Saturday, July 18, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ...

" ပြည်သူတွေ စားရေးအဆင်ပြေအောင် စိုက်ပျိုးမွေး မြူရေးဇုန်တွေကို ဒေသအလိုက်မဖြစ်မနေအကောင်အ ထည်ဖော်ဆောင်ရွက်နေတာပါ"ဟု နိုင်ငံတော်သမ္မတပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းက...

ပြည်တွင်းစက်သုံးဆီဖူလုံရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရန် သန်လျင်ရေနံချက်စက်ရုံ...

ရန်ကုန်၊ ဇူလိုင်-၁၈ မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံမှု တိုးမြှင့်နိုင်ရေးနှင့် ပြည်ပမှ စက်သုံးဆီ တင်သွင်းနေရမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်အတွက် ယခင်က ယာယီရပ်နားထားခဲ့သည့် သန်လျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးလုပ်ငန်းစဉ်များကို...

မုဒုံမြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အ စာချက်စက်ရုံနှင့်...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ ခ လောက်ပေါ်ရွာကွင်း၏ ကွင်းအမှတ်-၈၁၆(ခ)ရှိ နိုင်ငံ တော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အစာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်စက်ရုံများတည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ စက်ရုံများကို...

ကျိုက်ထိုတွင် သံတံတားကျေးရွာဒေသခံများကို မြေငှားဂရန်များ ပေးအပ်

ကျိုက်ထို၊ဇူလိုင်-၁၈ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သံတံတားကျေးရွာရှိ ဒေသခံပြည်သူများအား မြေငှားဂရန်ပေးအပ်ပွဲကို ဇူလိုင် ၁၈ ရက် (ယနေ)နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ဂရန်ပေးအပ်ခြင်းကို...
HomeMoviesအာဆီယံ(၁၀)နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊...

အာဆီယံ(၁၀)နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများရှိတက္ကသိုလ်အသီးသီးမှပညာရှင်များပါဝင်မည့် မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ် (၂၀၂၆)ကို နိုဝင်ဘာလအတွင်းကျင်းပမည်

အာဆီယံ(၁၀)နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများရှိတက္ကသိုလ်အသီးသီးမှပညာရှင်များပါဝင်မည့် ပထမအကြိမ် မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ်(၂၀၂၆)ကို လာမည့် နိုဝင်ဘာလအတွင်း၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားတက္ကသိုလ်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်ကျင်းပနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဖိုရမ်သည် မြစ်ကြီးနားမြို့၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ်အကြီးကျယ်ဆုံးနှင့် အခမ်းအနားဆုံးကျင်းပမည့် နိုင်ငံတော်အဆင့်၊ နိုင်ငံတကာပညာရေးညီလာခံကြီးဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်၏ဂုဏ်ဒြပ်ကို ကမ္ဘာ့အလယ်၌မြှင့်တင်ပေးမည့် ပညာရေးဆိုင်ရာခြေလှမ်းသစ်ဖြစ်ကာ ဖိုရမ်သည် ပြည်နယ်၏ပညာအရည်အသွေးကိုမြှင့်တင်ပေးရုံသာမက ကမ္ဘာလုံးဆိုင်ရာအမြင်နှင့် ဒေသတွင်းအလားအလာများကို ဟန်ချက်ညီစုစည်းချိတ်ဆက်ပေးပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို အရှိန်အဟုန်ဖြင့်အထောက်အကူပေးမည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် ၁၇ ရက်ကလည်း ဖိုရမ်ကျင်းပမည့် မြစ်ကြီးနားတက္ကသိုလ်၏ ဘွဲ့ နှင်းသဘင်ခန်းမဆောင်နှင့် သုတေသနဌာနအဆောင်တို့အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ်(၂၀၂၆)ကို ပြည်နယ်ဖွံ့ဖြိုးရေးမှသည် နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားတိုးတက်မှုဆီသို့ဟူသော မဟာဗျူဟာမြောက်ရည် မှန်းချက်ဖြင့်ကျင်းပမည်ဖြစ်ကာ စာတမ်းဖတ်ပွဲများ၊ ပညာရှင်များ၏ အထူးဟောပြောပွဲကဏ္ဍများ၊ ငြိမ်းချမ်းရေး၊ ပညာရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများနှင့် ဒေ သထွက်ကုန်နှင့် သုတေသနအခြေပြုတီထွင်ဆန်းသစ်မှုပြပွဲများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည် ဖော်ထားရှိမှုကိုကြည့်ရှုစစ်ဆေး

" ပြည်သူတွေ စားရေးအဆင်ပြေအောင် စိုက်ပျိုးမွေး မြူရေးဇုန်တွေကို ဒေသအလိုက်မဖြစ်မနေအကောင်အ ထည်ဖော်ဆောင်ရွက်နေတာပါ"ဟု နိုင်ငံတော်သမ္မတပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးမွေး မြူရေးဇုန်များအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်ကိုကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်တိုင်းအတွင်းရှိ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူ ရေးဇုန်၊ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်(မှော်ဘီ)၊ (၂၆) မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တို့၌ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ငါးမွေးမြူရေးလုပ် ငန်း(မအူပင်)၊ ငါးမွေးမြူရေးလုပ်ငန်း(ရွှေမုယင်း)တို့အ ကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တန်(၅၀၀)အ အေးခန်းစက်ရုံ(လှိုင်သာယာ)၏ အချက်အလက်များနှင့်...

ပြည်တွင်းစက်သုံးဆီဖူလုံရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရန် သန်လျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်ရေး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နေ

ရန်ကုန်၊ ဇူလိုင်-၁၈ မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံမှု တိုးမြှင့်နိုင်ရေးနှင့် ပြည်ပမှ စက်သုံးဆီ တင်သွင်းနေရမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်အတွက် ယခင်က ယာယီရပ်နားထားခဲ့သည့် သန်လျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ဌာနထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် စက်သုံးဆီတင်သွင်းမှုအတွက် ကုန်ကျနေသည့် နိုင်ငံခြားငွေ (Foreign Currency) သုံးစွဲမှုကို ထိရောက်စွာ လျှော့ချပေးနိုင်ရန် ဖြစ်ပြီး၊ နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး (Energy Security) ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ခြင်း...

မုဒုံမြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အ စာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်စက်ရုံများတည်ဆောက်မည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ ခ လောက်ပေါ်ရွာကွင်း၏ ကွင်းအမှတ်-၈၁၆(ခ)ရှိ နိုင်ငံ တော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အစာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်စက်ရုံများတည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ စက်ရုံများကို မွန်ပြည်နယ်အတွင်း ဒေသထုတ် ကုန်များပိုမိုမြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးတို့အတွက်တည် ဆောက်ရန်စီစဥ်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ တည်ဆောက်မည့်မြေနေရာများအား မွန်ပြည် နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးပြီး စက်ရုံများရေရှည်လည်ပတ်နိုင်ရန်လိုအပ်မည့်လျှပ် စစ်မီးရရှိရေး၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူစေရေး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်ကြိုတင်ပြင်ဆင်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်ရုံဆောက်လုပ်မည့်မြေနေရာများတွင် ဥပ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071