Tuesday, May 5, 2026

7 EAO Alliance က...

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက်...

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI)...

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက် ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏...
HomeCelebrities' Newsပရိသတ်တစ်ဦးကို လက်မှတ် ၂...

ပရိသတ်တစ်ဦးကို လက်မှတ် ၂ စောင်ပဲ ရောင်းချမယ့်စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဂီတဖျော်ဖြေပွဲ

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဂီတသက် တမ်းတစ်လျှောက် အမှတ်တရ ရှိနေခဲ့တဲ့ သီချင်းတွေကိုစုစည်းပြီး ‘ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း’ လို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အမျိုးသားကဇာတ်ရုံမှာ ဖျော်ဖြေပွဲ လုပ်ချင်ခဲ့တာက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ငယ်ဘဝအိပ်မက်တစ်ခုပါ။ အခုအခါမှာ တော့ သူ့ရဲ့အိပ်မက်ကို အကောင် အထည်ဖော်ပြီး သီချင်းတွေအားလုံးကို သံစုံတီးဝိုင်းနဲ့ တီးမှုတ်ကာ သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။

”သံစုံတီးဝိုင်းနဲ့ မပြောနဲ့ တစ်ပွဲလုံးကိုBand နဲ့ပဲ အီဲစအဆုံးတီးတာ တစ်ခါမှ မလုပ်ဖူးပါဘူး။ အလွန်ဆုံး ကျွန်တော် ၁ဝ ပုဒ်လောက် လုပ်ဖူး တယ်။ ပြီးရင DJ နဲ့ ဆက်ပြီးတော့ ဆိုတာပဲ။ ဒီပွဲကတော့ တစ်ပွဲလုံးကို သံစုံတီးဝိုင်းနဲ့ ရှိသမျှအသံအားလုံးကို ကျွန်တော်တို့ တီးမှုတ်သွားမှာဖြစ်ပါ တယ်။ အတွေ့အကြုံအသစ်တစ်ခု ဖြစ်တဲ့အတွက် အခုကတည်းက ရင်ခုန် စိတ်လှုပ်ရှားနေပါတယ်။ အကြမ်းဖျင်းကတော့ သီချင်းရွေးလို့ မပြီးသေးပါဘူး။ ကျွန်တော်ထိုင်ခုံနဲ့ ရှိုးတစ်ခါမှ မလုပ်ဖူးဘူး။ အမြဲတမ်းလိုလိုက စင်ပေါ်မှာရော စင်အောက်မှာရော ခုန်တယ်။ ပေါက်တယ်။ ဘောလုံးပွဲတစ်ပွဲပြီးသွားသလိုပဲ အဆိုတော်ရော၊ ပရိသတ်ရော ချွေးတွေ ရွှဲပြီး ပြန်သွားကြတာချည်းပဲ။ ဒီပွဲက ကျွန်တော့်ဘဝရဲ့ ပထမဆုံးထိုင်ကြည့်ရမယ့် ပွဲဖြစ်ပါတယ်။ ပထမဆုံး ဒေါက်ဖိနပ်နဲ့ တက်ရောက်လာနိုင်မယ့်ပွဲလည်း ဖြစ်ပါတယ်။ ထိုင်ကြည့်တဲ့ ပရိသတ်တွေနဲ့ လိုက်ဖက်တဲ့ သီချင်းမျိုးကို ရွေးချယ်ဖို့ စိတ်ကူးထားပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

‘ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း’ ဆိုတာက စိုင်းစိုင်းခမ်းလှိုင် သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ရဲ့နာမည်ပါ။ ဒီပွဲမှာ သီချင်းအပုဒ် ၃ဝ ခန့် ဖျော်ဖြေမှာဖြစ်ပြီး ဂီတလမ်းကြောင်းမှာ ဖြတ်သန်းခဲ့တဲ့ သီချင်းပေါင်းများစွာထဲက ပရိသတ်နဲ့ ရင်ခုန်သံချင်းထပ်တူကျခဲ့တဲ့ သီချင်းတွေကို ဖျော်ဖြေသွားမှာဖြစ်ကြောင်းကို စိုင်းစိုင်းခမ်းလှိုင်က …

