Tuesday, August 4, 2026

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...
HomeNewsLocal Newsပထမဦးဆုံး အမျိုးသားအဆင့် National...

ပထမဦးဆုံး အမျိုးသားအဆင့် National Geopark အဖြစ် ပုပ္ပါးတောင်ဒေသအား သတ်မှတ်သွားနိုင်ရေး စီစဉ်နေ

ပထမဦးဆုံး အမျိုးသားအဆင့် National Geopark အဖြစ် ပုပ္ပါးတောင်ဒေသအား သတ်မှတ်သွားနိုင်ရေး စီစဉ်နေ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်အား အမျိုးသားဘူမိဥယျာဉ် ဖြစ်မြောက်ရေးအတွက် အဆိုပြု Geosites များကို တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၆ရက်နေ့တွင် စစ်ဆေးပြီး သတ်မှတ်ချက်ကိုက်ညီသည့် နေရာများကို ကွင်းဆင်းကြည့်ရှု၍ အတည်ပြုခဲ့ကြောင်းဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ ၏ သတင်းတစ်ပုဒ်အရသိရသည်။

နိုင်ငံတကာအသိအမှတ်ပြု ထိန်းသိမ်းကာကွယ်ရေး နယ်မြေ ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ်(UNESCO Global Geopark) တည်ထောင်နိုင်ရေးအတွက် အရေးကြီးသည့် အမျိုးသားအဆင့် ဘူမိဥယျာဉ် (National Geopark) တည်ထောင်သတ်မှတ်ရန် ဦးစွာလိုအပ်သည်။

မြန်မာနိုင်ငံတွင် Local Geopark & National Geopark များ မရှိသေးဘဲ ပထမဦးဆုံး အမျိုးသားအဆင့် National Geopark အဖြစ် Mount Popa National Geopark ကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ တင်ပြဆွေးနွေးပြီး ပုပ္ပားတောင် သစ်တောဧရိယာအတွင်း အဆိုပြုနေရာ Geosites ၁၆ နေရာကို ပဏာမရွေးချယ် တင်ပြသည့် နေရာများအနက် သတ်မှတ်ချက်ကိုက်ညီသည့် နေရာများကို တာဝန်ရှိသူများက ယခုကဲ့သို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးအတည်ပြုခြင်းဖြစ်သည်။

ပုပ္ပားတောင်ဒေသသည် မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုနှင့် ဘူမိဗေဒအရ အလွန်အရေးပါသည့် ဒေသတစ်ခုကာ မိုးခေါင်သည့် အညာဒေသတွင် ရှိသော်လည်း အမြဲစိမ်းလန်း စိုပြေပြီး ပုပ္ပားတောင်မကြီး မှ သဘာဝ အလျောက် စီးဆင်းလျက် ရှိသော စိမ့်စမ်းရေများ ထွက်ရှိသည်ကို တွေ့ရသည်။

ပုပ္ပါးတောင် ဒေသကို ၁၉၅၄-၁၉၅၅ ခုနှစ်တွင် ထိန်းသိမ်း ကန့်သတ်နယ်မြေ အဖြစ် လည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် ပုပ္ပားတောင် ဥယျာဉ် စီမံကိန်းကို လည်းကောင်း၊ ၁၉၈၈- ၂ဝဝဝ ပြည့်နှစ် များတွင် မြန်မာ- ဂျပန် ချစ်ကြည်ရေး လုပ်ငန်းအဖြစ် Afforestation Project ကို လုပ်ဆောင်ခဲ့သည်ဟုသိရသည်။

ယင်းအပြင် ပုပ္ပားတောင်သစ်တောဧရိယာ (Sandagu Forest) စန္ဒကူးတောနှင့် သမင်ခြံ၊ (Medical Plant) ပရဆေးဥယျာဉ်နှင့် ပြတိုက်၊ Lahar (Volcanic Mud Flow) ပုပ္ပားမီးတောင်ရွှံ့ချော်ရည်၊ (Augite Andesite Stone Forest) ကျောက်တုံးကြီးများဖြင့် ဖွဲ့စည်းထားသော သစ်တော၊ (Fossil Museum) ကျောက်ဖြစ်ရုပ်ကြွင်း ပြတိုက်တို့လည်း ရှိသည်။

Zaw Gyi

ပထမဦးဆုံး အမ်ိဳးသားအဆင့္ National Geopark အျဖစ္ ပုပၸါးေတာင္ေဒသအား သတ္မွတ္သြားႏိုင္ေရး စီစဥ္ေန

မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ပုပၸားေတာင္အား အမ်ိဳးသားဘူမိဥယ်ာဥ္ ျဖစ္ေျမာက္ေရးအတြက္ အဆိုျပဳ Geosites မ်ားကို တာဝန္ရွိသူမ်ားက ေဖေဖာ္ဝါရီ ၂၆ရက္ေန႔တြင္ စစ္ေဆးၿပီး သတ္မွတ္ခ်က္ကိုက္ညီသည့္ ေနရာမ်ားကို ကြင္းဆင္းၾကည့္ရႈ၍ အတည္ျပဳခဲ့ေၾကာင္းဘူမိဥယ်ာဥ္ဆိုင္ရာ လုပ္ငန္းေကာ္မတီ ၏ သတင္းတစ္ပုဒ္အရသိရသည္။

ႏိုင္ငံတကာအသိအမွတ္ျပဳ ထိန္းသိမ္းကာကြယ္ေရး နယ္ေျမ ယူနက္စကို ကမာၻ႔ဘူမိဥယ်ာဥ္(UNESCO Global Geopark) တည္ေထာင္ႏိုင္ေရးအတြက္ အေရးႀကီးသည့္ အမ်ိဳးသားအဆင့္ ဘူမိဥယ်ာဥ္ (National Geopark) တည္ေထာင္သတ္မွတ္ရန္ ဦးစြာလိုအပ္သည္။

ျမန္မာႏိုင္ငံတြင္ Local Geopark & National Geopark မ်ား မရွိေသးဘဲ ပထမဦးဆုံး အမ်ိဳးသားအဆင့္ National Geopark အျဖစ္ Mount Popa National Geopark ကို ျမန္မာႏိုင္ငံ ဘူမိသိပၸံအသင္းမွ ဝန္ႀကီးဌာနႏွင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕မ်ားသို႔ တင္ျပေဆြးေႏြးၿပီး ပုပၸားေတာင္ သစ္ေတာဧရိယာအတြင္း အဆိုျပဳေနရာ Geosites ၁၆ ေနရာကို ပဏာမေ႐ြးခ်ယ္ တင္ျပသည့္ ေနရာမ်ားအနက္ သတ္မွတ္ခ်က္ကိုက္ညီသည့္ ေနရာမ်ားကို တာဝန္ရွိသူမ်ားက ယခုကဲ့သို႔ ကြင္းဆင္းၾကည့္ရႈ စစ္ေဆးအတည္ျပဳျခင္းျဖစ္သည္။

ပုပၸားေတာင္ေဒသသည္ ျမန္မာႏိုင္ငံတြင္ ယဥ္ေက်းမႈႏွင့္ ဘူမိေဗဒအရ အလြန္အေရးပါသည့္ ေဒသတစ္ခုကာ မိုးေခါင္သည့္ အညာေဒသတြင္ ရွိေသာ္လည္း အၿမဲစိမ္းလန္း စိုေျပၿပီး ပုပၸားေတာင္မႀကီး မွ သဘာဝ အေလ်ာက္ စီးဆင္းလ်က္ ရွိေသာ စိမ့္စမ္းေရမ်ား ထြက္ရွိသည္ကို ေတြ႕ရသည္။

ပုပၸါးေတာင္ ေဒသကို ၁၉၅၄-၁၉၅၅ ခုႏွစ္တြင္ ထိန္းသိမ္း ကန႔္သတ္နယ္ေျမ အျဖစ္ လည္းေကာင္း၊ ၁၉၈၃ ခုႏွစ္တြင္ ပုပၸားေတာင္ ဥယ်ာဥ္ စီမံကိန္းကို လည္းေကာင္း၊ ၁၉၈၈- ၂ဝဝဝ ျပည့္ႏွစ္ မ်ားတြင္ ျမန္မာ- ဂ်ပန္ ခ်စ္ၾကည္ေရး လုပ္ငန္းအျဖစ္ Afforestation Project ကို လုပ္ေဆာင္ခဲ့သည္ဟုသိရသည္။

ယင္းအျပင္ ပုပၸားေတာင္သစ္ေတာဧရိယာ (Sandagu Forest) စႏၵကူးေတာႏွင့္ သမင္ၿခံ၊ (Medical Plant) ပရေဆးဥယ်ာဥ္ႏွင့္ ျပတိုက္၊ Lahar (Volcanic Mud Flow) ပုပၸားမီးေတာင္႐ႊံ႕ေခ်ာ္ရည္၊ (Augite Andesite Stone Forest) ေက်ာက္တုံးႀကီးမ်ားျဖင့္ ဖြဲ႕စည္းထားေသာ သစ္ေတာ၊ (Fossil Museum) ေက်ာက္ျဖစ္႐ုပ္ႂကြင္း ျပတိုက္တို႔လည္း ရွိသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ – ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုး - ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071