Tuesday, April 21, 2026

လူတူစက်ရုပ်ကမာရသွန်ပြေးပွဲတွင်လူသားတို့ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့

တနင်္ဂနွေနေ့က မြို့တော်ပေကျင်းတွင် ကျင်းပခဲ့သော လူပုံတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သောစက်ရုပ်သည် ပြိုင်ပွဲကို ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့်...

မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှု ယနေ့...

ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မော်လိုက်မြို့၏ အရှေ့တောင်ဘက်(၂၈)မိုင်ခန့်အကွာ၊ အနက်(၁၀၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)...

ရုရှားပြည်ထဲရေးဝန်ကြီး မြောက်ကိုရီးယားသွား

ရုရှားပြည်ထဲရေးဝန်ကြီးသည် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင်တင်ရေးကို ဆွေးနွေးရန် မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့ကြောင်း အင်္ဂါနေ့က ရုရှားသတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ဗလာဒီမာ ကိုလိုကော့လ်ဆက်ဗ်ဦးဆောင်သော...

ရွှေတိဂုံစေတီတော်တွင် (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲ...

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲတော်ကို လာမည့် ဧပြီ ၃၀ ရက်၊ ကဆုန်လပြည့်နေ့ နံနက် ၇...
HomeNewsLocal Newsနေပြည်တော်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး...

နေပြည်တော်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး Quick Win အစီအမံ (၅) ရပ်ကို ဆက်လက် အကောင်အထည်ဖော်သွားမည်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ချမှတ်ထားသည့် Quick Win အစီအမံ (၅) ရပ်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကားလမ်းနယ်နိမိတ်များ၊ မီးရထားလမ်းနယ်နိမိတ်များ၊ ရထားလမ်းဖြတ်ကူးဂိတ်များ၊ လမ်းညွှန်း၊ လမ်းအမှတ်အသားများ စနစ်တကျရှိစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့ ဖေဖော်ဝါရီ (၂၇)ရက်က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ မော်တော်ဆိုင်ကယ် (သီးခြား) ယာဉ်ကြောအတွက် လမ်းပေါ်ဆေးရေးအမှတ်အသားများရေးဆွဲခြင်းနှင့် ပတ်သက်ပြီး စံနမူနာပြ ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားသည်။

ထို့ပြင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် လမ်းအသုံးပြုသူများကို အသိပညာပေးရေး၊ ထိန်းသိမ်းကြပ်မတ်ရေး၊ စစ်ဆေးအရေးယူရေးတိုကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှု အရေအတွက်၊ ယာဉ်မတော်တဆမှုကြောင့် ‌ေ-သဆုံး၊ ဒဏ်ရာရမှုအရေအတွက်များ လျော့နည်းကျဆင်းရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မော်တော်ယာဉ်များအသုံးပြုမှုနှင့် ကြံ့ခိုင်မှုများ စနစ်တကျစစ်ဆေးကြပ်မတ်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအစီအမံများ ပြည့်ပြည့်စုံစုံ တပ်ဆင်ခြင်းများကို စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုအပြင် ယာဉ်များ မောင်းနှင်အသုံးပြုမည့်လမ်းများ၏ ဒီဇိုင်းမှန်ကန်ရေး၊ စံချိန်စံညွှန်းကိုက်ညီအောင် တည်ဆောက်ရေး၊ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးစသည့် လမ်းအရည်အသွေးဆိုင်ရာလုပ်ငန်းစဉ်များကို မပျက်မကွက် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများကိုလည်း သတ်မှတ်ပြဌာန်းချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ကြစေရေး ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထိုနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် လမ်းညွှန်း လမ်းအမှတ်အသားများနှင့် အချက်ပြများ စိုက်ထူထားမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိင်းအစည်းအဝေးသို့ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူတူစက်ရုပ်ကမာရသွန်ပြေးပွဲတွင်လူသားတို့ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့

တနင်္ဂနွေနေ့က မြို့တော်ပေကျင်းတွင် ကျင်းပခဲ့သော လူပုံတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သောစက်ရုပ်သည် ပြိုင်ပွဲကို ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်ကာ လူသားတို့တင်ထားသော စံချိန်ကို ချိုးဖျ-က်နိုင်ခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံက စက်ရုပ်နည်းပညာတွင် အလျင်အမြန်တိုးတက်နေမှုကို ပြသရာရောက်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလက တရုတ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး စက်ရုပ် မာရသွန်ဝက်ပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်ပြိုင်ပွဲဖြစ်သည်။ ပထမအကြိမ်ပြိုင်ပွဲတွင် စံချိန် ၂ နာရီ ၄၀ မိနစ် ၄၂ စက္ကန့်ဖြင့် အနိုင်ရခဲ့သောစက်ရုပ်၏...

မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှု ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းကဖြစ်ပွားခဲ့

ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မော်လိုက်မြို့၏ အရှေ့တောင်ဘက်(၂၈)မိုင်ခန့်အကွာ၊ အနက်(၁၀၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု နံနက် ၆ နာရီ ၃၈ မိနစ် ၂၆ စက္ကန့်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကို ကန့်ဘလူမြေငလျင်စ ခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသနှင့် ဇ လဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရုရှားပြည်ထဲရေးဝန်ကြီး မြောက်ကိုရီးယားသွား

ရုရှားပြည်ထဲရေးဝန်ကြီးသည် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင်တင်ရေးကို ဆွေးနွေးရန် မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့ကြောင်း အင်္ဂါနေ့က ရုရှားသတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ဗလာဒီမာ ကိုလိုကော့လ်ဆက်ဗ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အလုပ်သဘောခရီးစဉ်အဖြစ် ယမန်နေ့တွင် ပြုံယမ်းသို့ ရောက်ရှိခဲ့သည်ဟု ရုရှားနိုင်ငံပိုင် တာ့စ်သတင်းဌာနက ဖော်ပြခဲ့သည်။ ဝန်ကြီးသည် မြောက်ကိုရီးယားပြည်သူ့လုံခြုံရေးဝန်ကြီး Pang Tu-sop နှင့် ဆွေးနွေးမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးမည်ဟု သတင်းတွင် ဖော်ပြထားသည်။ ကိုလိုကော့လ်ဆက်ဗ် ရောက်ရှိလာမှုကို မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကလည်း အတည်ပြုခဲ့ပြီး ၎င်း၏ ခရီးစဉ်သည် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071