”ဒီသီချင်းက ကျွန်တော့်ရဲ့ဘဝ ငယ်ငယ်ကတည်းကနေ ဂီတသမားဘဝ၊ အနုပညာသမားဘဝအကြောင်းကို ရေးစပ်ပြီး သီဆိုထားတဲ့သီချင်းဖြစ်ပါ တယ်။ အခုပွဲကိုလည်း ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ဂီတသမိုင်းတစ်လျှောက်မှာ ရှိခဲ့တဲ့ သီချင်းတွေ အားလုံးကို ပြန်လည်သီဆိုမယ်။ ကျွန်တော်သီချင်းအသစ် လုံးဝမဆိုဖြစ်ဖို့ များပါတယ်။ သီချင်းအဟောင်းတွေ ဆိုမယ်။ ဒါက ပြီးခဲ့တဲ့ ဇာတ်လမ်းပေါ့လေ။ ဒီသီချင်းတွေကလည်း ကျွန်တော့်ဘဝရဲ့ ဖြတ်သန်းမှုဖြစ်စဉ် တွေ အမှတ်တရတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လက်မှတ်များကို စက်တင်ဘာ ၁၆ ရက်နေ့ Junction City မှာ စတင်ရောင်းချခဲ့ပြီး ထိုင်ခုံအရေအတွက် ၁၄၆ဝ ပဲ ရှိတာကြောင့် ပရိသတ် တစ်ဦးကို လက်မှတ် ၂ စောင်ပဲ ရောင်းချတာ ဖြစ်ပါတယ်။ လက်မှတ် များကို ၁ဝဝဝဝ ကျပ်၊ ၂ဝဝဝဝ ကျပ်၊ ၃ဝဝဝဝကျပ်၊ ၅ဝဝဝဝ ကျပ်နဲ့ VIP ဆိုပြီး ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

7 EAO Alliance က မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန် ထိတွေ့ဆက်ဆံမှုမူဘောင် (၄) ချက်ကို အတည်ပြုနိုင်ခဲ့

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ မေလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အရေးပါသော မူဝါဒများကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊အဖွဲ့အစည်း၏ အနာ ဂတ်ရပ်တည်ချက်နှင့်မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရာတွင် အသုံးပြုမည့် (Rules of Engagement)စည်းမျဉ်းများ၊အတွင်း ရေးမှူးအဖွဲ့က...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို ကုလသမဂ္ဂ ဂုဏ်ပြု​​ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများ‌နေ့ (Interna tional Day of the Midwife)တွင် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ စိန်ခေါ်မှုများကြားမှ တာ ဝန်ထမ်းဆောင်နေကြသော သားဖွားဆရာမများ၏ ချီးကျူးဂုဏ်ပြုထိုက်သည့် သတ္တိနှင့် စွမ်းဆောင်ရည်များကို ကုလသမဂ္ဂ...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဖော်ပြထားသည်။ ၎င်းတို့သည် မည်သည့်မိခင်တစ်ဦးတစ်ယောက်မျှ မီးဖွားစဉ်ခံစားရသည့် ဝေဒ နာကို တစ်ကိုယ်တည်း မရင်ဆိုင်ရစေရန်နှင့် ဘေးကင်းလုံခြုံစွာမီးဖွားနိုင်ရန် အ စွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေကြသူများဖြစ်သည်ဟု ဆိုထားသည်။ ​ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကိုယ်ဝန် ဆောင်မိခင်ပေါင်း ၄၀၀,၀၀၀ ကျော် မှာ အသက်ကယ်ဆယ်ရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိပြီး ထိုသို့သောအခြေအနေတွင် သားဖွားဆရာမများသည် ကျန်းမာရေးဝန်ထမ်းများ အ ဖြစ်သာမက အားကိုးရာမဲ့နေသူများ...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက် EOI ဖိတ်ခေါ်

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI) တင်ပြရန် ဖိတ်ခေါ်ထားသည်။ ဖိတ်ခေါ်ထားသည့် စီမံကိန်းများမှာ ရန်ကုန်တိုင်းဒေသကြီး သီလဝါစီမံကိန်းအတွင်းရှိ ဆိပ်ကမ်းနှင့် သိုလှောင်ရုံ အဆောက်အဦများ၏ Civil Works နှင့် Steel Structure တည်ဆောက်ရေးလုပ်ငန်းများ၊ လျှပ်စစ်နှင့် Solar တပ်ဆင်ခြင်းလုပ်ငန်းများ ပါဝင်သည်။ ထို့အပြင် နေပြည်တော်ရှိ ဆန်စက်နှင့် ဆီစက်စီမံကိန်းအတွက် အဆောက်အဦ တည်ဆောက်ရေးနှင့် လျှပ်စစ်/ Solar တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071