Thursday, June 18, 2026

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌...

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို...

မြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN Cup...

မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (Myanmar Women Coffee Network - MWCN) က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters...

၂၀၂၇ အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ

၂၀၂၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းများအတွက် လျှောက်လွှာများကို...

Myanmar Women’s League 2026-27...

Myanmar Women's League 2026-27 ပြိုင်ပွဲ၏ Week-1 အဖွင့်ပွဲစဉ်များကို ဇွန် ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ရာ...
HomeCelebrities' Newsနိုင်ငံတော် အစိုးရက ဂီတနဲ့...

နိုင်ငံတော် အစိုးရက ဂီတနဲ့ ပတ်သတ်ပြီးတော့လည်း ဆုတွေ ချီးမြှင့်စေချင်တယ် ကော်နီ

အရင်တုန်းက ကိုကိုချစ်သီချင်းလို့ပြောလိုက်တာနဲ့ ပရိသတ်တွေ ပြေးမြင်မိကြတဲ့ အနုပညာရှင်ကတော့ ကော်နီပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ဆေးသီချင်လို့ပြောရင် ပိုသိကြမယ် ထင်ပါတယ်။ အနုပညာကို ချစ်တဲ့စိတ်နဲ့ဂီတရေစီးကြောင်းမှာ လှုပ်ရှားလာတာနှစ်ပေါင်း ၂၀ ကျော်ရှိလာပြီလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက ချီးမြှင့်မယ့် Star Awards မှာ ရှပ်ရှင်ဇာတ်ဝင်တေးဆုပါ ပါဝင်လာတဲ့ အတွက် ၀မ်းသာမိတယ်ဆိုတာကို ကော်နီက…

“ရုပ်ရှင်ဇာတ်ဝင်တေးဆိုတာ ရုပ်ရှင်ဇာတ်ကားတစ်ကားနဲ့လိုက်ပြီးတော့ရေးရတဲ့သီချင်းမျိုးဖြစ်တယ်။ သီချင်းကြောင့်ဇာတ်ကားရဲ့ Tempo ကိုလည်း ပိုပြီးတော့ တတ်စေတယ်။ ဒီအတိုင်းဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို သုံးတာထက် ဇာတ်လမ်းနဲ့ လိုက်ဖက်မယ့် သီချင်းကိုရေးပြီးသုံးတာက ပိုကောင်းတယ်။ အခုလိုမျိုး Star Awards က ဇာတ်ဝင်တေးသီချင်းဆုပေးတဲ့ အတွက် ၀မ်းသာပါတယ်။ ဘယ်လိုနေရာကနေပဲဖြစ်ဖြစ်ဂီတနဲ့ပတ်သတ်တဲ့ဆုတွေပေးတဲ့အတွက်ပျော်လည်းပျော်တယ်ကျေးဇူးလည်းတင်ပါတယ်”လို့ပြောပြပါတယ်။

နိုင်ငံတော်အစိုးရက ရုပ်ရှင်ဘက်မှာ ဆုတွေ ချီးမြှင့်သလို ဂီတနဲ့ပတ်သတ်ပြီးတော့လည်း ဆုတွေချီးမြှင့်စေချင်တယ်ဆိုတာကိုလည်း…

“မကော်တို့ဂီတကို အခုနောက်ပိုင်း ဆုပေးတာတွေနည်းလာတယ်။ ရုပ်ရှင်ဘက်မှာလည်း အနုပညာသမားတွေက ကြိုးစားရသလို ဂီတဘက်မှာလည်း ဂီတပညာရှင်တွေက ကြိုးစားရတာပဲဂီတနဲ့ပတ်သတ်ပြီးဆုပေးတာဆိုလို့FM တွေက ပေးတဲ့ ဆုတွေဘဲရှိတယ်။ ဂီတမှာလည်း တကယ်တော်တဲ့ပညာရှင်တွေရှိတယ်။ နိုင်ငံတော်အစိုးရက ရုပ်ရှင်ဘက်မှာလည်း ဆုတွေပေးသလို ဂီတနဲ့ပတ်သတ်ပြီး အသိမှတ်ပြုပြီးဆုတွေလည်း ပေးစေချင်တယ်” လို့ ကော်နီက ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါ၀င်း၊
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ပျံ့နှံ့နေမှုကို မည်သို့နှိမ်နင်းမည်နည်းဟု လွှတ်တော်၌ မေးမြန်း

အွန်လိုင်းလောင်းကစား App ၁၀၂ ခုနှင့် လူမှုကွန်ရက်အကောင့် ၁,၃၇၆ ခု ပိတ်သိမ်းထားဟု ဒု-ဝန်ကြီးဖြေကြား မြန်မာနိုင်ငံအနှံ့ တရားမဝင် အွန်လိုင်းစလော့ဂိမ်းလောင်းကစားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေမှုကို အစိုးရအနေဖြင့် မည်သို့တားဆီးနှိမ်နင်းဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒသမနေ့) တွင် မေးမြန်းခဲ့သည်။ ဦးကျော်မြင့်နိုင်က Facebook၊ YouTube၊ TikTok၊ Telegram နှင့် Viber ကဲ့သို့သော လူမှုကွန်ရက်ပလက်ဖောင်းများတွင် အွန်လိုင်းလောင်းကစားကြော်ငြာများ နေ့စဉ်တွေ့မြင်နေရပြီး ဝင်ရောက်ဆော့ကစားသူများလည်း များပြားလာကြောင်း ထောက်ပြပြောကြားခဲ့သည်။ “ဥပဒေအားနည်းချက်များကြောင့်...

မြန်မာ့ကော်ဖီအရသာခွဲခြားနိုင်စွမ်း ယှဉ်ပြိုင်မည့် MWCN Cup Tasters Championship 2026 ပထမဆုံးအကြိမ် ကျင်းပမည်

မြန်မာအမျိုးသမီးကော်ဖီကွန်ရက် (Myanmar Women Coffee Network - MWCN) က ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမည့် MWCN Cup Tasters Championship 2026 ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်မြို့ရှိ Yangon Specialty Coffee Hub၊ The Secretariat Yangon ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ဖီဝါသနာရှင်များ၊ ကော်ဖီကျွမ်းကျင်သူများ၏ အရသာခံနိုင်စွမ်း...

၂၀၂၇ အတွက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းများ စတင်လျှောက်ထားနိုင်ပြီ

၂၀၂၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းများအတွက် လျှောက်လွှာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းများသို့ မြန်မာနိုင်ငံသားဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားသူများ လျှောက်ထားနိုင်ကာ ၂၀၂၆ ခုနှစ်မတိုင်မီ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများသာ လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် လျှောက်ထားသူသည် လျှောက်လွှာပိတ်ရက်ဖြစ်သည့် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် အသက် (၂၅) နှစ်ထက် မကျော်လွန်သူ၊ ပြစ်မှုကင်းရှင်းသူ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071