အဌားယာဉ်TAXI များ လုပ်ငန်းဆောင်ရွက်မည့် ပုဂ္ဂလိကယာဉ်ပိုင်ရှင်များ နှင့် ကုမ္ပဏီများ က မြို့တွင်းခရီးစဉ်များ ပြေးဆွဲခွင့် လျှောက်ထားမှုများလည်း ခွင့်ပြုပေးနေဟု ဝန်ကြီးဌာန ပြန်လည်ဖြေကြား
နေပြည်တော်ကောင်စီ နယ်မြေတွင် မီတာဖြင့်သုံးစွဲရသည့် အဌားယာဉ် taxi ပြေးဆွဲ ရန် အစီအစဉ်ရှိမရှိကို ယနေ့ (ဇွန် ၁၁ ရက်)ကျင်းပသည့် တတိယအကြိမ်ပြည်သူလွှတ်တော် ဒုတိယ ပုံမှန်အစည်းဝေး ဆဌမနေ့ တွင် ကျိုက်လတ်မြို့နယ် ကိုယ်စားလှယ် ဒေါက်တာအောင်ကြီး က မေးမြန်းခဲ့ကြောင်း သိရသည်။
“နေပြည်တော်ကောင်စီနယ်မြေဟာ ကျယ်ပြန့်ခန့်ငြားသော်လည်းဘဲ တစ်နေရာနဲ့တစ်နေရာ သွားလာရန် အများပြည်သူသုံး ဘတ်စ်ကားယာဉ်မရှိမှုနှင့် သင့်တင့်လျှောက်ပတ်တဲ့ နှုန်းထားနဲ့ ဌားရ်မ်းသွားလာနိုင်တဲ့ သီးခြားအဌားယာဉ် public taxi များ လိုအပ်လျက်ရှိကြောင်း ”လည်း မေးခွန်းမေးမြန်းချိန် ဒေါက်တာအောင်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ မေးမြန်းမှုကို နေပြည်တော်ကောင်စီ နှင့် ပေါင်းစပ်၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
နေပြည်တော် အတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တိုးတက်စေရေးအတွက် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိပြီး သက်ဆိုင်ရာဌာနများကလည်း မြို့တွင်း taxi ပြေးဆွဲရေးကို ခွင့်ပြူပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဖြေကြားမှုတွင် ထည့်သွင်းဖြေကြားထားသည်။
“အဌားယာဉ်TAXI များ လုပ်ငန်းဆောင်ရွက်မည် ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များ နှင့် ကုမ္ပဏီများ က မြို့တွင်းခရီးစဉ်များပြေးဆွဲခွင့် လျှောက်ထားပါက နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဌာနများမှ လုပ်ထုံးလုပ်နည်းနဲ့အညီခွင့်ပြုပေးနေ “ ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် က ပြန်လည်ဖြေကြားခဲ့သည်။
ထို့အတူ စည်ပင်ဧည့်ရိပ်သာရှေ့တွင် EV TAXI ၁၅ စီး၊ သပြေကုန်းဈေးရှေ့မှာ ၁၂ စီးဖြင့် ၂၀၂၄ ခုနှစ်က နေ့စဉ်ပြေးဆွဲပေးနေကပြီး စင်းလုံးဌားစနစ်ဖြင့် ပြေးဆွဲနေသည့် မီးနီအိုးဝေး ၂၅၂၀ စီး လည်း ရှိကြောင်း ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့သည်။
