Friday, May 1, 2026

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

AYA Bank Tri Nations...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AYA Bank Tri Nations Cup 2026 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမလူစာရင်းကို...

နိုင်ငံသားများ ပြည်တွင်း၌ အေးချမ်းစွာ အလုပ်လုပ်ကိုင်နိုင်ရေး...

နိုင်ငံသားအားလုံး နိုင်ငံတော်၏ အရိပ်ဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်အစား ပြည်တွင်း၌သာ အလုပ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်...

ဒဂုံတောင်ပိုင်း ခရီးသွားများအတွက်သတင်းကောင်း၊ YBS-27 ယာဉ်လိုင်း...

ရန်ကုန်မြို့နေ ခရီးသွားပြည်သူများသွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် Trans Link ကုမ္ပဏီ၏ စီမံမှုအောက်တွင် ပြေးဆွဲနေသည့် YBS-27 ယာဉ်လိုင်းကို ယနေ့ မေလ...
HomeArticlesနှစ်တစ်ရာပြည့်အကြို အကယ်ဒမီမှတ်တမ်း

နှစ်တစ်ရာပြည့်အကြို အကယ်ဒမီမှတ်တမ်း

မြန်မာ့ရုပ်ရှင်သည် ၂ဝ၂ဝ ခု နှစ် တွင် နှစ်တစ်ရာပြည့်တော့မည် ဖြစ်သည်။ မြန်မာ့ရုပ်ရှင်အစဖြစ်သည့် ၁၉၂ဝ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် မြန်မာ့ပထမဆုံး ဇာတ်လမ်း ရုပ်ရှင် မေတ္တာနှင့်သူရာကို ယခု ဗိုလ် ချုပ်အောင်ဆန်းဈေးအတွင်းမှာ ရှိခဲ့ သော ရွိုင်ရယ်စီနီယာရုံတွင် ပြသခဲ့သည် ကို အစွဲပြု၍ အောက်တိုဘာ ၁၃ ရက် နေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ် မှတ်ပြီး နှစ်စဉ်အထိမ်းအမှတ် အခမ်း အနားပွဲများ ကျင်းပခဲ့သည်။ မြန်မာ့ ရုပ်ရှင် နှစ်တစ်ရာပြည့်အကြို မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းမှတ်တမ်း ကို စုစည်းဖော်ပြလိုက်ပါသည်။

မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၂ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တို့တွင် ရုပ်ရှင်ထူးချွန်ဆု (၃)မျိုးသာ သတ် မှတ်ချီးမြှင့်ခဲ့သည်။

(က) ပထမအကောင်းဆုံးဇာတ် ကားဆု (ရွှေကိန္နရီရုပ်) (ခ) ဒုတိယ အကောင်းဆုံးဇာတ်ကားဆု (ငွေ ဒေါင်းရုပ်) (ဂ) တတိယအကောင်းဆုံး ဇာတ်ကားဆု (ကြေးခြင်္သေ့ရုပ်) (ဃ) အကောင်းဆုံး အမျိုးသား ပညာသည် ဆု (ရွှေရင်ထိုး) (င) အကောင်းဆုံး အမျိုးသမီး ပညာသည်ဆု (ရွှေရင် ထိုး) ဆုအဖြစ် ချီးမြှင့်နိုင်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာ ထူးချွန်ဆုကိုပါ တိုးမြှင့်ချီးမြှင့်သည်။
၁၉၅၅ ခုနှစ်တွင် ဇာတ်ကား ထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယ ဆုဟူ၍ မခွဲခြားတော့ဘဲ အကောင်း ဆုံးဇာတ်ကား တစ်ဆုတည်းကိုသာ ရွှေကိန္နရီရုပ် ချီးမြှင့်ခဲ့သည်။

၁၉၅၅ ခုနှစ်မှစ၍ ကလေး သရုပ်ဆောင်ဆုကို အထူးဆုအဖြစ် သတ်မှတ်ချီးမြှင့်နိုင်ခဲ့သည်။
၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆုတစ်ဆုကိုပါ ထပ်မံတိုးမြှင့် ချီးမြှင့်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ဆုပုံ သဏ္ဌာန်ကို ရွှေရင်ထိုးတံဆိပ်မှ တစ် ပြေးညီရွှေကိန္နရီ ရွှေစင်ရုပ်သို့ စတင် ပြောင်းလဲချီးမြှင့်ခဲ့သည်။

၁၉၆၂ ခုနှစ်မှစ၍ အမျိုးသား ပညာသည်ဆုနှင့် အမျိုးသမီးပညာ သည်ဆုများကို အမျိုးသား ဇာတ် ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင် ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု ဟူ၍ ထပ်မံခွဲခြားကာ ထူး ချွန်ဆု အရေအတွက်ကို တိုးမြှင့်ချီး မြှင့်ခဲ့သည်။
၁၉၉ဝ ပြည့်နှစ်မှစ၍ ရုပ်ရှင် ဇာတ်ညွှန်း ထူးချွန်ဆု၊ ရုပ်ရှင် တေး ဂီတထူးချွန်ဆုနှင့် ရုပ်ရှင်အသံထူးချွန် ဆုတို့ကို ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ရာ စုစုပေါင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၁ဝ) မျိုးအထိ ချီးမြှင့်ရန် တိုးမြှင့် သတ်မှတ်ခဲ့သည်။
၁၉၉၁ ခုနှစ်မှစ၍ ရွှေကိန္နရီ ရွှေစင်ရုပ်ဆုအပြင် ငွေကျပ်နှစ် သောင်းကို ချီးမြှင့်ခဲ့သည်။

