Saturday, September 19, 2026

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့်...

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ...

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...
HomeCelebrities' Newsပရိသတ်ကို တန်ဖိုးရှိတဲ့အနုပညာကို ချပြနိုင်ဖို့အရေးကြီးပါတယ်...

ပရိသတ်ကို တန်ဖိုးရှိတဲ့အနုပညာကို ချပြနိုင်ဖို့အရေးကြီးပါတယ် နေမျိုးအောင်

သဘာဝကျတဲ့သရုပ်ဆောင်မင်းသားတစ်ဦးအနေနဲ့ ပရိသတ်တွေအားပေးမှုရရှိနေတဲ့ နေမျိုးအောင်က ဘယ်လိုကာရိုက်တာမျိုးပဲလာလာ အနုပညာနဲ့ ပရိသတ်ကို အကောင်းဆုံး ပေးဆပ်သွားဖို့အတွက် စိတ်နှလုံးသွင်းထားသူပါ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင် ရမှာဘဲ ဆိုတဲ့ နေမျိုးအောင်က… “သရုပ်ဆောင်တစ်ယောက်အနေနဲ့ကတော့ ဒရမ်မာလဲရမယ်။ အက်ရှင်လဲရမယ်။ ဖန်စီလဲရမယ်။ ဟာသလဲရမယ်။ အနုပညာဝမ်းစာကတော့ လူတိုင်းကိုယ်စီရှိကြတာပဲ။ ကိုယ့်စီရောက်လာမယ့် ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ဖို့အရေးကြီးပါတယ်။ တန်ဖိုးရှိအောင်ပေါ့။ ပရိသတ်ကို ချပြတဲ့နေရာမှာလဲ တန်ဖိုးရှိတဲ့အနုပညာကို ချပြနိုင်ဖို့အရေးကြီးတယ်လေ။ တန်ဖိုးမရှိတဲ့အနုပညာကို ချပြရင်တော့ မကောင်းဘူးပေါ့။” လို့ပြောပါတယ်။ နေမျိုးအောင်က ဗီဒီယိုဇာတ်ကားတွေ အများဆုံးရိုက်ကူးခဲ့ပြီး နယ်ပရိသတ်တွေ အခိုင်အမာရရှိခဲ့သူပါ။ အခုအချိန်မှာ ဗီဒီယိုဈေးကွက်ပျက်သွားတဲ့အတွက် နယ်ပရိသတ်တွေ ဗီဒီယိုဇာတ်ကားအသစ်တွေတော့ မကြည့်ရတော့ပေမယ့် ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပါတယ်လို့ ဆိုတဲ့ နေမျိုးအောင်က . . .

“အရင်တုန်းက ရိုက်ထားတဲ့ ဇာတ်ကားဟောင်းတွေကို ချန်နယ်တွေက ၀ယ်ပြတယ်။ နယ်တိုင်းမှာ ချန်နယ်အသီးသီး ၀ယ်ပြီးတော့ မြန်မာရုပ်ရှင်ကားဟောင်းတွေကိုပြန်ကြည့်နေရတယ်ပေါ့။။ နောက်တစ်ခုအားသာတာက ချန်နယ်အသီးသီးက ဇာတ်လမ်းတွဲတွေ ၀င်လာတယ်။ ပရီသတ်တွေအနေနဲ့ အသစ်သစ်တွေတော့ ပြန်ကြည့်နေရတာပေါ့။ ရုပ်ရှင်ဇာတ်ကားကြီးဆိုတာက နယ်တွေမှာ ရုပ်ရှင်ရုံတွေဆိုတာ ရှိတဲ့နေရာလဲရှိတယ်။ မရှိတဲ့နေရာလဲ မရှိကြဘူး။ မရှိတဲ့နေရာကျတော့ တီဗီချန်နယ်တွေက ကျွန်တော်တို့သရုပ်ဆောင်ထားတဲ့အသစ်တွေကိုတော့ ရင်းရင်းနှီးနှီးကြည့်နေရဦးမှာပေါ့။ ဗီဒီယိုခေတ်တုန်းကလိုတော့ စက်နဲ့လှည့်ထုတ်သလို အသစ်ပြီးအသစ်တော့ မကြည့်ရတော့ဘူးပေါ့။” လို့ပြောပါတယ်။ အခုအချိန်မှာ ရုပ်ရှင်လောကသားတွေအနေနဲ့ ပရိသတ်တွေအတွက် ရသစုံရိုက်ကူးတင်ဆက်နိုင်ဖို့လဲ အရေးကြီးပါတယ်။ ဇာတ်ကားတစ်ကားကောင်းဖို့ အဖက်ဖက်က ကြိုးစားဖို့မူတည်ပြီး ဇာတ်ကားကောင်းရင် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုရမှာဖြစ်သလို ဇာတ်ကားမကောင်းရင်တော့ ပရိသတ်တွေရဲ့ အားပေးမှုရမှာမဟုတ်ဘူးလို့လဲ ဆိုပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071