Saturday, June 27, 2026

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန်...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်...

ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ် တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏...

တရုတ်နိုင်ငံ နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ရွှေတံဆိပ်တစ်ခုနှင့်...

တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 2026 China International Sepaktakraw Open နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က...
HomeCelebrities' Newsပထမဆုံး ဇာတ်လမ်းတွဲအတွက် စိုးရိမ်မှုရှိနေတဲ့...

ပထမဆုံး ဇာတ်လမ်းတွဲအတွက် စိုးရိမ်မှုရှိနေတဲ့ မင်းသွေး

min-thwe-1-(1)သရုပ်ဆောင် မင်းသွေး ပထမဆုံး ပါဝင်မယ့် “ကျောင်းဆွေး” ဇာတ်လမ်း တွဲက ဇွန်လမှာ စတင် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးစက်ဝိုင်၊ ဆူးခက်မင်း၊ ဒါရိုက်တာသားညီတို့ ပုံဖော်မယ့် ဒီဇာတ်လမ်းတွဲ က အပိုင်း ၁၅ ပိုင်း ပါဝင်မယ်လို့ သိရပါတယ်။ ပထမဆုံး ဇာတ်လမ်းတွဲ အတွက် စိုးရိမ် ကြောက်ရွံ့မှုလေးတွေ ရှိနေတဲ့ မင်းသွေးက ရိုက်ကူး ပုံဖော်သွားမယ့် ပုံစံ နဲ့ပတ်သက်ပြီး

“ဒီဇာတ်လမ်းထဲမှာ ပါတဲ့သူတွေက အခုလက်ရှိ အသက်ထက် ၅နှစ် လောက်ငယ်တဲ့ Scene တွေပါတယ်။ အဲဒီအတွက် မိတ်ကပ်တွေ၊ အပြင်အဆင်တွေနဲ့ သေသေချာချာ လေးလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ အကြောင်း တစ်ခုကြောင့် ကျောင်းကို အကြာကြီးတက်နေတဲ့ ကာရိုက် တာနဲ့ ပရိသတ်တွေ ကျွန်တော့်ကို မြင်ရမှာပါ။ ကျွန်တော်ရယ်၊ ဇာတ်ညွှန်းရေး ဆရာ၊ ဒါရိုက်တာ၊ ပရိုဂျူဆာရယ် တွေ့ ပြီး ညှိနှိုင်းမှုလေးတွေ လုပ်နေပါတယ်။ အပိုင်းတိုင်းမှာလည်း ကာရိုက်တာ အသစ်အသစ်တွေ ထပ်ထပ် ပါသွားမယ်။ ပရိသတ်တွေလည်း ကြည့်ရတာ မရိုးဘူးပေါ့။ သရဲခြောက်တဲ့ အခန်း။ ဒရာမာ၊ ရိုမန့်လေးတွေ၊ ဟာသတွေလည်း အပိုင်း တစ်ပိုင်း စီတိုင်းမှာ ပါပါတယ်။ အမှန်တိုင်း ပြော ရရင် ဒီဇာတ်ကားအတွက် ကြောက်ပါတယ်။ (၁၅) ပိုင်းလုံးကို ကျွန်တော် တစ်ယောက်တည်း သွားရမှာပါ။ ပရိသတ်တွေ ရိုးမသွားအောင်လို့ ကြားထဲမှာ ကာရိုက် တာ အသစ်လေးတွေ ထည့်ဖို့ စဉ်းစားထားပါတယ်” လို့ ပြောပြပါတယ်။

မင်းသွေးရဲ့ တစ်ကိုယ်တော် အခွေဖြစ်တဲ့ ထိုးစစ် MTV  ကလည်း ၂ဝ၁၇ခုနှစ် ကုန်ပိုင်းမှာ ထွက်ရှိမယ် လို့ဆိုပါတယ်။ “အခုလောလောဆယ် MTV က ခြောက်ပုဒ် ရိုက်ထားပြီးပါပြီ။  ဒီအထဲမှာ ရိုက်ထားတဲ့ ပုံစံက စုံပါတယ်။ သီချင်းကို ထပ်ပေါင်းပေးမယ့် ပုံစံမျိုးပေါ့။ ရိုက်ထားတာ ဆိုရင် လူသတ်တဲ့ ပုံစံမျိုး တွေ၊ Story ပုံစံလေးတွေ ပါမှာပါ။ အစ်ကိုက ကျွန်တော်စပြီး သီချင်းအခွေ လုပ်ကတည်းက “ဆိုပေမယ့်လည်း”သီချင်းရယ်၊ “ဟင်းလင်းပြင်” သီချင်းရယ်ကို သူတအားကြိုက်တယ်။ ကျွန်တော်က လည်း ကိုနေတိုးကို သူကြိုက်တဲ့ သီချင်းကိုပဲ သရုပ် ဆောင်စေချင်ယ်။ “ဟင်းလင်းပြင်” က ရိုက်ပြီးသားကြီး ဖြစ်သွားတော့ “ဆိုပေမယ့်လည်း” သီချင်းကိုပဲ ရိုက်ကူးဖို့ လုပ်လိုက်ပါ တယ်။ ပရိသတ်ကိုလည်း ကျွန်တော် အခွေလေး ဒီနှစ်ထဲမှာ ထွက် ဖြစ်အောင် ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်” လို့ မင်းသွေးက ပြောပြပါတယ်။

မြတ်မိုးပွင့်  ၊ ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071