နိုင်ငံပိုင်သယံဇာတများကို မတော်လောဘဖြင့် ဥပဒေမဲ့ခိုးထုတ်ကာ လက်နက်ကိုင်အဖွဲ့များထံထောက်ပံ့နေမှုများအား ဖော်ထုတ်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း ဒေသအချို့တွင်ဖြစ်ပေါ်လျက်ရှိသည့် လက်နက်ကိုင်တိုက်ခိုက်မှုနေမှုများအား အခွင့်ကောင်းယူကာ စီးပွားရေးသမားများက နိုင်ငံပိုင်သယံဇာတပစ္စည်းများကို ဥပဒေမဲ့ခိုးထုတ်ပြီး လက်နက်ကိုင်အဖွဲ့များထံ ထောက်ပံ့မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံပိုင်သယံဇာတများအား ဥပဒေမဲ့ခိုးထုတ်ရာ၌ ဒေသခံများကို ငွေကြေးဖြင့်ဆွဲဆောင်စည်းရုံးကာ အလုပ်လုပ်ကိုင်စေလျက်ရှိခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုကို အားပေးမှုမြောက်သည်ဟု သိရသည်။
ထို့ကြောင့် နိုင်ငံပိုင်သယံဇာတပစ္စည်းများအား ဥပဒေမဲ့ခိုးထုတ်ကာ လက်နက်ကိုင်အဖွဲ့ဝင်များအား ထောင်ပံ့နေမှုများကိုစိစစ်ဖော်ထုတ်ပြီးတိုက်ဖျက်သွားမည်ဖြစ်၍ ဒေသခံများအနေဖြင့် ဥပဒေမဲ့သယံဇာတခိုးထုတ်သည့်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်းမှရှောင်ရှားကြရန် သက် ဆိုင်ရာက အသိပေးနှိုးဆော်ခဲ့သည်။
နိုင်ငံတော်အနေဖြင့် နိုင်ငံပိုင်သယံဇာတပစ္စည်းများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများပြ ဋ္ဌာန်းထားပြီး သယံဇာတထုတ်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဥပဒေများနှင့်အညီဆောင်ရွက်ခွင့်ပြုထားကြောင်း သိရသည်။
