Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsပတ်ဝန်းကျင်ရဲ့ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါရွှေပိုးအိမ်

ပတ်ဝန်းကျင်ရဲ့ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါရွှေပိုးအိမ်

သရုပ်ဆောင်ရွှေပိုးအိမ်က အသစ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို အစိမ်း သက်သက်ဝင်ရောက်လာတဲ့အခါမှာ အခက်အခဲတွေများစွာရင်ဆိုင်ခဲ့ရသလို လူမှုကွန်ရက် စာမျက်နှာထက်မှာလည်း ဝေဖန်တိုက်ခိုက်မှုတွေကိုများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရဖူးပါတယ်။ ဒီလိုဝေဖန်တိုက်ခိုက်မှုတွေရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ရွှေပိုးအိမ်အနေနဲ့ ပြဿနာတွေ အပေါ် မိမိရဲ့စိတ်ကို ထားတတ်အောင်ပဲ ကြိုးစားတယ်လို့ဆိုပါတယ်။

“အတိုက်အခိုက်ကတော့ ဘယ်လုပ်ငန်းမှာမဆို လူတိုင်းကြုံတွေ့ရတာပါပဲ။ ဒါပေမဲ့ ကိုယ်က ဒီလိုမျိုးတွေမတွေးဘဲ ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲ ရှေ့ဆက်လျှောက်မယ်ဆို ရင် အတိုက်အခိုက်တွေက အချိန်တန်ရင် ပြီးဆုံးသွားမှာပါ။ ညီမကိုယ်တိုင် အတိုက်အခိုက်တွေ တွေ့ကြုံတဲ့အချိန်မှာ ညီမက မိသားစုနဲ့ ခရီးတွေထွက်ဖြစ်တယ်။ အတတ်နိုင်ဆုံးလည်း ကိုယ့်စိတ်ကို ငြိမ်အောင်ထားပါတယ်။ ဘုရားတရားလုပ်တယ်။ စိတ်အလွန် ရှုပ်တဲ့အချိန် စိတ်ဓါတ်ကျတဲ့အချိန်ဆိုတာ လူတိုင်းမှာရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်စိတ်ကို အသက်သာဆုံး ဘယ်လိုနည်းနဲ့ ကုစားမလဲဆိုတာကိုပဲ စဉ်းစားပါတယ်။ အရာအားလုံးကို ခဏလောက်မေ့ပစ်လိုက်တယ်။ အဲဒီအချိန်က ကိုယ့်စိတ်ကို သက်သာစေပါတယ်။ ရွှေပိုးလည်း အနုပညာလောကကိုဝင်တဲ့အချိန်မှာ အခက်အခဲတွေများ စွာရှိခဲ့သလို သင်ခန်းစာတွေ အများကြီးလည်းရပါတယ်။ ရွှေပိုးကတော့ ကိုယ်ကြိုက်တဲ့လမ်းကို ကိုယ်လျှောက်ခဲ့တဲ့အတွက် ဘယ်လောက်ပဲ ခက်ခဲခက်ခဲပျော်ပါတယ်”လို့ ရွှေပိုးအိမ်က ပြောပါ တယ်။

လက်ရှိအချိန်မှာတော့ ရွှေပိုးအိမ်က အနုပညာဝါနုနေသေးချိန်မှာ သရုပ်ဆောင်မှုပညာနဲ့ ပတ်သက်လို့ အနုပညာမောင်နှမတွေဆီက အတုခိုးသင်ယူနေတယ်လို့ ဆိုပါတယ်။ ရွှေပိုးအိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘အသည်းကွဲပါတီ’ဟာသဇာတ်ကားကလည်း မကြာခင်ရုံတင် ပြသတော့မှာဖြစ်ပြီး ဟာသကို သိပ်ပြီးအကျွမ်းတဝင်မရှိခဲ့သေးတဲ့ ရွှေပိုးအိမ်ရဲ့ သရုပ်ဆောင်မှုက …

“ဒီဇာတ်ကားမှာတော့ အိုဗာလုပ်ရတာပေါ့နော်။ ညီမအတွက်ကလည်း ဟာသပုံစံမျိုးကို ပထမဆုံးစတင်ရိုက်ကူးတဲ့ဇာတ်ကားဆိုတော့ ရင်ခုန်တယ်။ မစင်သီယာကလည်း ရွှေပိုးကို အများကြီး ကူညီပေးပါတယ်။ သင်ပြပေးတယ်။ ရွှေပိုးကလည်း အိုဗာအိုက်တင်လုပ်မှ နည်းနည်းလေး လှုပ်လှုပ်ရွရွလေးဖြစ်မှ ရယ်ရမယ့်ပုံစံလေးဆိုတော့ သေသေချာချာလေး သရုပ်ဆောင်ထားတယ်။ ဦးညီက လည်း သင်ပြပေးပါတယ်။ ပျော်ဖို့လည်းကောင်းသလို ကိုယ့်သရုပ်ဆောင်မှုနဲ့ပတ် သက်ပြီး ကျေနပ်မိပါတယ်။ ဟာသဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးရတဲ့အခါ ကိုယ့်ရဲ့ စိတ်ကိုက ပေါ့ပါးပြီး ပျော်နေရတယ်။ ဒရာမာဇာတ်ကားရိုက်တဲ့အခါ စိတ်နှစ်ထား တဲ့အတွက် ရိုက်ကူးရေးပြီးဆုံးသွားတဲ့အခါမှာ ရင်ထဲမောပြီးပင်ပန်းသွားတယ်”လို့ သူက ဆိုပါတယ်။ လတ်တလောမှာတော့ ရွှေပိုးအိမ်က “ကျူးကျော်က ဦးဇော်” ဇာတ်ကားမှာ နေမျိုးအောင်၊ ကျော်ဇောဟိန်း၊ ခိုင်မြဲတို့နဲ့ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071