Friday, June 19, 2026

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအ သစ်များရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်ခြင်းကို ဇွန် ၁၇ ရက်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်၍...

​ရန်ကုန် Smart City စီမံကိန်းကို...

"ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုး တက်မှုအဆင့်(Star Rating System)စနစ်သတ်မှတ်၍ ပြည်သူသို့ ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန်"အဆိုကို...

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌...

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို...

မြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN Cup...

မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (Myanmar Women Coffee Network - MWCN) က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters...
HomeMoviesနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေ ကြား

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel တွင် တရုတ်နိုင် ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတက မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ စီးပွားရေးနှင့် ကုန်သွယ် ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို ပြည့်စုံစွာဖြေကြားခဲ့သည်။

ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများအ ပေါ် မြန်မာနိုင်ငံ၏သဘောထားများအပါအဝင် Phoenix သတင်းဌာနမှသိရှိလိုသည့် အကြောင်းအရာများကိုလည်း ပြည့်စုံစွာဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတသည် ဇွန် ၁၇ ရက်ကလည်း ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၊ ဧည့်ခန်းမဆောင်၌ တ ရုတ်နိုင်ငံ၊ CCTV သတင်းဌာနမှ ထိပ်တန်းသတင်းတင်ဆက်သူ မစ္စကျိုးယွင်၏ တွေ့ဆုံမေးမြန်းမှုများကိုလည်း ပြည့်စုံစွာလက်ခံဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသို့ရောက်ရှိစဉ်အ တွင်း နှစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခမ်းအ နားများတက်ရောက်ခြင်း၊ ဒေသအသီးသီးရှိ ဖွံ့ဖြိုးတိုး တက်မှုအခြေအနေများကို လေ့လာခြင်းတို့ကိုဆောင် ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းမြို့ပေါ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအ သစ်များရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များရွေးချယ်ခြင်းကို ဇွန် ၁၇ ရက်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာလိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်၍ ကြီးကြပ်ရေးအဖွဲ့(၅)ဦးကို ရပ်ကွက်နေသူ များ၏ ဆန္ဒမဲဖြင့်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များအား  ဇွန် ၂၅ ရက်အပြီး ရွေးချယ်သွားမည်ဖြစ်ကာ ရွေးချယ်ခံရသည့် အုပ်ချုပ်ရေးမှူးများအား ဇူ လိုင် ၁ ရက်မှစ၍ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ လိုက်နာရမည့်ကျင့်ဝတ်များအား စာ တွေ့၊ လက်တွေ့ (၁)လကြာသင်ကြားပို့ချသွားမည်ဖြစ် ကြောင်း...

​ရန်ကုန် Smart City စီမံကိန်းကို Star Rating စနစ်ဖြင့် ချပြရန်အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက မနက်ဖြန် ဇွန် ၁၉ ရက်တွင် လွှတ်တော်၌ဆွေးနွေးမည်

"ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုး တက်မှုအဆင့်(Star Rating System)စနစ်သတ်မှတ်၍ ပြည်သူသို့ ပွင့်လင်းမြင်သာစွာထုတ်ပြန်ပေးရန်"အဆိုကို ဗဟန်းမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)ဒေါ်ခိုင်ဆုရည်ဇော်က ရန်ကုန်တိုင်းလွှတ်တော်သို့တင်သွင်းထားခဲ့ကြောင်း သိရသည်။ ယင်း အဆိုအား မနက်ဖြန် ဇွန် ၁၉ ရက်နံနက်ပိုင်းတွင်ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)၌ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။ ဒေါက်တာတင်အောင်ခိုင်၊ ဒဂုံမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးစံကျော်၊ လှိုင်မြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)၊ ဦးအောင်နိုင်ဦး၊ အလုံမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးဝင်းထွန်းနိုင်(ခ)ရွှေဘော်၊ အင်းစိန်မြို့ နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးကျော်မင်းထက်၊...

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌ မေးမြန်း

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို အစိုးရအနေဖြင့် မည်သို့တားဆီးနှိမ်နင်းဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) တွင် မေးမြန်းခဲ့သည်။ ဦးကျော်မြင့်နိုင်က Facebook၊ YouTube၊ TikTok၊ Telegram နှင့် Viber ကဲ့သို့သော လူမှုကွန်ရက်ပလက်ဖောင်းများတွင် အွန်လိုင်းလောင်းကစားကြော်ငြာများ နေ့စဉ်တွေ့မြင်နေရပြီး ဝင်ရောက်ဆော့ကစားသူများလည်း များပြားလာကြောင်း ထောက်ပြပြောကြားခဲ့သည်။ “ဥပဒေအားနည်းချက်များကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071