Wednesday, June 10, 2026

ရန်ကုန်မြစ်အတွင်း သာမန်ထက်ထူးကဲဒီရေ တက်နိုင်သော်လည်း စိုးရိမ်ရန်မရှိကြောင်း...

​ရန်ကုန်မြစ်အတွင်း လာမည့် ဇွန်လ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကာလအ တွင်း အခြေခံရေစစ်မျဉ်းအထက် သာမန်ထက်ထူးကဲဒီရေ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင်...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ သတိပြုရန်...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်ရှိရန် နီးကပ်လာချိန်တွင် “အောင်စာရင်း ကြိုကြည့်ပေးမည်” ဟုဆိုကာ အွန်လိုင်းပေါ်တွင် လိမ်လည်လှည့်ဖျားမှုများ နှစ်စဉ် ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌...

ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ...

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် မြန်နှုန်းမြင့် DEMU ရထား၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ကာ ပိတ်သိမ်းမှုများ...

အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးလုပ်ငန်းများကို MOFA အမြဲတမ်းအတွင်းဝန်...

နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (ASEAN SOM) နှင့် ဆက်စပ်အစည်းအဝေးများတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများကို အကြံပြုဆွေးနွေးခဲ့ကြောင်း...
HomeNewsLocal Newsနေပြည်တော် ဘောဂသီရိကားဝင်းအတွင်း ရေများ...

နေပြည်တော် ဘောဂသီရိကားဝင်းအတွင်း ရေများ ဝင်ရောက်၊
ကားဝင်းအတွင်းရှိ ယာဉ်များ ဥပါတသန္တိဘုရာကုန်းဘက်သို့ ညတွင်းချင်း ရွှေ့ပြောင်းထားရ

ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ ဘောဂသီရိကားဝင်းအတွင်းသို့ စက်တင်ဘာ (၁၁) ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများ ဝင်ရောက်လာပြီး ကားဝင်းအတွင်းရှိ ယာဉ်များအားလုံး ဥပါတသန္တိဘုရာကုန်းဘက်သို့ ညတွင်းချင်း ရွှေ့ပြောင်းထားရကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ (၁၁) ရက် ညပိုင်းက ဘောဂသီရိကားဝင်းနှုင့် နှင်းဆီပန်းအဝိုင်းကြား ရေကြီး / ရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ယာဉ်များအားလုံး ရွှေ့ပြောင်းထားရပြီး လက်ရှိ ကားဝင်းအတွင်းရှိ ဆိုင်များလည်း ယနေ့ စက်တင်ဘာ (၁၂)ရက် နံနက်ပိုင်းမှ စတင်၍ ပိတ်သိမ်းထားရကြောင်း သိရသည်။

“ဘောဂသီရိ ကားကွင်း ကားဂိတ်တွေထဲထိ ရေဝင်လာနေတာ ဝန်းထဲဆို ရေက လူရဲ့ ချက်လောက်ထိ ရောက်နေပြီး အခြေနေမကောင်းဘူး။ ရေက ခုမနက်လည်း ဆက်ပြီး တက်နေတယ်။ သူတို့တွေ ပြင်ဆင်ချိန်တောင် မရဘဲ ကားတွေ အကုန်အမြန်ရွှေ့နေကြတာ။ အုတ်တံတိုင်းလည်း ကျိုးသွားပြီ ကားတွေလည်း အကုန်မောင်းပြေးရတယ်။”ဟု ဘောဂသီရိကားကွင်းအနီးရှိ ဒေသခံ တစ်ဦးက ပြောသည်။

ထို့ပြင် ဘောဂသီရိကားကွင်းအနီးရှိ ဆင်‌ေ-သချောင်းဘေးမှ ရှမ်းရွာ၊ အလယ်ရွာ၊ ကျောက်ချက်ကျေးရွာများ တာဘောင်ကျိုးပြီး ရွာထဲရှိ နေအိမ်များ ရေမြုပ်နေကြောင်းလည်း သိရသည်။

