မြေငလျင်ပြင်းအား ၈ မဂ္ဂနီကျုအထိ ခံနိုင်ရည်ရှိစေရန် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်မည်
နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နှစ်ထပ် အဆောက်အအုံအသစ် တည်ဆောက်နေကြောင်း သိရသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို သတ်မှတ်ထားသော စံချိန် စံညွှန်းများနှင့်အညီ မြေငလျင်ပြင်းအား ၈ မဂ္ဂနီကျုအထိ ခံနိုင်ရည်ရှိစေရန် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ကပြောသည်။
ယမန်နေ့ က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နှစ်ထပ် အဆောက်အအုံအသစ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
မိုးရာသီမတိုင်မီ အုတ်မြစ်လုပ်ငန်းများကို အချိန်မီပြီးစီးရေး၊ အဆောက်အအုံတစ်ခုလုံးအနေဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် လည်း ဦးအောင်ဇော်သိန်း ကပြောကြားခဲ့သည်။
အဆိုပါ အဆောက်အအုံကို ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေခြင်းလည်း ဖြစ်သည်။
