” ပြည်သူတွေ စားရေးအဆင်ပြေအောင် စိုက်ပျိုးမွေး မြူရေးဇုန်တွေကို ဒေသအလိုက်မဖြစ်မနေအကောင်အ ထည်ဖော်ဆောင်ရွက်နေတာပါ”ဟု နိုင်ငံတော်သမ္မတပြော
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးမွေး မြူရေးဇုန်များအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်ကိုကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်တိုင်းအတွင်းရှိ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူ ရေးဇုန်၊ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်(မှော်ဘီ)၊ (၂၆) မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တို့၌ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ငါးမွေးမြူရေးလုပ် ငန်း(မအူပင်)၊ ငါးမွေးမြူရေးလုပ်ငန်း(ရွှေမုယင်း)တို့အ ကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တန်(၅၀၀)အ အေးခန်းစက်ရုံ(လှိုင်သာယာ)၏ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နိုင်မှုတို့ကိုရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတက အထွက်နှုန်းတိုးမြင့်လာ စေမည့် မွေးမြူရေးနည်းလမ်းများကိုဆက်လက်လေ့ လာဆောင်ရွက်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင် ရွက်ရာ၌ မိရိုးဖလာသမားရိုးကျနည်းလမ်းများဖြင့် စိုက်ပျိုးခြင်းထက် ခေတ်မီနည်းစနစ်များအသုံးပြုစိုက် ပျိုးသည့်နည်းလမ်းများဖြင့်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦး ရေများပြား၍ ဝယ်လိုအားနှင့် ရောင်းလိုအားမျှတစေရန်နှင့် အခြေခံစားကုန်များကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများထုတ်လုပ်မှုကိုအောင်မြင်အောင်ဆက်လက်အ ကောင်အထည်ဖော်ရန်၊ ဇုန်များအလိုက် မြေအသုံးချမှုများကို အကျိုးရှိရှိအသုံးပြုနိုင်ရန်၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်၊ အထွက်နှုန်းများတိုးမြင့်လာစေရေးအတွက်စနစ်တကျဆောင်ရွက်ရန်တို့ကိုလည်းမှာကြားခဲ့ကြောင်း သိရသည်။
” နိုင်ငံတော်မှာ နိုင်ငံရေးအရတည်ငြိမ်မှုရှိပေမယ့် ပြည် သူလူထုရဲ့ စားရေးအဆင်ပြေဖို့၊ စီးပွားရေးအရပြေ လည်ဖို့အဓိကလိုအပ်တယ်။ ဒါ့ကြောင့် ပြည်သူတွေ စားရေးအဆင်ပြေအောင် စိုက်ပျိုးမွေးမြူရေးဇုန်တွေကို ဒေသအလိုက်မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်နေတာပါ”ဟု နိုင်ငံတော်သမ္မတက ပြော သည်။
ထို့ကြောင့် အကျိုးအမြတ်ရရှိရေးသည် အဓိကမဟုတ်ဘဲ ပြည်သူလူထုအနေဖြင့် အသား၊ ငါးနှင့် ရာသီသီးနှံများကို သက်သာသောဈေးနှုန်းများဖြင့် လုံလုံလောက်လောက်ဝယ်ယူစားသောက်နိုင်စေရေးအတွက်သာ အ ဓိကဆောင်ရွက်ခြင်းဖြစ်၍ ယခုထက်ပိုမိုအောင်မြင်အောင်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မွေးမြူရေးဇုန်အ တွင်း ငါးတန်၊ ငါးမြစ်ချင်း၊ ငါးမုတ်တို့အား ငါးသား ဖောက်လုပ်ငန်းဆောင်ရွက်နေမှု၊ ငါးသားပေါက်မွေးမြူ ထားရှိမှု၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်အ တွင်း ဘဲမွေးမြူရေးဆောင်ရွက်ထားရှိမှု၊ ငါးမွေးမြူ ရေးဆောင်ရွက်ထားရှိမှု၊ သီလဝါဘက်စုံစိုက်ပျိုးမွေး မြူရေးဇုန်မှထွက်ရှိသည့် ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ ခင်းကျင်းပြသထားမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
