Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesနားမလည်ခြင်းမှတ်စု

နားမလည်ခြင်းမှတ်စု

မျက်စိရှေ့မှာတင် လောကကြီးဟာ ကျယ်ကျယ်လိုက်လာပြီး နောက်ဆုံး ‘လောကအကျယ် ကြီး’ ထဲ ရောက်လာတဲ့အခါ ကိုယ် နားမလည်တာတွေလည်း အများကြီး အများကြီး ဖြစ်လာပါတော့တယ်။

ကျွန်တော်က ‘နားမလည်ခြင်း’ ဝါသနာပါတယ်။ ချစ်တယ်။ သိအောင် ကြိုးစားရမှာလည်း ပျင်းတယ်။ ကျွန်တော်စာတွေ အများကြီးဖတ်ခဲ့ တယ်။ စာပေါင်းစုံ။ ဒီတော့ နား မလည်တာတွေလည်း ပေါင်းစုံ။ နား မလည်ခြင်းမှတ်စု စာအုပ်လည်း တစ်နေ့တခြား ‘ထူ’ လာတယ်။ နောက်ဆုံး မှတ်စုအထူကြီး ကုန်တာ တောင် နားမလည်ခြင်းက မကုန်နိုင် ဘူးဖြစ်လာတယ်။ ဒီတော့ စာအုပ် တွေထဲကရတဲ့ နားမလည်ခြင်းနည်း ကို ခင်ဗျားတို့ကို ကျွန်တော်ပေးပါ မယ်။
နားမလည်ခြင်းလေးတွေ . . .

(၁) လောင်းကစားမြို့တော် လပ်စ် ဗေးဂတ်မြို့အကြောင်း ရေးမယ်ဆို ရင် လောင်းကစားဝိုင်းတွေ၊ ဒိုင်တွေ၊ ဒလန်တွေ၊ မိန်းမချောလေးတွေ အများကြီးမွေးပြီး လာသမျှပိုက်ဆံ ဝါလား၊ ယောက်ျားပရိသတ်ကို အိတ် သွန်ဖာမှောက် လောင်းကစားချင် အောင် မြှူဆွယ်တာကအစ အကုန် ရေးမှ ကောင်းမယ်။ စာအုပ် မျက်နှာ ဖုံးကိုလည်း အလွန်ကျော့ရှင်းလှပြီး ကိုယ်လုံးကိုယ်ဟန် အချိုးကျပြေပြစ် တဲ့မိန်းမချောလေး တစ်ယောက်၊ မလုံ့တလုံ ဝတ်စားထားစေပြီး သူမရဲ့ ဝမ်းဗိုက်အလယ် ‘ချက်’ နေရာမှာ လောင်းကစားဝိုင်းတွေမှာ သုံးတဲ့ အန်စာတုံးကလေးတွေ၊ ထွက်နေတဲ့ပုံ ရေးရမယ်။ အန်စာတုံးကလည်း ကစားရင် အနိုင်ရတဲ့ ၁၁ ဂဏန်းတွေ ဖြစ်ဖို့လိုတယ်။

(၂) တူကြီး။ ”ဒီကောင်သာ အခုထက် အရေးပါလာရင်တော့ မင်းကသူ့ရဲ့ ညစာအတွက် ‘ကြော်ပြီးသားကြက် ကလေး’ ဖြစ်သွားမှာပဲ”
လူငယ်။ ”ကောင်းပြီလေ။ ခင်ဗျား ပြောသလို ကျုပ်လုပ်မယ်။ လူလည် လုပ်ရင်တော့ ခင်ဗျားသာ ကျုပ်ညစာ အတွက် ကြော်ပြီးသား ကြက်ကလေး ဖြစ်သွားမှာပဲ”

(၃) ”ဒီကောင် လောင်းကစားနည်း မျိုးစုံ ကျွမ်းကျင်ပုံကလည်း ပီတာအာ ရေးရှိုးရေးတဲ့ ‘လောင်းကစားစွယ်စုံ ကျမ်း’ကို သူကပဲ ရှဲဒိုးရေးပေးခဲ့တာ လိုလို”

(၄) ကျွန်တော်သည် လက်ထဲက စီးကရက်တိုကို ပြတင်းပေါက်သံ တိုင်မှန်အောင် သေသေချာချာချိန် တောက်လိုက်ပြီး

(ဒါမှပဲ အပြင်ဘက်ကို ရှော ရှောရှူရှူ ထွက်လေ့ရှိသည်။)

(၅) သူသည် သံလိုက်အဆွဲခံလိုက် ရသော ‘ပင်အပ်’လို တံခါးနောက် ကွယ်မှ ကျည်ဆန်တစ်တောင့်လို ခုန် ထွက်လာသည်။

(၆) ဘုရင့်ပန်းခြံတစ်ခုထဲတွင် မုတ် ဆိတ်မွှေး ပါးမြိုင်းမွှေးတွေရှိသော ရှေးခေတ်ပဒေသရာဇ် မင်းသားတစ် ပါး၏ ဦးခေါင်းပုံရုပ်တုကို တွေ့ရပါ သည်။

(ရုပ်တုအောက်တွင် ‘ကားလ် မတ်’ဟု ရေးထားပါသည်။)

(၇) ဒီအကောင်ပေါ့။ သူ့ကိုယ်သူ ပို့စ်မော်ဒန်ရဲ့ ပုပ်ရဟန်းမင်းကြီး ထင်နေတာ”

(၈) ”ကောင်းပြီ၊ ဒါဖြင့်ရင် ဝေလငါး ရဲ့ အာခေါင်ထဲကို မှိန်းနဲ့ပစ်ထိုးထည့် ပြီး မင်းရဲ့မှိန်းနဲ့အတူ ဝေလငါးရဲ့ ပါးစပ်ထဲ ဒိုင်ဗင်ထိုးပြီး လိုက်သွားဝံ့ သလား”

(ဝေလငါးဖမ်းသင်္ဘောတွင် အလုပ်လုပ်လိုသူအား သင်္ဘော မာလိန်မှူး မေးသောစကား)

(၉) ”ငါ ခြေနင်းစီးတိုင်း ‘ခြေနင်း ကြိုးချည်ပေးမယ့်သူငှားမယ်” လို့ စဉ်းစားမိတိုင်း မင်းနာမည်အမြဲပါ တယ်ကွ”

(၁ဝ) အချစ်စကားဝှက်

မေး။ မိကျောင်းတွေ လွမ်းတတ်သ လား။

ဖြေ။ ”ခင်မောင်ရင်ထက်တောင် လွမ်းတတ်တယ်”

ဟုတ်။ ဒါနားမလည်ခြင်း မှတ် စုထဲက နားမလည်ခြင်းလေးတွေ အချို့ပါ။ ဒီစာပိုဒ်တွေကို မင်းနား လည်ခံစားတတ်မည်ဆိုလျှင် ကျွန်တော့်ကို ကျေးဇူးပြုပြီး လာရှင်း မပြကြပါနဲ့။
ကျွန်တော်နားမလည်ရတာ မဝ သေးလို့။

စောဘရန်ငြိမ်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071