Home Movies နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေ ကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေ ကြား

0
117

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel တွင် တရုတ်နိုင် ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတက မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ စီးပွားရေးနှင့် ကုန်သွယ် ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို ပြည့်စုံစွာဖြေကြားခဲ့သည်။

ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများအ ပေါ် မြန်မာနိုင်ငံ၏သဘောထားများအပါအဝင် Phoenix သတင်းဌာနမှသိရှိလိုသည့် အကြောင်းအရာများကိုလည်း ပြည့်စုံစွာဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတသည် ဇွန် ၁၇ ရက်ကလည်း ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၊ ဧည့်ခန်းမဆောင်၌ တ ရုတ်နိုင်ငံ၊ CCTV သတင်းဌာနမှ ထိပ်တန်းသတင်းတင်ဆက်သူ မစ္စကျိုးယွင်၏ တွေ့ဆုံမေးမြန်းမှုများကိုလည်း ပြည့်စုံစွာလက်ခံဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသို့ရောက်ရှိစဉ်အ တွင်း နှစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခမ်းအ နားများတက်ရောက်ခြင်း၊ ဒေသအသီးသီးရှိ ဖွံ့ဖြိုးတိုး တက်မှုအခြေအနေများကို လေ့လာခြင်းတို့ကိုဆောင် ရွက်လျက်ရှိသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here