Friday, June 19, 2026

သထုံမြို့နယ်၌ မိုးသည်းထန်လေပြင်းတို-က် အမြင့်ပေ (၅၀)...

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ဇွန် ၁၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ရာမှ နေ့လည် ၃ နာရီခွဲခန့်တွင် အမြင့်ပေ(၅၀)ခန့်ရှိ ညောင်ပင်ပြိုလဲကျခဲ့ကြောင်း သိရသည်။ အဆိုပါ...

ပြင်းအား ၃.၄ အဆင့်ငလျင် သြစတြေးလျ...

ဆစ်(ဒ)နီ၊ ဇွန်လ ၁၉ သောကြာနေ့အစောပိုင်းက ပြင်းအား ၃.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် သြစတြေးလျနိုင်ငံ ဆစ်(ဒ)နီမြို့အနောက်ဘက်ရှိ အဓိကရွှေတွင်းတစ်ခုတွင် လုပ်ငန်းများ ခေတ္တရပ်နားထားသည်။ နူးဆော့သ်ဝေးလ်ပြည်နယ် ဆစ်(ဒ)နီမြို့အနောက်ဘက်...

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းသည့် အဆင့်မြင့်ကုန်ကြမ်းနည်းပညာများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်...

တရုတ် EV နည်းပညာဖွံ့ဖြိုးတိုးတက်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ တရုတ်နိုင်ငံ၏...
HomeMoviesနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေ ကြား

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နံနက်ပိုင်းက ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel တွင် တရုတ်နိုင် ငံ Phoenix သတင်းဌာန၏တွေ့ဆုံမေးမြန်းမှုလက်ခံဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတက မြန်မာ-တရုတ် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ စီးပွားရေးနှင့် ကုန်သွယ် ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများကို ပြည့်စုံစွာဖြေကြားခဲ့သည်။

ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများအ ပေါ် မြန်မာနိုင်ငံ၏သဘောထားများအပါအဝင် Phoenix သတင်းဌာနမှသိရှိလိုသည့် အကြောင်းအရာများကိုလည်း ပြည့်စုံစွာဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတသည် ဇွန် ၁၇ ရက်ကလည်း ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၊ ဧည့်ခန်းမဆောင်၌ တ ရုတ်နိုင်ငံ၊ CCTV သတင်းဌာနမှ ထိပ်တန်းသတင်းတင်ဆက်သူ မစ္စကျိုးယွင်၏ တွေ့ဆုံမေးမြန်းမှုများကိုလည်း ပြည့်စုံစွာလက်ခံဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသို့ရောက်ရှိစဉ်အ တွင်း နှစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခမ်းအ နားများတက်ရောက်ခြင်း၊ ဒေသအသီးသီးရှိ ဖွံ့ဖြိုးတိုး တက်မှုအခြေအနေများကို လေ့လာခြင်းတို့ကိုဆောင် ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သထုံမြို့နယ်၌ မိုးသည်းထန်လေပြင်းတို-က် အမြင့်ပေ (၅၀) ခန့်ရှိညောင်ပင်ပြိုလဲ ဓာတ်အားလိုင်းတိုင်(၂၀)၊ ဓာတ်အားလိုင်းကြိုးနှင့် ဆက်စပ်ပစ္စည်းများပျ-က်စီး

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ဇွန် ၁၈ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတို-က်ခတ်မှုဖြစ်ပေါ်ရာမှ နေ့လည် ၃ နာရီခွဲခန့်တွင် အမြင့်ပေ(၅၀)ခန့်ရှိ ညောင်ပင်ပြိုလဲကျခဲ့ကြောင်း သိရသည်။ အဆိုပါ ညောင်ပင်သည် သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၏ မော်လမြိုင်-ရန်ကုန်သွားကားလမ်းမိုင်တိုင်အမှတ် ၈၆/၀ နှင့် ၈၆/၁ ကြားတွင်ရှိကာ လုံးပတ်(၁၀) ပေခန့်၊ အမြင့်ပေ(၅၀)ပေခန့်ရှိသော သက်တမ်းရင့်ညောင်ပင်ကြီးဖြစ်ကာ အမြစ်မှပြိုလဲကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညောင်ပင်ပြိုလဲမှုကြောင့် ၁၁ ကေဗွီ ဇရစ်ချောင်ဖီဒါလိုင်းတွင် လက်ရှိဓာတ်အားဖြန့်ဖြူးထားသော ဓာတ် အားလိုင်းတိုင်(၁၀)တိုင်၊ Tension (၂)တိုင်နှင့် Suspension (၈)တိုင်၊ ဓာတ်အားလိုင်းကြိုးများနှင့် ဆက်စပ်ပစ္စည်းများပျ-က်စီးခဲ့ကြောင်း...

ပြင်းအား ၃.၄ အဆင့်ငလျင် သြစတြေးလျ ရွှေတွင်းကြီးတွင် လှုပ်

ဆစ်(ဒ)နီ၊ ဇွန်လ ၁၉ သောကြာနေ့အစောပိုင်းက ပြင်းအား ၃.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် သြစတြေးလျနိုင်ငံ ဆစ်(ဒ)နီမြို့အနောက်ဘက်ရှိ အဓိကရွှေတွင်းတစ်ခုတွင် လုပ်ငန်းများ ခေတ္တရပ်နားထားသည်။ နူးဆော့သ်ဝေးလ်ပြည်နယ် ဆစ်(ဒ)နီမြို့အနောက်ဘက် ၂၁၀ ကီလိုမီတာအကွာ ကာဒီရာ ရွှေတူးဖော်မှုဇုံ အတွင်းရှိ အနက် ၁ ကီလိုမီတာတွင် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဂျီအိုဆိုင်းယင့်စ် ဩစတြေးလျက ပြောကြားခဲ့ပါသည်။ သတ္တုတွင်း ပိုင်ရှင်နှင့် အော်ပရေတာဖြစ်သော နူးမောင့်တ်ကော်ပိုရေးရှင်းက မြေအောက်ဝန်ထမ်းများအားလုံးကို မြေပြင်ပေါ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန်မှာ မြေအောက်လုပ်ငန်းတွေကို ခေတ္တရပ်ထားပါတယ်” ဟု...

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းသည့် အဆင့်မြင့်ကုန်ကြမ်းနည်းပညာများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ရှိ Zhejiang Qingshi New Material Technology Co., Ltd. သို့ သွားရောက်၍ နည်းပညာမြင့်ကုန်ကြမ်းပစ္စည်းများ သုတေသနပြုထုတ်လုပ်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတအား ကုမ္ပဏီတာဝန်ရှိသူများက နည်းပညာမြင့်ကုန်ကြမ်းပစ္စည်းများ သုတေသနပြုထုတ်လုပ်နေမှု၊ စက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းအသစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချနိုင်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071