တိုင်ဖွန်းမုန်တိုင်းယာဂီ၏ အရှိန်ကြောင့် နေပြည်တော်ဝန်းကျင်တွင် (၈) ရက်တွင် နေရာကျဲကျဲ၊ (၉) ရက်တွင် နေရာစိပ်စိပ်၊ (၁၀) ရက်နှင့် (၁၁) ရက်တိုတွင် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းခဲ့ စက်တင်ဘာ (၁၁) ရက်တွင် မိုးရေချိန် အနည်းဆုံး ၀ ဒသမ ၆၇ လက်မမှ အများဆုံး ၄ ဒသမ ၂၁ လက်မအထိ ရွာသွန်းခဲ့ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တိုတွင် မြစ်ရေများ အဆက်မပြတ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

ထိုသို မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်၊ အနော်ရထာရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ တံတားအချို ရေတိုက်စားပျက်စီးခြင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်း အချို့နေရာများတွင် ရေကျော်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အလားတူ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဇေယျာသီရိမြိုနယ်နှင့် ပုဗ္ဗသီရိမြိုနယ်အတွင်းရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံခြင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက် ရေကျော်မှုများ ဖြစ်ပေါ်မှုကြောင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်း သိရသည်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့် ဒေသများတွင် မိုးရွာသွန်းမှု များပြားလျက်ရှိပြီး ပျဉ်းမနားမြို့အတွင်း ငလိုက်ချောင်း၊ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်တစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြပါရန် နှိုးဆော်တိုက်တွန်းနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြစ်အတွင်း သာမန်ထက်ထူးကဲဒီရေ တက်နိုင်သော်လည်း စိုးရိမ်ရန်မရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သတိပေး

​ရန်ကုန်မြစ်အတွင်း လာမည့် ဇွန်လ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကာလအ တွင်း အခြေခံရေစစ်မျဉ်းအထက် သာမန်ထက်ထူးကဲဒီရေ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိ ပေးချက် ထုတ်ပြန်လိုက်သည်။ ​အဆိုပါ ကာလအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့် (၂၀.၀၁) ပေမှ (၂၀.၀၄) ပေခန့်အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။ သို့သော်လည်း ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် အခြေခံရေစစ်မျဉ်းအထက် (၂၂) ပေခန့်အထိ တက်ခဲ့ဖူးသည့် သာဓ ကများရှိခဲ့သဖြင့်...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ သတိပြုရန် တိုက်တွန်း

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်ရှိရန် နီးကပ်လာချိန်တွင် “အောင်စာရင်း ကြိုကြည့်ပေးမည်” ဟုဆိုကာ အွန်လိုင်းပေါ်တွင် လိမ်လည်လှည့်ဖျားမှုများ နှစ်စဉ် ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ “အောင်စာရင်း ကြိုသိပေးမည်” ၊ “စာမေးပွဲအောင်အောင် လုပ်ပေးမည်” ၊ “ဂုဏ်ထူးရအောင် ကူညီပေးမည်” စသည့် စာသားများဖြင့် ခုံအမှတ်များ တောင်းယူကာ ငွေကြေး လိမ်လည်တောင်းခံမှုများ ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အထူးသတိပြုကြရန် လိုအပ်ကြောင်း အသိပေးထားသည်။ ထို့ပြင် အချို့သော လိမ်လည်သူများသည် အကောင့်တုများ အသုံးပြု၍ “ကြည့်ပေးတာ...

ရန်ကုန်-မော်လမြိုင် DEMU ရထားပြေးဆွဲရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်နေ

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် မြန်နှုန်းမြင့် DEMU ရထား၏ လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ရထားလမ်းကူးနေရာ ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ကာ ပိတ်သိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာ့မီးရထားဝန်ထမ်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များသည် ဇွန် ၈ ရက်မှစတင်၍ တရားမဝင် ရထားလမ်းကူးနေရာများကို ခြံစည်းရိုးများခတ်ကာ လိုက်လံပိတ်သိမ်းလျက်ရှိကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ ဇူလိုင်လအတွင်း ပြေးဆွဲမည့် မော်လမြိုင်-ရန်ကုန် DEMU ရထား၏ လုံခြုံစိတ်ချရသော ပြေးဆွဲမှုကို အထောက်အကူပြုနိုင်ရန်နှင့် ရထားတိုက်မှုအန္တရာယ်များ လျော့နည်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ “တရားမဝင် ရထားလမ်းကူးတဲ့နေရာတွေကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071