Friday, May 1, 2026

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

AYA Bank Tri Nations...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AYA Bank Tri Nations Cup 2026 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမလူစာရင်းကို...

ဒဂုံတောင်ပိုင်း ခရီးသွားများအတွက်သတင်းကောင်း၊ YBS-27 ယာဉ်လိုင်း...

ရန်ကုန်မြို့နေ ခရီးသွားပြည်သူများသွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် Trans Link ကုမ္ပဏီ၏ စီမံမှုအောက်တွင် ပြေးဆွဲနေသည့် YBS-27 ယာဉ်လိုင်းကို ယနေ့ မေလ...

စက်သုံးဆီစျေး သိသိသာသာကျဆင်းလာပြီး 92 တစ်လီတာလျှင်...

အရှေ့အလယ်ပိုင်းက စစ်ရေးပဋိပက္ခများကြားထဲတွင် ယနေ့ ရည်ညွှန်းစျေး၌ စက်ဆုံးဆီဈေး သိသိသာသာ ထပ်မံကျဆင်းလာသည်။ စက်သုံးဆီဈေးနှုန်းအနေဖြင့် ရန်ကုန်တွင် ဓာတ်ဆီ 92 တစ်လီတာ ကျပ်...
HomeNewsLocal Newsနိုင်ငံသားများ ပြည်တွင်း၌ အေးချမ်းစွာ...

နိုင်ငံသားများ ပြည်တွင်း၌ အေးချမ်းစွာ အလုပ်လုပ်ကိုင်နိုင်ရေး ဝန်ကြီးဌာနများက ဝိုင်းဝန်းဖော်ဆောင်ပေးရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

နိုင်ငံသားအားလုံး နိုင်ငံတော်၏ အရိပ်ဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်အစား ပြည်တွင်း၌သာ အလုပ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။ ယနေ့ မေလ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းခွင်နှင့် ဘဝလုံခြုံမှု ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့တွင် မတရားဖိနှိပ်ခံရမှုများ ရှိနေကြောင်း သိရှိရသဖြင့် ပြည်ပသို့ သွားရောက်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌သာ လုပ်ကိုင်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းထားသည်။ ထို့ပြင် ပြည်တွင်း၌ လုပ်ကိုင်မည်ဆိုပါကလည်း ကြီးပွားတိုးတက်နိုင်မည့် အခွင့်အလမ်းများစွာ ရှိပြီးဖြစ်ကြောင်းကိုလည်း သဝဏ်လွှာတွင် အသိပေးထားသည်။ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အချက်အလက်များ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၁ ဒသမ ၁၂ သန်းခန့် ရှိကြောင်း သိရသည်။ သို့သော် ကမ္ဘာ့ဘဏ် (World Bank) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တို့၏ ထုတ်ပြန်ချက်များအရ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားဦးရေမှာ ၄ ဒသမ ၂ သန်းကျော်အထိ ရှိနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တွံတေးမြို့နယ်၊ သုံးအိမ်ကျေးရွာရှိ တွံတေး-လှိုင်သာ ယာသွားကားလမ်းတွင် ဆီဘောက်ဆာကားမှ လမ်းဘေးသစ်ပင်ကိုဝင်တို-က်မိခဲ့ပြီး ကားမောင်းသူသည် ခေါင်းခန်းအတွင်းညပ်နေသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ခေါင်းခန်းအတွင်းညပ်နေသည့်ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား စိတ္တသုခလူမှုကူညီရေးအသင်းက တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

AYA Bank Tri Nations Cup 2026 အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမကစားသမား ၃၅ ဦးဖြင့် စခန်းသွင်းလေ့ကျင့်မှုစတင်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AYA Bank Tri Nations Cup 2026 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမလူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်လိုက်ပြီဖြစ်သည်။ လေ့ကျင့်မှုနှင့် လူစာရင်း ဇွန်လအတွင်း ကျင်းပမည့် အဆိုပါ နိုင်ငံတကာခြေစမ်းပွဲ (International Women’s Friendly Matches) တွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် မြန်မာအမျိုးသမီးအသင်းသည် ပဏာမကစားသမား (၃၅) ဦးဖြင့် ဧပြီလ (၂၇) ရက်မှ စတင်ကာ စခန်းသွင်းလေ့ကျင့်နေပြီဖြစ်သည်။ အဆိုပါလူစာရင်းတွင်...

ဒဂုံတောင်ပိုင်း ခရီးသွားများအတွက်သတင်းကောင်း၊ YBS-27 ယာဉ်လိုင်း သုခဒဂုံအိမ်ရာအထိ တိုးချဲ့ပြေးဆွဲပြီ

ရန်ကုန်မြို့နေ ခရီးသွားပြည်သူများသွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် Trans Link ကုမ္ပဏီ၏ စီမံမှုအောက်တွင် ပြေးဆွဲနေသည့် YBS-27 ယာဉ်လိုင်းကို ယနေ့ မေလ ၁ ရက်နေ့မှစတင်ကာ သုခဒဂုံအိမ်ရာအထိ တိုးချဲ့ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။ YBS-27 တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်လမ်းကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံအိမ်ရာမှ စတင်ကာ အောက်ပါအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပါသည် - သုခဒဂုံအိမ်ရာ သပြေခြံလမ်းဆုံ စိတ်ကျန်းမာရေးဆေးရုံ ဒဂုံတက္ကသိုလ် ၇/၈ လမ်းဆုံ နှင့် ၄၆ လမ်းဆုံ ခေမာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071