၁၉၉၃ ခုနှစ်မှစ၍ ငွေသားကျပ် နှစ်သောင်းကို ချီးမြှင့်ခြင်း မပြုတော့ ဘဲ ရွှေကိန္နရီရုပ်တွင် တပ်ဆင်ထား သော ငွေကြယ်အစား ရွှေသားအစစ် ဖြင့် ပြုလုပ်ထားသော ရွှေကြယ်အစစ် တပ်ဆင်ချီးမြှင့်ခဲ့သည်။

၁၉၉၃ ခုနှစ်မှစ၍ မြန်မာရုပ် ရှင် ဇာတ်ကားထုတ်လုပ်မှုသည် ဆေးရောင်စုံ ထုတ်လုပ်မှုဖြစ်လာ သဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီး မြှင့်ရာတွင်လည်း အဆိုပါခုနှစ် နောက်ပိုင်းတွင် ဆေးရောင်စုံရုပ်ရှင် ဇာတ်ကားများသာ ဖြစ်ခဲ့သည်။

၁၉၉၄ ခုနှစ်မှစ၍ ရုပ်ရှင်တည်း ဖြတ်ဆုကို ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ ရာ စုစုပေါင်း မြန်မာ့ရုပ်ရှင်ထူးချွန် ဆု (၁၁) မျိုးအထိ ချီးမြှင့်ရန် တိုးမြှင့် သတ်မှတ်ခဲ့သည်။ အထူးဆုကိုမူ သီး ခြားချီးမြှင့်ခဲ့သည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (၁၁) မျိုးစာရင်းမှာ (က)အကောင်းဆုံး ဇာတ်ကားဆု (ခ)အကောင်းဆုံး ဒါရိုက်တာဆု (ဂ)အမျိုးသားဇာတ် ဆောင်ဆု (ဃ)အမျိုးသမီးဇာတ် ဆောင်ဆု (င)အမျိုးသားဇာတ်ပို့ ဆု(စ) အမျိုးသမီးဇာတ်ပို့ဆု(ဆ) ရုပ် ရှင်ဓာတ်ပုံဆု(ဇ) ရုပ်ရှင်ဇာတ်ညွှန်း ဆု(ဈ) ရုပ်ရှင်တေးဂီတဆု(ည) ရုပ် ရှင်အသံဆု(ဋ) ရုပ်ရှင်တည်းဖြတ်ဆု တို့ ဖြစ်သည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့် သည့်အခမ်းအနားများကို ရန်ကုန်မြို့ ၌ (က)မြို့တော်ခန်းမ (ခ)ဝိဇယ ရုပ် ရှင်ရုံ (ဂ) အမှတ် (၅ဝ) ရွှေတောင် ကြားခြံဝင်း (ဃ) စက်မှုလက်မှု အထက်တန်းကျောင်း ခန်းမဆောင်၊ နတ်မောက်လမ်း (င) ရုပ်ရှင်နှင့်ပြ ဇာတ်အစည်းအရုံး၊ အမှတ် (၁၆) ဝင်္ကပါလမ်း (စ) ဂျူပလီဟော လေဟာပြင် ဇာတ်ရုံ (ဆ) ပြည်လမ်း အသံလွှင့်ခန်းမဆောင် (ဇ)မြန်မာ့ အသံမြက်ခင်းပြင် (ဈ)အင်းယားကန် ဟိုတယ် (ည)ယဉ်ကျေးမှုလေဟာပြင် ဇာတ်ရုံ (ဋ)နဝဒေးရုပ်ရှင်ရုံ (ဌ) အမျိုးသားဇာတ်ရုံ (ဍ)သုဝဏ္ဏအား ကစားပြိုင်ပွဲရုံ စသည့် နေရာများတွင် ကျင်းပခဲ့သည်။

၂ဝဝ၇ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်သော ၂ဝဝ၅ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီး မြှင့်သည့် အခမ်းအနားမှ အစပြု၍ ရန်ကုန်မှ နေပြည်တော်တွင် ပြောင်း လဲကျင်းပပြုလုပ်ခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင် နေပြည်တော် ၌ ကျင်းပပြုလုပ်ခဲ့သော ၂ဝ၁ဝ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနားကို ပြောင်း လဲလာသည့် နည်းပညာကို အခြေခံ ၍Digital Mapping စနစ်ဖြင့် အဆင်အပြင် ပြုလုပ်ခြင်း၊ ဆုရပြ ကွက်များကို ဖလင်၊ ရုပ်ရှင်ပြစက်ဖြင့် ပြသနေရာမှ အရုပ်အသံဖိုင်မှတစ် ဆင့်Digital LED Screen ဖြင့် ပြသခြင်းတို့ကို Forever Group Co.,Ltd ၏ ပံ့ပိုးကူညီမှုဖြင့် စတင် ဆောင်ရွက်ခဲ့သည်။

၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ တွင် ကျင်းပသည့် ၂ဝ၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနားမှစတင်၍ နေပြည် တော်မှ ရန်ကုန်မြို့တွင်ပြန်လည် ပြောင်းလဲကျင်းပပြုလုပ်ခဲ့သည်။

၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသည့် ၂ဝ၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနားမှစတင်၍ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်သည့် အခမ်းအနား များတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြော ကြားခြင်းအစီအစဉ်ကို ပြန်လည် ထည့်သွင်းလုပ်ဆောင်ခဲ့ပါသည်။

၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ လတွင် ကျင်းပသည့် ၂ဝ၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနားမှစတင်၍ ဆုရွေးချယ် ခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးမှ အနုပညာရှင်၊ အတတ်ပညာ ရှင်များ ပါဝင်သည့် စိစစ်အကဲဖြတ် ရေးအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ပြီး မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်သည့် အခမ်း အနားနှင့်ပတ်သက်၍ ပံ့ပိုးဆောင် ရွက်လိုသူများကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ တွင် ကျင်းပသည့် ၂ဝ၁၃ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် အခမ်း အနားမှ စတင်၍ မြန်မာ့ရုပ်ရှင်ထူး ချွန်ဆု ချီးမြှင့်သည့် အခမ်းအနား အတွက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးမှ ရာနှုန်းပြည့် တာဝန်ယူကျင်းပ ဆောင်ရွက်ခဲ့သည်။
၂ဝ၁၅ ခုနှစ်တွင် ၂ဝ၁၄ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနားကို ကျင်းပ ပြုလုပ်ခြင်းမပြုဘဲ ၂ဝ၁၄ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ် နှစ်နှစ်ပေါင်း၍ ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်ပြီး ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ရုံတင် ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားများကို ယင်းနှစ်၏ နောင်နှစ်နှစ်ဆန်းပိုင်း တွင် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့် စနစ် စတင်ဆောင်ရွက်ခဲ့သည်။
ရန်ကုန်မြို့တွင် ပြန်လည်ကျင်းပ ခဲ့ရာတွင်(က) အမျိုးသားအားကစား ပြိုင်ပွဲရုံ (သုဝဏ္ဏ) (ခ) Myanmar Event Park (ရှင်စောပု) (ဂ) ပြည်သူ့ ရင်ပြင်တို့တွင် ကျင်းပခဲ့သည်။

၂ဝ၁၇ ခုနှစ်တွင် ကျင်းပပြုလုပ် သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့် သည့် အခမ်းအနားတွင် မျိုးဆက်သစ် အနုပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော တိုင်းရင်းသားချစ်ကြည် ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သယံဇာတထိန်းသိမ်းရေးနှင့် သက် ဆိုင်သည့် ရုပ်ရှင်ဇာတ်ကားကို အထူး ဆုအဖြစ် သတ်မှတ်ချီးမြှင့်ခဲ့သည်။

၂ဝ၁၈ ခုနှစ်တွင် ကျင်းပ သည့် ၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်သည့် အခမ်းအနား မှစ၍ ရွှေကိန္နရီရုပ်တွင် တပ်ဆင် ထားသော ရွှေသားဖြင့် ပြုလုပ်ထား သည့် ရွှေစင်နှစ်ကျပ်သား ရွှေကြယ် ကို ရွှေစင်ငါးကျပ်သား ရွှေကြယ် အထိ တိုးမြှင့်ချီးမြှင့်ခြင်းနှင့်အတူ တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုကို ထပ်ဆောင်း၍ ချီးမြှင့်သည့်အပြင် တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုရှင် သက်ရှိထင်ရှား ရှိစဉ်ကာလအတွက် လစဉ်ကျပ်ငါးသိန်းထောက်ပံ့ရန် Forever Group ကစ မှ မြန်မာနိုင်ငံ ရုပ် ရှင်အစည်းအရုံးကို အဆိုပြု တင်ပြ ခြင်းမှ စတင်၍ သတ်မှတ်ခဲ့ပါသည်။

ယခု ၂ဝ၁၈ ခုနှစ်အတွက် တစ် သက်တာရုပ်ရှင်ထူးချွန်ဆုကို ဒေါ်မြင့် မြင့်ခင် အားပေးအပ်ချီးမြှင့်ခဲ့သည်။ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်မှသည် နှစ်နှစ်ရာ နှစ်သုံးရာတိုင် အောင်မြင် မှုများစွာရရှိပြီး နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ဇာတ်ကားကောင်းများစွာ၊ အသိပညာရှင်၊ အနုပညာရှင်၊ အတတ် ပညာရှင်များစွာ ပေါ်ပေါက်ထွန်း တောက်လာပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါသည်။

အယ်ဒီတာတစ်ဦး
ကိုးကား
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်း မှတ် တမ်းစာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071