လွန်ခဲ့သော ၁၈ နှစ် (၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်) ညက မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် “နာဂစ်” (Nargis) ဆိုင်ကလုန်းမုန်တိုင်းကြီးသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို တစ်ညလုံး ပြင်းထန်စွာ တို-က်ခတ်ဖျ-က်ဆီးခဲ့သည်။
ဆုံးရှုံးမှုအတိုင်းအတာ
လူပေါင်း တစ်သိန်းကျော် ေ-သဆုံး နှင့်ပျေ-ာက်ဆုံးခဲ့ရပြီး၊ လူဦးရေ သိန်းနှင့်ချီကာ အိုးအိမ်မဲ့ ဘဝပျ-က်ခဲ့ကြရသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ကျေးရွာပေါင်းများစွာမှာ မြေပုံပေါ်မှ ပျောက်ကွယ်သွားသည်အထိ ပျက်စီးဆုံးရှုံးခဲ့ရသည်။
မုန်တိုင်း၏ ပြင်းအား
နာဂစ်မုန်တိုင်းသည် Category 4 အဆင့်ရှိ အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်သည်။
သံဝေဂ နှင့် ကုသိုလ်မျှဝေမှု
ဤကဲ့သို့သော နေ့မျိုးတွင် အစုလိုက်အပြုံလိုက် ဘဝတပါး ပြောင်းသွားကြခဲ့ရသူများအတွက် ရည်စူး၍ ကုသိုလ်မျှဝေခြင်းများ ပြုလုပ်ကြသလို၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် ပညာပေးလုပ်ငန်းများ၏ အရေးပါမှုကိုလည်း ပြန်လည်သတိပြုမိစေသည်။
နာဂစ်သည် အောက်မြန်မာပြည်သူများခံစားခဲ့ရသည့် သဘာဝေဘေးကြီးတခုဖြစ်သလို ၁ရ နှစ်အကြာတွင် အထက်မြန်မာပြည်ကလည်း မန္တလေးငလျင်ကြီးဘေးခံစားခဲ့ရသည်။ မတည်မြဲခြင်းသဘောကို သံဝေဂဖြစ်စေသည့် သဘာဝကပ်ဘေးကြီးများပင်ဖြစ်သည်။
နာဂစ်မုန်တိုင်းအလွန် ကယ်ဆယ်ရေးနှင့် အရေးပေါ်ထောက်ပံ့မှု စီမံခန့်ခွဲမှုများ
နာဂစ်မုန်တိုင်း ကျရောက်ပြီးနောက် မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အောက်ပါ စီမံခန့်ခွဲမှုနည်းလမ်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည် ။
၁။ အရေးပေါ် အစားအစာနှင့် ရေဖြန့်ဖြူးမှု
ဘေးသင့်ဒေသများသို့ ရဟတ်ယာဉ်များအသုံးပြု၍ အစားအစာနှင့် ရေသန့်များကို လေကြောင်းမှတစ်ဆင့် လိုက်လံချပေးခဲ့သည်။
၂။ ကယ်ဆယ်ရေးစခန်းများ စုစည်းခြင်း
မုန်တိုင်းသင့်ပြည်သူများအား တည်နေရာများ စနစ်တကျ မှတ်သားပြီး ဘေးကင်းရာ ကယ်ဆယ်ရေးစခန်းများသို့ တတ်နိုင်သမျှစုစည်းပို့ဆောင်ပေးခဲ့သည်။
၃။ ကုန်း၊ ရေ၊ လေ အဆက်မပြတ် ထောက်ပံ့မှု
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မော်တော်ယာဉ်တန်းများဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို စုဆောင်းခဲ့သည်။
ဘေးသင့်မိသားစုများအတွက် လိုအပ်သော အခြေခံပစ္စည်းများကို အိမ်ထောင်စုအလိုက် အထုပ်များပြုလုပ်၍ အမြန်ဆုံး ရောက်ရှိနိုင်ရန် စီမံခဲ့ကြသည်။
၄။ နိုင်ငံတဝှမ်းမှ ပြည်သူများကလည်း နိုးဆာ် ပူးပေါင်း ကူညီမှု
ပြည်သူလုထုကလည်း စိတ်ရောကိုယ်ပါဝိုင်းဝန်းကူညီ ထောက်ပံ့ခဲ့ကြသည်။
ရန်ကုန်မြို့တွင်း ရှင်းလင်းရေးများကိုလည်း အဖွဲ့စည်းပေါင်းစုံနှင်လူထုတို့က အားထည့် လုပ်ဆောင်ကြသည်။
နာဂစ်အလွန် ဧရာဝတီတိုင်းတွင် မုန်တိုင်းဒ-ဏ်ခံ အဆောက်အဦများကို ပြည်သူများက လှူဒါန်းဆောက်လုပ်ခဲ့ကြသည်။ ဧရာဝတီတိုင်းသို့ တနိုင်ငံလုံးက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းလွန်းသဖြင့် ရုံးပိတ်ရက်များတွင် ဧရာဝတီတိုင်းသွားကားတန်းများမှာ တန်းစီစောင့်ဆိုင်းရသည့်အထိ မြန်မာလူထု၏ကူညီလိုသည့် အထုံကိုမြင်ရသည်။ နောက်ပိုင်း လမ်းတွေပါပျ-က်လာသဖြင့် အလှုများကို ထိရောက်မည့်နည်းဖြင့် စီမံခန့်ခွဲခဲ့ကြသည်။
