ဒီကနေ့ အောက်တိုဘာ (၄)ရက် နံနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ONE Fight Night ပွဲစဉ်မှာ ပြိုင်ဘက်ဖြစ်သူ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန်ကာဒက်စတမ်ကို MMAဖိုက်တာ ကချင်တိုင်းရင်းသား အောင်လအန်ဆန် အနိုင်ယူပြခဲ့ပါတယ်။
ဒါဟာ အောင်လအန်ဆန်ရဲ့ နောက်ဆုံးပွဲဖြစ်သလို နိုင်ပွဲနဲ့အတူကစားသမားဘဝကိုအပြီးတိုင် နှုတ်ဆက်ခဲ့ပြီဘဲဖြစ်ပါတယ်။
ပြိုင်ဘက် ကာဒက်စတမ်ဟာ One Championship မှာ (၁၁) ပွဲကစား (၇) ပွဲနိုင် (၄) ပွဲရှုံးထားသူဖြစ်ပြီး အောင်လအန်ဆန်ကတော့ (၁၉) ပွဲကစား (၁၄) ပွဲနိုင်ပွဲရရှိထားသူဖြစ်ပြီး ၊ ယခုပွဲစဥ်အပါ(၁၅)ပွဲအနိုင်ရရှိပြီး သူချစ်တဲ့ ပရိတ်သတ်ကို နှုတ်ဆက်ခဲ့ပြီဘဲဖြစ်ပါတယ်။
ONE Championship က ကစားသမားဘဝကနေ အနားယူတော့မယ့် အောင်လအန်ဆန်ရဲ့ ကစားသမားဘ၀ အမှတ်တရပုံရိပ်နဲ့ မှတ်တမ်းတွေကို ပွဲမတင်မီယနေ့နံနက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
ဒီကနေ့ ပွဲစဉ်မှာ ဖလိုင်းဝိတ်တန်း Ranking 4 နေရာ ခွန်ထရာနီ၊ Ranking 5 နေရာ ကျောက်ဆူရိုင်းတို့ကို အက်စလန်ဂျွန်နဲ့ ဂူလူဇာဒါတို့က ဗိုလ်လုခဲ့တဲ့ ပွဲစဉ်လည်းပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ပရာဂျန်ချိုင်းနဲ့ ဂျော်နသန်ဒီဗဲလားတို့ရဲ့ စတောဝိတ်တန်း ကစ်ဘောက်ဆင်ချန်ပီယံလုကြမယ့်ပွဲဟာလည်းခေါင်ပွဲနေရာကနေပါဝင်လာခဲ့တာဖြစ်ပါတယ်။
