Sunday, May 3, 2026

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့်...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက်...

မုံရွာမြို့ ချင်းတွင်းမြစ်ရိုးတလျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာရိုးများ ကြံ့ခိုင်မှုရှိစေရေး၊ မြစ်ရေကြီးချိန်တွင် ရေကြီးရေလျှံမှုများမဖြစ်ပေါ်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊...
HomeInternationalနိုင်ငံရေး စီးပွားရေးအကျပ်အတည်းကြားတိုင်းပြည်မှထွက်​ပြေးရသည့် သီရိလင်္ကာသမ္မတ

နိုင်ငံရေး စီးပွားရေးအကျပ်အတည်းကြားတိုင်းပြည်မှထွက်​ပြေးရသည့် သီရိလင်္ကာသမ္မတ

နိုင်ငံရေး စီးပွားရေးအကျပ်အတည်းကြားတိုင်းပြည်မှထွက်​ပြေးရသည့် သီရိလင်္ကာသမ္မတ

ကိုလံဘို၊ ဇူလိုင် ၁၃
၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစ၍ အဆိုးရွားဆုံးစီးပွားရေးပြဿနာနှင့် ကြုံတွေ့နေရသော သီရိလင်္ကာနိုင်ငံ၏ သမ္မတ ဂိုတာဗျာရာဂျားပါစကာသည် ယနေ့မနက်အစောပိုင်းတွင် နိုင်ငံမှထွက်ခွာသွားကြောင်းသိရှိရသည်။

သမ္မတ ရာဂျားပါစကာ၊ ၎င်း၏ဇနီးနှင့် သက်တော်စောင့်နှစ်ဦးသည် သီရိလင်္ကာလေတပ်လေယာဉ်ဖြင့် မော်လ်ဒိုက်မြို့တော် မာလီ သို့ထွက်‌ပြေးတိမ်းရှောင်သွားကြောင်း ​လေတပ်​ပြောဆိုချက်နှင့် လူဝင်မှုကြီးကြပ်ရေးမှအရာရှိများကို ကိုးကား၍ သတင်းအေဂျင်စီများကဖော်ပြခဲ့သည်။

သီရိလင်္ကာသမ္မတသည် ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းက မာလီသို့ရောက်ရှိလာသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည်သမ္မတအိမ်​တော်ကို ဝင်ရောက်စီးနင်းကာ ရာထူးမှဆင်းပေးရန် တောင်းဆိုပြီးနောက် ဗုဒ္ဓဟူးနေ့တွင်ရာထူးမှ နုတ်ထွက်မည်ဟု၎င်းကပြောဆိုခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က အစ်ကိုဖြစ်သူ၏ အစိုးရလက်ထက်တွင် ကာကွယ်ရေးအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ကာ သက်တမ်းရှည်‌နေသော နိုင်ငံ၏ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ကူညီပေးခဲ့သော ရာဂျားပါစကာသည် ၂၀၁၉ ခုနှစ်တွင် လုံခြုံရေးနှင့် တည်ငြိမ်ရေးဆိုင်ရာအတွက်အလားအလာ‌ကောင်းသော သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။

သို့သော်အစိုးရဘဏ္ဍာများ ကုန်သွားပြီး တိုင်းပြည်တွင် လောင်စာဆီ၊စားနပ်ရိက္ခာနှင့် ဆေးဝါးများကုန်ခမ်းလာသည့်အပြင် နိုင်ငံခြားကြွေးမြီများပါတင်နေသည့်အတွက် သမ္မတကိုစီးပွားရေးဆိုင်ရာ အရည်အချင်းမရှိဟုစွပ်စွဲခဲ့ပြီး သီရိလင်္ကာနိုင်ငံရေးကို နှစ် ၂၀ နီးပါးအုပ်စိုးခဲ့သည့် ဂိုတာဗျာနှင့် ရာဂျားပါစကာ မိသားစုအပေါ်လူထု၏သဘောထားပြောင်းလာခဲ့သည်။

ယခုအချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံရနိုင်ခြေရှိသဖြင့်ရှောင်ရှားနိုင်ရန် ရာထူးမှမဆင်းမီ နိုင်ငံရပ်ခြားသို့ ထွက်ပြေးသွားခြင်းဖြစ်သည်ဟုသိရှိရသည်။

နိုင်ငံ၏လွှတ်တော်သည် သမ္မတအသစ်ရွေးချယ်နိုင်ရန် ဇူလိုင် ၂၀ ရက်တွင် မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။

Source – Aljerzeera

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်‌တော်ဝင်ခြင်းသည်...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ချီးကျူးဂုဏ်ပြုသည့် မိန့်ခွန်းပြောကြားသွားမည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။ အောက်တိုဘာလတွင် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် တာကာအိချီ၏ ပထမဆုံးဗီယက်နမ်ခရီးစဉ်သည် စွမ်းအင်လုံခြုံရေး၊ ထောက်ပံ့ရေးကွင်းဆက်၏ ပြန်လည်ရုန်းထနိုင်စွမ်းနှင့် နည်းပညာတီထွင်ဆန်းသစ်မှုတို့တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်ကြောင်း ဗီယက်နမ်အစိုးရပိုင်မီဒီယာများက သတင်းဖော်ပြခဲ့သည်။ သူသည် စနေနေ့တွင် ဝန်ကြီးချုပ် လီမင်ဟွန်းအပြင် ပြီးခဲ့သည့်လကပင် သမ္မတအဖြစ်လည်းတင်မြှောက်ခံခဲ့ရသော ကွန်မြူနစ်ပါတီခေါင်းဆောင် တိုလမ်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ဂျပန်သည် ဗီယက်နမ်၏...

ဘားအံမြို့၌ ဆိုင်ခန်းပေါင်း (၃၀) ကျော်ဖြင့် တောင်သူလယ်သမားစျေးဖွင့်လှစ်ရောင်းချ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းတွင် မေ ၂ ရက်နံနက်ပိုင်းက အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ် သူများ၏ ထုတ်ကုန်များကိုသက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်တို-က်ရို-က်ရောက်ရှိစေရေးအတွက် (အခွန်လွတ်) တောင်သူလယ်သမားဈေးကိုဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ဒေသထွက် မွေးမြူရေးထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ဟင်းသီးဟင်းရွက်အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီ အရောင်းဆိုင်ခန်းများ စုစုပေါင်းဆိုင်ခန်း (၃၀) ကျော်ဖြင့် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ ထိုသို့ ရောင်းချခဲ့မှုအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တောင်သူလယ်သမားစျေးကို လစဉ်ပထမပတ်၏ စနေနေ့တွင်ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကာ နောင်လာမည့်အပတ်တွင်လည်း ဈေးဆိုင်ခန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071