Home News Local News နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရန် အမြဲတောင်းဆိုခဲ့ပြီး ဖြစ်နိုင်သည့်ကိစ္စများကို ဦးစားပေးဆွေးနွေးသွားမည်

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရန် အမြဲတောင်းဆိုခဲ့ပြီး ဖြစ်နိုင်သည့်ကိစ္စများကို ဦးစားပေးဆွေးနွေးသွားမည်

0
90

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တို့ ယမန်နေ့ က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “ ကြိုတင်ကန့်သတ်ချက်မထားသည့် နည်းလမ်းဖြင့်ဆွေးနွေးရန် ဖိန်ခေါ်ခဲ့ကြောင်း၊ NCA Plus ကဲ့ သို့ အကောင်ထည်ဖော်မည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လျာထားကြောင်း “ လည်း SSPP အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း” ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် SSPP ဒုတိယဥက္ကဌ (၂) စွဝ်ခွန်ဆိုင်က ငြိမ်းချမ်းရေးသည် အမှန်တကယ်လိုအပ်ကြောင်းနှင့် နိုင်ငံရေးပြသာနာများကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရန် အမြဲတောင်းဆိုခဲ့ပြီး ဖြစ်နိုင်သည့်ကိစ္စများကို ဦးစားပေးဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အတိတ်က သင်ခန်းစာများကိုယူပြီး ယုံကြည်မှုတည်ဆောက်သွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။

ထို့နောက် ငြိမ်ချမ်းရေးကိစ္စရပ်များနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရန် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်စေရန် ဆက်လက်ထိန်းသိမ်းထားနိုင်ရေးတို့ကို နယ်မြေကျော်လွန်ခြင်းကိစ္စများနှင့် ပတ်သက်ပြီး ချက်ချင်းဖြေရှင်းနိုင်မည့် အဖွဲ့စုံပါဝင်သည့် အဖွဲ့တစ်ရပ်ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) သည် တစ်နိုင်ငံလုံး ပ-စ်ခတ်တို-က်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here