ရုပ်ရှင်တွေကြား ပေါင်းကူးတံတား

ပြည်တွင်းက မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုဇတ်လမ်းတွေအပေါ်မှာ နယ်ပယ်ဒေသအသီးသီးက ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေနဲ့ အကြံပြုချက်တွေကို စုစည်းပြီး ‘ပရိသတ်နဲ့ ရုပ်ရှင်တွေကြား ပေါင်းကူးတံတား’ ခေါင်းစဉ်နဲ့ ဖော်ပြပေးလိုက်ရပါတယ်။

နွေးနွေးစံ (ဒုတိယနှစ်ကျောင်းသူ-နေပြည် တော်)

ရုပ်ရှင်ဇာတ်ကားတွေထဲမှာဆို ရင်တော့ အကြိုက်ဆုံးရယ်တော့ မရှိ ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ရင် ဇာတ်အိမ် ခိုင်ခိုင်နဲ့အစအဆုံးပရိသတ်ကို ဆွဲ ခေါ်သွားနိုင်မယ့် ဇတ်လမ်းမျိုးကြည့် ချင်ပါတယ်။ ဟာသဇာတ်ကား တွေကတော့ ကြည့်ရတာလည်းကောင်းပါတယ်။ ဇာတ်လမ်းဇာတ်ကွက် သိပ်မရှိလည်း ရယ်နေရဖို့ပဲလေ။ လူစုံတက်စုံနဲ့ဆို ပိုတောင်ရယ်နေရတာပေါ့။ ရုပ်ရှင် လောက ပိုမိုကောင်းစေချင်ပါတယ်။ နိုင်ငံတကာလည်းမီအောင်ပေါ့။ ဇာတ်ကွက်နဲ့ သရုပ်ဆောင်ပုံနဲ့ လိုက် ဖက်တဲ့ မင်းသား မင်းသမီးကတော့ ရှားနေသေးတယ်။ ရုပ်ရှင်ဇာတ်ကား တွေကြည့်လိုက်ရင် ဒီဇာတ်ကားမှာလည်း ဒီလူနောက်ကားမှာလည်း ဒီလူပဲဆို တော့ ရိုးလာတာလေးတွေတော့ရှိ တာပေါ့။ သူ့ဇတ်ရုပ်နဲ့ပီပြင်အောင် အချိန်ယူပြီးလေ့ကျင့်ထားတဲ့ အသက်ဝင်တဲ့ ဇတ်ရုပ်မျိုးတွေကို ကြည့်ချင်ပါတယ်။

အေးမြတ်သူ( ပထမနှစ် ဥပဒေ -ပဲခူး)

ရုပ်ရှင်တွေက အခုလတ်တလော မှာတော့ မြန်မာဇာတ်ကားတွေ ကြည့်ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်   ကိုယ်တွေကတော့ ဟာသဇာတ်ကားပဲ ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟာသဇာတ်ကားတွေက စိတ်လွတ် လပ်မှုပေးတယ်လေ။ ကိုယ်ကအလုပ်  မှာ pressure တွေ ဘာတွေရှိခဲ့ အခါ ဟာသကားလေး ကြည့်လိုက်ရင် ခဏတော့ မေ့ပျောက်သွားတာပဲလေ။ သူများတွေကတော့ မြန်မာပေါကား တို့ ဘာတို့ပြောနေကြပေမယ့် သူအ ကြိုက်ကိုယ့်အကြိုက်ဆိုတာရှိတာပဲလေ။ ကိုယ့်ဒေသ ကိုယ့်အရပ်နဲ့ ကိုယ်ကြည့်နေရတာတန်တယ်လို့ ထင်မိပါတယ်ရှင့်။

ကျော့ကေကို( ပထမနှစ် ရူပဗေဒ -ရွှေတောင်)

ကိုယ်ကြိုက်တဲ့ ရုပ်ရှင်တွေဆိုရင် DRAMA ဇာတ်ကားတွေ ကြည့်ရတာ ကြိုက်တယ်။ ကိုယ်ကြိုက်တဲ့ သရုပ် ဆောင်တွေကိုလည်း အဲဒီလိုဇာတ်ကား မျိုးလေးများများရိုက်စေချင်တယ်။ မြန်မာဇာတ်ကားတွေ ကြည့်ရတာကို နှစ်သက်ပါတယ်။ ဟာသဇာတ်ကားတွေ ကြည့်ရတာ ကိုယ့်ကိုပျော်ရွှင်မှုပေး တာကြောင့်ကြည့်ဖြစ်တာပါ။ တစ်ခါ တလေကျတော့လည်း မြန်မာဇာတ် ကားတွေက နိုင်ငံခြားဇာတ်ကားတွေ နဲ့ ဆင်တူရိုးမှားလေးတွေရှိတယ်။အဲဒါကိုတော့ မဖြစ်စေချင်ဘူး။ ကိုယ်တိုင်ဖန်တီးထားတဲ့ စစ်စစ်ကိုဘဲ ကြည့်ချင်တယ်။ ကူးချတာတွေဆို ရင် အလွန်ကောင်းနေပေမယ့်လည်း မကြည့်ချင်ဘူး။ သရုပ်ဆောင်တွေ ကတော့ လိုအပ်ချက်ရယ်လို့ သိပ်မရှိ ပါဘူးလို့ထင်တယ်။ လူဆိုတာက တော့ လိုအပ်ချက်တစ်မျိုးဆီရှိကြ တာပဲလေ။ ဘာတွေပဲဖြစ်ဖြစ် ပရိ သတ်ရင်ထဲရောက်အောင် ရိုက်ပေးပါ လို့ ပြောချင်ပါတယ်။

