Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...
HomeCelebrities' Newsပန်းတနော်မြို့နယ်၊ ကျက်ကျွန်းနဲ့ ရွှေဖလားကျွန်းတို့မှာ...

ပန်းတနော်မြို့နယ်၊ ကျက်ကျွန်းနဲ့ ရွှေဖလားကျွန်းတို့မှာ နွမ်းပါးကလေးငယ်များအတွက် သွားရောက် လှူဒါန်းခဲ့တဲ့ မေပန်းချီ

သရုပ်ဆောင်မေပန်းချီက ပျိုး ခင်းပရဟိတအဖွဲ့နဲ့အတူ စက်တင် ဘာလ ၁၆ ရက်နေ့က ဧရာဝတီ တိုင်း၊ ပန်းတနော်မြို့နယ်၊ ကျက် ကျွန်းနဲ့ ရွှေဖလားကျွန်းတို့မှာ နွမ်းပါး ကလေးငယ်များအတွက် ရေလမ်း ခရီးနဲ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ကလေးငယ် ၄ဝဝ ကျော်အတွက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံး ပစ္စည်းများနဲ့ ဆန်အိတ်တွေ သွား ရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရ ပါတယ်။ ရေလမ်းခရီးနဲ့ ခက်ခက်ခဲ ခဲ သွားရောက်လှူဒါန်းခဲ့တဲ့ အလှူ အကြောင်းကိုတော့  သရုပ်ဆောင်မေပန်းချီက ပျိုး ခင်းပရဟိတအဖွဲ့နဲ့အတူ စက်တင် ဘာလ ၁၆ ရက်နေ့က ဧရာဝတီ တိုင်း၊ ပန်းတနော်မြို့နယ်၊ ကျက် ကျွန်းနဲ့ ရွှေဖလားကျွန်းတို့မှာ နွမ်းပါး ကလေးငယ်များအတွက် ရေလမ်း ခရီးနဲ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ကလေးငယ် ၄ဝဝ ကျော်အတွက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံး ပစ္စည်းများနဲ့ ဆန်အိတ်တွေ သွား ရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရ ပါတယ်။ ရေလမ်းခရီးနဲ့ ခက်ခက်ခဲ ခဲ သွားရောက်လှူဒါန်းခဲ့တဲ့ အလှူ အကြောင်းကိုတော့ ……

“ဒီလိုလှူကြတဲ့ပန်းခင်းအဖွဲ့က ပန်းချီနဲ့လည်း ခင်ပြီးခေါ်ကြတော့ လိုက်သွားဖြစ်တာပါ။ အဲဒီအရပ်က ကျောင်းတွေကလည်း မပြည့်စုံရှာကြ တော့ ကလေးတွေအတွက် ကျောင်း စိမ်းတွေနဲ့၊ ဆန်အိတ်တွေဘာတွေ လှူဖြစ်ခဲ့ကြတယ်။ ပန်းတနော်မြို့က နေ ပန်းခါတုံ ရေလမ်းခရီးကို ၁ နာရီခွဲကျော်ကျော် ၂နာရီနီးနီး သွား ခဲ့ရတယ်။ အဲဒီနေရာမှာလည်း ဗွက် တွေတအားများပြီး ဒူးခေါင်းလောက် အထိဖြစ်နေတော့ ခြေချစရာတောင် မရှိဘူး။ ဗွက်ထဲမှာ သပ်သပ်ဆင်းပြီး ဓာတ်ပုံရိုက်တယ်လို့ ထင်နေကြ တယ်။ တကယ်တော့ ဒီကျွန်းတွေက ဗွက်ထူတယ်။ ကလေးတွေလည်း သနားဖို့ကောင်းတယ်။ ဒူးလောက် ကျော်တဲ့ ဗွက်ထဲမှာနေ့တိုင်း ကျောင်း တက်ရတယ်။ နောက်ပြီး ဒီဗွက်တွေ ထဲမှာပဲ ငရုပ်တွေစိုက်တာဆိုတော့ ငရုပ်ခင်းတွေက ဆူးတွေလည်းရှိ တယ်။ ဒါပေမဲ့ ကလေးတွေက သွားနေကြပါ။ ရွှေဖလားကျွန်းက ကလေး အယောက် ၂၃ဝကျော်နဲ့ ကျက်ကျွန်းက =ဘက+ကျောင်းသား ၈ဝ ယောက်လောက်ရယ်၊ နောက် ပြီး မူကြိုကျောင်းက ကလေးတွေကို လှူဒါန်းခဲ့တယ်။

မေပန်းချီအနေနဲ့ ပရဟိတ လှူဒါန်း မှုတွေ အမြဲလုပ်ဖူးခဲ့ပေမယ့် ပန်းတနော်ခရီးစဉ်ကတော့ ဘဝမှာ အမှတ်တရပါပဲလို့ဆိုပါတယ်။ ကလေးတွေချစ်တတ်တဲ့ မေပန်းချီ အတွက် ဒီလှူဒါန်းမှုအပေါ် ဝမ်းသာ ပီတိစကားသံတွေက “ပန်းချီက ကလေးချစ်တော့ ကလေးတွေနဲ့ ပတ်သက်ရင် တအား စိတ်ရှည်တယ်။ လှူတာတန်းတာတွေ လည်း လုပ်ချင်တယ်။ လုပ်ခဲ့သမျှ ကုသိုလ်ကောင်းမှုတွေထဲမှာ ဒီတစ် ခေါက်ကတော့ တကယ်ကို ခက်ခက် ခဲခဲနဲ့ ပင်ပင်ပန်းပန်းပါပဲ။ ပီတိလည်း တအားဖြစ်ရတယ်။ တချို့နေရာတွေ က ရန်ကုန်နဲ့နီးတော့ အလွယ်တကူ သွားပြီးလှူလို့ရတယ်။ ဒီလိုနေရာကျ တော့ သွားလာရခက်ခဲလို့ အလှူရှင် တွေလည်း နည်းတယ်။ ပန်းချီတို့ သွားတုန်းကဆို ထမင်းတွေ၊ ဟင်း တွေ စီစဉ်ထားကြတယ်။ အလှူရှင် လည်းရှားတယ်။ ဒီအရပ်က ပိုက်ဆံ ရှားပြီး တန်ဖိုးလည်းရှိတယ်။ ဒီလို အရပ်မျိုးမှာ လှူခွင့်ရတဲ့အတွက် လည်း ပီတိအရမ်းဖြစ်သလို ကျေးဇူး လည်းတင်တယ်။ ပန်းချီလို ဒေါင် ဒေါင်မြည်တဲ့ လူတောင်မှ ခရီးက ပြန်လာတော့ နှစ်ရက်လောက် ဖျား တယ်။ ခရီးလည်း ကြမ်းလို့ပါ”လို့ မေပန်းချီက ပြောပြပါတယ်။

မေပန်းချီတို့ သွားလှူခဲ့တဲ့ အရပ်က ရေတိုက်စားမှုများဖြစ်ပေါ် ပြီး ကမ်းပါးပြိုပျက်တာတွေ ရှိနေ တာကြောင့် နေထိုင်သူများလည်း အခက်အခဲ ရှိနေကြရပါတယ်။ ဒါ ကြောင့် မေပန်းချီက နောက်ထပ် တစ်ကြိမ် သွားရောက်လှူဒါန်းမှုများ ပြုလုပ်ဦးမယ့်အပြင် ဒီဒေသအ တွက်လည်း လှူဒါန်းချင်သူများ အတွက် အလှူခံပေးသွားဦးမယ်လို့ ဆိုပါတယ်။

 မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071