Saturday, July 18, 2026

မုတ်သုံလေနှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်တို့ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ယင်း ဖြစ်စဥ်နှစ်ရပ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ...

ထိုင်းက AI ကဏ္ဍတွင် တရုတ်နှင့်...

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုမှတဆင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ရှာဖွေနေပြီး ၎င်းတွင် ညဏ်ရည်တု AI ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ သန့်ရှင်းသော စွမ်းအင်နှင့်...

ကမ္ဘာ့သကြားဈေးကျဆင်းမှုကြောင့် ပြည်တွင်းသကြားဈေး ဆက်လက်ကျဆင်း

ရန်ကုန်၊ ဇူလိုင်-၁၈ ကမ္ဘာ့သကြားဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် မြန်မာ့သကြားပို့ကုန် တင်ပို့မှုလျော့ကျနိုင်ပြီး ယင်း၏အကျိုးဆက်အဖြစ် ပြည်တွင်းသကြားဈေးနှုန်းများလည်း ဆက်လက်ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းများ လျော့ကျနေခြင်းကြောင့်...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဥပဒေပြုရေးအပါအဝင် လွှတ်တော်လုပ်ငန်းစဉ်များ၏ ကဏ္ဍစုံတွင်...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ဇူလိုင် ၁၇ ရက်မွန်းလွဲပိုင်း၌ လက်ခံတွေ့ဆုံစဥ် အထက်ပါအတိုင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်...
HomeNewsLocal Newsနေပြည်တော်မြို့တွင်း EV ဘတ်စ်ကားများ...

နေပြည်တော်မြို့တွင်း EV ဘတ်စ်ကားများ လမ်းကြောင်းအသစ် တိုးချဲ့ပြေးဆွဲမည်

နေပြည်တော်၊ ဇူလိုင်-၁၈

နေပြည်တော်မြို့တွင်း ခရီးသွားပြည်သူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် လက်ရှိပြေးဆွဲနေသည့် EV ဘတ်စ်ကားလမ်းကြောင်းများအပြင် အသစ်လမ်းကြောင်းများ တိုးချဲ့ပြေးဆွဲမည်ဟု သိရသည်။

ယင်းလမ်းကြောင်းများမှာ တပ်ကုန်း၊ လယ်ဝေး၊ ရွာတော်နှင့် မြို့တွင်း လိုအပ်သော နေရာများသို့ လမ်းကြောင်းသစ်များ ထပ်မံတိုးချဲ့ပြေးဆွဲရန် စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါ လမ်းကြောင်းတိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ဂိတ်တာဝန်ခံ ဦးအောင်သူမိုးက ပြောကြားသည်။

လက်ရှိတွင် ရာဇာမင်းယာဉ်လိုင်းမှ EV ဘတ်စ်ကားများကို နေပြည်တော် မြို့မဈေးမှ စတင်ထွက်ခွာ၍ ခုတင် (၁၀၀၀) ဆေးရုံရှေ့၊ ကံ့ကော်အိမ်ရာ၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဇမ္ဗူသီရိဆေးရုံရှေ့၊ ပြန်ကပြေးအဝိုင်း၊ ဆင်ရုပ်နှင့် နှင်းဆီအဝိုင်းမှတစ်ဆင့် ဘောဂသီရိဂိတ်အထိ ပြေးဆွဲပေးလျက်ရှိသည်။

ယာဉ်စီးခနှုန်းထားကိုမူ ဂိတ်စဂိတ်ဆုံး မည်သည့်နေရာအထိ စီးနင်းသည်ဖြစ်စေ တစ်ဦးလျှင် ၁,၀၀၀ ကျပ်ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယာဉ်စီးခပေးချေရာတွင် သတ်မှတ်ထားသည့် ပုံးအတွင်း ကိုယ်တိုင်ထည့်သွင်းပေးရကာ မိမိဆင်းလိုသည့်နေရာရောက်မှသာ Stop Alarm ခလုတ်ကို နှိပ်ရသည့်စနစ်ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုတ်သုံလေနှင့် လေဖိအားနည်းရပ်ဝန်းတို့ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးဇလသတိပေး

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်တို့ကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ယင်း ဖြစ်စဥ်နှစ်ရပ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကိုကြိုတင်သတိပြုကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်ကြိုတင်သတိပြုကြရန် မိုးဇလကအသိပေးနှိုးဆော်ထားကြောင်း သိရသည်၊ ထို့ပြင် မိုးလေဝသဖြစ်စဥ်နှစ်ရပ်ကြောင့် ယနေ့ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းမှ ဇူလိုင်...

ထိုင်းက AI ကဏ္ဍတွင် တရုတ်နှင့် ဆက်ဆံရေး မြှင့်တင်မည်

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုမှတဆင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ရှာဖွေနေပြီး ၎င်းတွင် ညဏ်ရည်တု AI ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ သန့်ရှင်းသော စွမ်းအင်နှင့် အခြား အနာဂတ်စက်မှုလုပ်ငန်းများကို အဓိကထားလျက်ရှိသည်။       တရုတ်နိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီချုပ် အနူတင် ချန်ဗီရာကူလ်သည် ကြာသပတေးနေ့က ရှန်ဟိုင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။     ဆွေးနွေးပွဲများသည် နယ်ပယ်ကျယ်ပြန့်သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ ဒန်ဒီရက်က ပြောကြားခဲ့သည်။      ထိုင်းနှင့် တရုတ်နိုင်ငံသည် တစ်မိသားစုတည်း ဖြစ်ကြောင်း မစ္စတာရှီက ထပ်လောင်းအတည်ပြုခဲ့ပြီး နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာစေရန်...

ကမ္ဘာ့သကြားဈေးကျဆင်းမှုကြောင့် ပြည်တွင်းသကြားဈေး ဆက်လက်ကျဆင်း

ရန်ကုန်၊ ဇူလိုင်-၁၈ ကမ္ဘာ့သကြားဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် မြန်မာ့သကြားပို့ကုန် တင်ပို့မှုလျော့ကျနိုင်ပြီး ယင်း၏အကျိုးဆက်အဖြစ် ပြည်တွင်းသကြားဈေးနှုန်းများလည်း ဆက်လက်ကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ကမ္ဘာ့ဈေးကွက်တွင် သကြားဈေးနှုန်းများ လျော့ကျနေခြင်းကြောင့် မြန်မာ့သကြား၏ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလာကာ ပြည်ပဝယ်လိုအား လျော့နည်းခဲ့ပြီး ပို့ကုန်တင်ပို့မှုအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ကြံကြိတ်ရာသီကုန် မေလအထိ မြန်မာနိုင်ငံတွင် သကြားတန်ချိန် လေးသိန်းခန့် ထုတ်လုပ်နိုင်ခဲ့ပြီး ယင်းပမာဏမှာ ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။ အချို့ဒေသများတွင် နယ်မြေအခြေအနေများကြောင့် ကြံများကို အချိန်မီ မကြိတ်ဝါးနိုင်ခဲ့ခြင်းသည်လည်း ထုတ်လုပ်မှုလျော့ကျရသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071