သိန်းသန်းစိုးစံငြိမ်း(ပထမနှစ် ရူပဗေဒ-မကွေး)

ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီး တွေကိုလည်း ရိုးရိုးအေးအေးလေးပဲ သရုပ်ဆောင်စေချင်ပါတယ်။ ဟာ သဇာတ်ကားတွေတော့မကြည့်ဖြစ် ပါဘူး။ ကြိုက်လည်းမကြိုက်ဘူး။ အ ကယ်ဒမီဆုဆိုရင်တော့လေ ဘုန်း ကညာနှစ်ပါး ရုပ်ရှင်ဇာတ်ကားထဲက ဖွေးဖွေးကိုရော မြင့်မြတ်ကိုရော ရ စေချင်ပါတယ်။ တစ်ခုအကြံပေးချင် တာကတော့ သူများနိုင်ငံက ဇာတ် ကားတွေကို copy မကူးဘဲကိုယ့် Idea နဲ့ ကိုယ်ရိုက်စေချင်ပါတယ်။

ဘုန်းဇော်ထက် (ဒုတိယနှစ် ဘူမိဗေဒ – မန္တလေး)

အရည်အသွေးကောင်းကောင်း ရုပ်ရှင်ဇာတ်ကားတွေတော့ ကြည့် ချင်မိပါသေးတယ်။ သရုပ်ဆောင် ပိုင်းကတော့ကောင်းတဲ့သူတွေရှိပါ တယ်။ ဇာတ်ကောင် စရိုက်နဲ့ ကိုက် ညီတာ လေးတွေတော့ လိုသေးတယ်။ သရုပ်ဆောင်ပိုင်းကတော့ ဒါရိုက်တာ ကောင်းကောင်းနဲ့ ညွှန်ပြပေးရင်   အဆင်ပြေလာကြတယ်လို့ထင်ပါ တယ်။  ဟာသဇာတ်ကားအနေနဲ့က တော့ လူတွေကပြောနေတာပဲ။ ပေါ ကားတွေဆိုပြီး။ ဒါပေမယ့်လည်း ကျွန် တော်ကတော့ ဟာသဇာတ်ကားက ပိုကြည့်ကောင်းနေပါတယ်။ ဇာတ် လမ်းဇာတ်ကွက်နဲ့ကတော့ ထူးခြား တာမျိုးလေးတွေကြည့်ချင်မိတာပေါ့။ ရုပ်ရှင်အဆင့်အတန်းမြင့်မားလာစေ ချင်ပါတယ်။ နိုင်ငံခြားဇာတ်ကားတွေ နဲ့ကွာခြားမှုက အလွန်များတယ်။ ပရိသတ်ကလည်း တစ်ခါလာလည်း ဟာသ၊ တစ်ခါလာလည်း  Dramar နဲ့ ထူးခြားတာမျိုးလေးတွေ ကြည့်ချင်ကြ တာပေါ့။  အက်ရှင်ဇာတ်ကား ဆိုပြန် တော့လည်း များများစားစားကို မရှိ ဘူး။ (ရုပ်ရှင်အနေနဲ့ပေါ့) သရုပ် ဆောင်တွေ အနေနဲ့လည်း ကိုယ်ကျ ရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ် ဆောင်နိုင်ကြဖို့ လိုသေးတယ်လို့ ထင်ပါတယ်။

ချောစုစုစံ (ပထမနှစ် ဒဿနိကဗေဒ – ပြည်)

သူများတွေကပေါကားလို့ပြောနေကြပေမဲ့လည်း လူတစ်ကိုယ်စိတ် တစ်မျိုးပေါ့။ ပေါကားရယ်လည်း မဟုတ်ပါဘူး။ သူတို့တက်ကျွမ်းသလို ပရိသတ်တွေကိုပျော်စေချင်လို့ ခုလို ဇာတ်ရုပ်ကိုသရုပ်ဆောင်ရတာပဲလေ မြန်မာရုပ်ရှင်တွေနဲ့ပတ်သက်ပြီး  ဆက် ပြီးလည်း ကြိုးစားစေချင်ပါတယ်။

အောင်ကောင်းခန့် ( ပထမနှစ် မြန်မာစာ – ရန်ကုန်)

မန်မာကားတွေကို ရုံတင်ပြီဆိုတာနဲ့ ကိုသွားကြည့်ဖြစ်ပါတယ်။  အကယ်ဒမီ ကတော့ကိုနေတိုးနဲ့ ကိုမြင့်မြတ် နှစ် ယောက်စလုံးကိုရစေချင်ပါတယ်။ မြန်မာဇာတ်ကားတွေကိုတော့ကြည့်ရတာသဘာဝကျကျနဲ့ပီပီပြင်ပြင်လေးရှိစေချင်ပါတယ်။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071