Wednesday, September 2, 2026

ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇...

Popular JournalAF Publisher TeamEdit Profile ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းများအရ HIV ပိုးတွေ့ရှိသူ...

တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ကျော်လွန်ရောက်ရှိခဲ့သဖြင့် ယာယီကယ်ဆယ်ရေးစခန်း ၆...

တနင်္သာရီ၊ စက်တင်ဘာ ၂ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် ဩဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်နှင့်...

ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းနှင့် ပြင်ပလူနာ...

ရန်ကုန်၊ စက်တင်ဘာ ၂ ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ပြင်ပလူနာ ခွဲစိတ်ကုသရေးလုပ်ငန်းများ တည်ထောင်ဖွင့်လှစ် လုပ်ကိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာ လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း ပုဂ္ဂလိက...

လှိုင်သာယာမြို့နယ်အနီး ဗဟိုပြု၍ အင်အား ၃.၃...

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အနီး ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃.၃(M) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါမြေငလျင်မှာ စက်တင်ဘာ ၁...
HomeNewsLocal Newsပင်လောင်းတွင် ကျပ် ၁...

ပင်လောင်းတွင် ကျပ် ၁ ဒသမ ၇၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ပင်လောင်း၊ စက်တင်ဘာ ၂


ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၌ ကျပ် ၁ ဒသမ ၇၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ၊ ကမာရွတ်မြို့နယ်၌လည်း ကျပ် သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၄ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပင်လောင်းမြို့နယ်၊ လိန်းလီရွာအနီးတွင် ဇော်ဇော်အောင် (၅၅) နှစ် မောင်းနှင်ပြီး ပိုင်သူကျော် (ခ) ပိုင်သူ (၃၁) နှစ် လိုက်ပါလာသည့် NISSAN DUMP မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၃၄ ဒသမ ၄ သိန်း (ဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၇၂ ဘီလီယံ) ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဩဂုတ် ၂၉ ရက် ညနေပိုင်းတွင်လည်း ကမာရွတ်မြို့နယ်၊ (၅) ရပ်ကွက်၌ လမ်းလျှောက်လာသူ အောင်မျိုးမင်း (ခ) ကိုမျိုး (၃၈) နှစ်ကို စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြား ၅၀,၀၀၀ (ဒေသတန်ဖိုး ငွေကျပ်သိန်း ၁၀၀၀) ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ယင်းသို့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအတွင်း HIV ပိုးတွေ့ရှိသူ ၇ သောင်းကျော်ရှိပြီး ART ဆေးပေးဌာန ၆၂ ခုတွင် အခမဲ့ ဖြန့်ဝေပေးနေ

Popular JournalAF Publisher TeamEdit Profile ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းများအရ HIV ပိုးတွေ့ရှိသူ အရေအတွက် ၇၀,၂၅၃ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း မေးမြန်းဖြေကြားချက်များအရ သိရသည်။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ART ဆေးဝါးဖြန့်ဖြူးမှုဆိုင်ရာ မေးမြန်းချက်ကို ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များကို ကိုးကား၍ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ HIV လူနာများအတွက် ခုခံအားကျ ကာလသားရောဂါ တို-က်ဖျ-က်ရေးဌာနများနှင့် ART...

တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ကျော်လွန်ရောက်ရှိခဲ့သဖြင့် ယာယီကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်၍ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေ

တနင်္သာရီ၊ စက်တင်ဘာ ၂ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် ဩဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်နှင့် အန္တရာယ်ရေမှတ်တို့ကို ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။ တနင်္သာရီမြစ်ရေသည် ၂၅ ပေ ၇ လက်မအထိ မြင့်တက်ခဲ့ပြီး မြို့၏ စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၇ ပေထက် ၈ ပေ ၇ လက်မနှင့် အန္တရာယ်ရေမှတ်ဖြစ်သည့် ၂၄ ပေထက် ၁ ပေ ၇ လက်မအထိ ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းနေပြည်သူများကို ဘေးလွတ်ရာသို့...

ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းနှင့် ပြင်ပလူနာ ခွဲစိတ်ကုသရေး လုပ်ငန်းများ လိုင်စင်လျှောက်ထားရန် ညွှန်ကြား

ရန်ကုန်၊ စက်တင်ဘာ ၂ ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ပြင်ပလူနာ ခွဲစိတ်ကုသရေးလုပ်ငန်းများ တည်ထောင်ဖွင့်လှစ် လုပ်ကိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာ လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့က ညွှန်ကြားချက်အမှတ် (၄၁/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။ အဆိုပါ ညွှန်ကြားချက်သည် ပုဂ္ဂလိက ကုသမှုအထောက်အကူပြု သင်တန်းကျောင်းလုပ်ငန်းနှင့် ပြင်ပလူနာ ခွဲစိတ်ကုသရေးလုပ်ငန်းများမှ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် လုပ်ငန်းများ စည်းကမ်းတကျ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ထုတ်ပြန်ခြင်းဖြစ်သည်။ ညွှန်ကြားချက်အရ လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်လိုသူများသည် ဆောင်ရွက်လိုသည့် လုပ်ငန်းအမျိုးအစားနှင့် သက်ဆိုင်သည့် လျှောက်လွှာပုံစံကို မြို့နယ်ကုသရေးဦးစီးဌာနမှူးရုံးမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071