Wednesday, June 24, 2026

အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်

ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား Bangladesh၊ ဇွန် ၂၄ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း...

တရုတ်ထိပ်တန်းသံတမန်က ရုရှားအတွင်းဝန်နှင့် တွေ့ဆုံ

နူးဒေလီ၊ ဇွန် ၂၃ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိသည် ရုရှားလုံခြုံရေးကောင်စီအတွင်းဝန် ဆာဂေးရွှိုင်ဂူ နှင့် ယမန်နေ့က...

မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် တရုတ်နိုင်ငံသို့ဟွန်ဆန် သွားမည်

ဇွန် ၂၄ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်သည် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၂၅ ရက် နေ့မှ...

ပြည်တွင်းနှင့် ပြည်ပဝယ်လိုအား မြင့်တက်လာ၍ ကုလားအော်ငရုတ်သီး...

တစ်ပိဿာ ကျပ် ၃၅,၀၀၀ မှ ၃၈,၀၀၀ အထိ ပေါက်ဈေးရှိ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စိုက်ပျိုးထွက်ရှိသည့် ကုလားအော်ငရုတ်သီးများမှာ ပြည်တွင်းဈေးကွက်အပြင် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ...
HomeNewsLocal Newsနောက်တက်လာမည့် အစိုးရအနေဖြင့် NCA...

နောက်တက်လာမည့် အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးစဉ်ကရှိခဲ့သော ကတိကဝတ်များကိုဆက်လက်အကောင်အထည်ဖော်နိုင်ကြလိမ့်မည်ဟု ဦးအောင်မင်း ယုံကြည်

နောက်တက်လာမည့် အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုးစဉ်ကရှိခဲ့သော ကတိကဝတ်များကိုဆက်လက်အကောင်အထည်ဖော်နိုင်ကြလိမ့်မည်ဟုယုံကြည်ကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား၌ NCA တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့သူ ဦးအောင်မင်းက ပြောသည်။

NCA ကိုအကောင်အထည်ဖော်နိုင်ခြင်းဖြင့် ဒီမိုကရေစီအကူးအပြောင်းကို တည်တည်ငြိမ်ငြိမ်နှင့်လျှောက်လှမ်းနိုင်မည်ဖြစ်ကာ ပြည်သူလူထုလိုလားတောင့်တနေသော ငြိမ်းချမ်းရေးကိုလည်း ယူဆောင်ပေးနိုင်လိမ့်မည်၍ ရွေးကောက်ပွဲအပြီးတက်လာသည့် အစိုးရမှ ယင်းတာဝန်ကိုလက်ဆင့်ကမ်း ဆက်လက်ထမ်းဆောင်ရမည်ဟု ပြောသည်။

NCA စာချုပ်အားလက်မှတ်ရေးထိုးထားသည့် အစုအဖွဲ့များရှိနေသရွေ့ စာချုပ်အသက်ဝင်နေဦးမည်ဖြစ်ကာ စာချုပ်ချိုးဖောက်သူများရှိသော်လည်း ပျက်ပြယ်သွားတာမဟုတ်၍ စာချုပ်ကိုပြန်လည်လိုက်နာကြရန် အား လုံး၌တာဝန်ရှိပြီး စာချုပ်၏ဦးတည်ချက်ဖြစ်သော ဒီမိုကရေစီနှင့် ဖယ်ဒရယ်နိုင်ငံထူထောင်ရန်မှာ စာချုပ်တွင်လက်မှတ်ရေးထိုးထားသူများ၏ သမိုင်းပေးတာဝန်ဖြစ်သည်ဟု ပြောသည်။

” NCA ဆိုတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်သက်သက်မဟုတ်ပါဘူး။ ဒီမိုကရေစီအကူးအပြောင်းကို တည်တည်ငြိမ်ငြိမ်နဲ့ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားတဲ့ လက်နက်ကိုင်တိုက်နေတဲ့ အင်အားစုတွေကြားက သဘောတူညီမှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် NCA ကိုပစ်ပယ်ပြီး နောက်ထပ်သဘောတူညီချက်တစ်ခုရေးဆွဲမယ်ဆိုရင်တောင် NCA လောက်ပြည့်စုံဖို့မလွယ်ပါဘူး။ NCA ထဲက အနည်းဆုံး ၉၀ ရာခိုင်နူန်းကို အချက်အလက်အရမယူဘဲ နောက်ထပ်စာချုပ်တစ်ခုမဖြစ်နိုင်ပါဘူး”ဟု ဦးအောင်မင်းက ပြောသည်။

ထို့ကြောင့် NCA အား ဆက်လက်အကောင်အထည်ဖော်ရန် ရွေးကောက်ပွဲအပြီးတက်လာသည့်အစိုးရအတွက် မိမိတို့၏ မျှော်လင့်ချက်များ၊ ကတိကဝတ်များကို ဆက်လက်အကောင်အထည်ဖော်ရန် အကြံပြုချက်(၅)ချက်ကိုလည်း ဦးအောင်မင်းက အကြုံပြုပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဝါမီလိဂ်ပါတီ နှစ်ပတ်လည်မတိုင်မီ ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတိုးမြှင့်

ဒါကာနှင့် ခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များ ချထား Bangladesh၊ ဇွန် ၂၄ ဝန်ကြီးချုပ်ဟောင်း Sheikh Hasina ၏ နိုင်ငံရေးပါတီဖြစ်သော Awami League တည်ထောင်ခြင်း နှစ်ပတ်လည်နေ့မတိုင်မီ လုံခြုံရေးအခြေအနေများကို တင်းကျပ်စေရန် ရည်ရွယ်၍ ဒါကာမြို့နှင့် အခြားခရိုင်(၅)ခုတွင် လုံခြုံရေးတပ်ဖွဲ့များချထားရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုများကြောင့် ရှိတ်ဟာစီနာ အာဏာမှ ဖယ်ရှားခံရပြီးနောက် နိုင်ငံတစ်ဝန်း လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်ကို ဇွန် ၁၅ ရက်တွင် ရုပ်သိမ်းခဲ့သော်လည်း...

တရုတ်ထိပ်တန်းသံတမန်က ရုရှားအတွင်းဝန်နှင့် တွေ့ဆုံ

နူးဒေလီ၊ ဇွန် ၂၃ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ဒါရိုက်တာ ဝမ်ယိသည် ရုရှားလုံခြုံရေးကောင်စီအတွင်းဝန် ဆာဂေးရွှိုင်ဂူ နှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် ဘရစ် အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးအကြံပေးများနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ၏ ၁၆ ကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန်အတွက် နူးဒေလီတွင် ရောက်ရှိနေသည်။ မေလတွင် ချမှတ်ခဲ့သော နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက် နှစ်ခုကို ပြန်လည်အမှတ်ရကာ တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်၊ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို...

မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် တရုတ်နိုင်ငံသို့ဟွန်ဆန် သွားမည်

ဇွန် ၂၄ ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်သည် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၂၅ ရက် နေ့မှ ၂၇ ရက် နေ့အထိ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ သွာရောက်မည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ အထက်လွှတ်တော်ဥက္ကဋ္ဌကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဋ္ဌသည် သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီကျွင်း နှင့် နိုင်ငံတော်ပြည်သူ့ကွန်ဂရက်လွှတ်တော် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက် လဲ့ကျီ တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် အဓိပတိကောင်စီအဖွဲ့ဝင် မစ္စတာ တီဘန်၊ ဝါရင့်အမတ်များ နှင့် အစိုးရအရာရှိများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071