Friday, September 18, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeNewsLocal Newsနယ်စပ်လမ်းကြောင်းများမှတဆင့်တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား...

နယ်စပ်လမ်းကြောင်းများမှတဆင့်တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၂၆) ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကိုဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၂၆) ဦး ကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိ-မ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို အစိုးရအနေဖြင့် စစ်ဆေးဖော်ထုတ်လျက်ရှိသည်။

ထိုကဲ့သို့ စစ်ဆေးဖော်ထုတ်ရာ ပြည်ပနိုင်ငံသား (၁၂၆) ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ (၃၀) ရက်မှ ဖေဖော်ဝါရီ (၂၂) ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ (၂၁၁၁) ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ (၆၇၃) ဦးကို ထိုင်းနိုင်ငံမှ တဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁၄၃၈) ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား (၂၁၁၁) ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီယားနှင့် တရုတ်(တိုင်ပေ) တို့မှ နိုင်ငံသားများ ဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးအတွက် ဒုတိယနေ့အဖြစ်တွေ့ဆုံစဥ် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NSPNC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးမည့်အခြေအနေများ၊ ဆွေးနွေးညှိနှိုင်းမည့် အကြောင်းအရာများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ ရွေးချယ်ရေးသဘာပတိအဖွဲ့ဖွဲ့စည်းပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆)ဦးအတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်များက မဲပေးရွေးချယ်ကြကာ အမြဲတမ်းအလုပ်အဖွဲ့ကိုယ်စားလှယ်(၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုအတည်ပြုခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် အရည်အသွေးကောင်း ဝါမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချဆွေးနွေး​ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝါသီးနှံမျိုးသန့်စံပြစိုက်အကျိုးဆောင်တောင်သူများအား ကွန်ပေါင်းမြေဩဇာ GBS 15:15:15+TE (၁၁၇)အိတ်ကိုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မှာကြားခဲ့ကြောင်း သိရသည်။ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြုသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဝန်ကြီး ဦးဇေယျာဦးက စက်တင်ဘာ ၁၇ ရက်တွင် ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ၏ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ရထားလမ်းကူးများ၌ မောင်းတံဂိတ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071